[Zawgyi]

၂၀၂၀ မွာထုတ္မယ့္ iPhone ေတြနဲ႔ပတ္သက္ၿပီး ထြက္ေပၚေနတဲ့ ေကာလာဟလေတြထဲမွာ ဒီတစ္ခုကေတာ့ အေတာ္ေလး စိတ္ဝင္စားစရာေကာင္းတယ္လို႔ ဆိုရမွာပါ။ LG ဟာ ဒီႏွစ္ထဲမွာ Flexible OLED panel ေတြကို အလုံးအရင္းလိုက္ ထုတ္လုပ္ေနတယ္လို႔ ဆိုပါတယ္။ ဒါကို Apple ကလည္း ဝယ္ယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သတင္းထြက္လာတာပါ။

LG က Flexible OLED panel ေတြ အလုံးအရင္းလိုက္ထုတ္တာကို Apple က ဝယ္ယူဖို႔စိတ္ဝင္စားေနတယ္ဆိုတဲ့ေနာက္ေတာ့ ၂၀၂၀ မွာထုတ္မယ့္ iPhone ေတြမွာသုံးဖို႔ ျဖစ္ႏိုင္တယ္ဆိုတဲ့ ေကာက္ခ်က္ခ်မႈေတြ တြဲဖက္ၿပီးထြက္ေပၚလာတာ မဆန္းဘူးလို႔ ဆိုရမွာပါ။ LG ကလည္း iPhone အတြက္ မ်က္ႏွာျပင္ေတြကို ေထာက္ပံ့ခဲ့ဖူးတာ ႏွစ္အေတာ္ၾကာပါၿပီ။ ဒါေပမယ့္ အဓိကအားျဖင့္ေတာ့ မဟုတ္ခဲ့ပါဘူး။

Apple က iPhone မ်က္ႏွာျပင္ေတြအတြက္ Samsung နဲ႔ လက္တြဲလုပ္ေနတယ္ဆိုေပမယ့္ အခုေတာ့ တစ္ႏိုင္ငံတည္းသား ကုမၸဏီနဲ႔ ယွဥ္ၿပိဳင္ရေတာ့မွာပါ။ Apple သာ LG နဲ႔ အေရာင္းအဝယ္ကိစၥ သေဘာတူညီမႈရသြားမယ္ဆိုရင္ေတာ့ Samsung တစ္ခုတည္းကိုပဲ မွီခိုအားထားေနရတာကိုလည္း ေလွ်ာ့ခ်သြားႏိုင္မွာ ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ Samsung က ေဈးကြက္ကို စိုးမိုးထားတယ္ဆိုေပမယ့္ LG ရဲ႕ Flexible OLED panel ေတြက အလွည့္အေျပာင္းတစ္ခုကို ျဖစ္ေပၚေစႏိုင္မယ့္ အေနအထားကို ေရာက္ရွိေနတဲ့သေဘာပါ။ LG အေနနဲ႔ ဒီႏွစ္ရဲ႕ တတိယသုံးလပတ္မွာပဲ စတင္ထုတ္လုပ္မယ္လို႔လည္း သတင္းထြက္ထားပါေသးတယ္။ ဒီသတင္းအတိုင္းသာ မွန္ခဲ့မယ္ဆိုရင္ေတာ့ ၂၀၂၀ iPhone ေတြအတြက္ အခ်ိန္မီတယ္လို႔ ဆိုရမွာျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

၂၀၂၀ iPhone တွေမှာ LG ရဲ့ Flexible OLED တွေသုံးလာမယ်လို့ သတင်းထွက်ပေါ်

၂၀၂၀ မှာထုတ်မယ့် iPhone တွေနဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ကောလာဟလတွေထဲမှာ ဒီတစ်ခုကတော့ အတော်လေး စိတ်ဝင်စားစရာကောင်းတယ်လို့ ဆိုရမှာပါ။ LG ဟာ ဒီနှစ်ထဲမှာ Flexible OLED panel တွေကို အလုံးအရင်းလိုက် ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။ ဒါကို Apple ကလည်း ဝယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာတာပါ။

LG က Flexible OLED panel တွေ အလုံးအရင်းလိုက်ထုတ်တာကို Apple က ဝယ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုတဲ့နောက်တော့ ၂၀၂၀ မှာထုတ်မယ့် iPhone တွေမှာသုံးဖို့ ဖြစ်နိုင်တယ်ဆိုတဲ့ ကောက်ချက်ချမှုတွေ တွဲဖက်ပြီးထွက်ပေါ်လာတာ မဆန်းဘူးလို့ ဆိုရမှာပါ။ LG ကလည်း iPhone အတွက် မျက်နှာပြင်တွေကို ထောက်ပံ့ခဲ့ဖူးတာ နှစ်အတော်ကြာပါပြီ။ ဒါပေမယ့် အဓိကအားဖြင့်တော့ မဟုတ်ခဲ့ပါဘူး။

Apple က iPhone မျက်နှာပြင်တွေအတွက် Samsung နဲ့ လက်တွဲလုပ်နေတယ်ဆိုပေမယ့် အခုတော့ တစ်နိုင်ငံတည်းသား ကုမ္ပဏီနဲ့ ယှဉ်ပြိုင်ရတော့မှာပါ။ Apple သာ LG နဲ့ အရောင်းအဝယ်ကိစ္စ သဘောတူညီမှုရသွားမယ်ဆိုရင်တော့ Samsung တစ်ခုတည်းကိုပဲ မှီခိုအားထားနေရတာကိုလည်း လျှော့ချသွားနိုင်မှာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ Samsung က ဈေးကွက်ကို စိုးမိုးထားတယ်ဆိုပေမယ့် LG ရဲ့ Flexible OLED panel တွေက အလှည့်အပြောင်းတစ်ခုကို ဖြစ်ပေါ်စေနိုင်မယ့် အနေအထားကို ရောက်ရှိနေတဲ့သဘောပါ။ LG အနေနဲ့ ဒီနှစ်ရဲ့ တတိယသုံးလပတ်မှာပဲ စတင်ထုတ်လုပ်မယ်လို့လည်း သတင်းထွက်ထားပါသေးတယ်။ ဒီသတင်းအတိုင်းသာ မှန်ခဲ့မယ်ဆိုရင်တော့ ၂၀၂၀ iPhone တွေအတွက် အချိန်မီတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

Ref: GSM Arena