[Unicode]

2020 iPhone တွေရဲ့ နည်းပညာတွေဟာ အရင်နှစ်ထုတ် iPhone တွေထက် အများကြီး ပိုလန်းလာမယ်လို့ ထင်ပါတယ်။ အခုထွက်လာတဲ့ သတင်းအရ ကင်မရာ အပိုင်းမှာ အရမ်းကို တိုးတက်ပြောင်းလဲလာမှာ ဖြစ်ပါတယ်။ iPhone အသစ်တွေမှာ သမားရိုးကျ Optics Stabilization အစား Sensor-shift Image Stabilization ကို အသုံးပြုမယ်လို့ ဈေးကွက် လေ့လာဆန်းစစ်သူတွေက ပြောပါတယ်။

iPhone အပါအဝင် စမတ်ဖုန်းတွေမှာ များသောအားဖြင့် Optical Image Stabilization နည်းပညာကို အသုံးပြုကြပါတယ်။ နောက်ထုတ်မယ့် ဖုန်းတွေမှာတော့ Optics အစား တုန်ခါတာတွေကို တိုက်ဖျက်ပေးဖို့ Sensor ကိုယ်တိုင် ရွေ့လျားတဲ့ Sensor-shift Image Stabilization တွေ ပါလာမယ်လို့ ထင်ရပါတယ်။

Apple က ဒီနည်းပညာကို အသုံးပြုရတဲ့ အကြောင်းအရင်းက ကင်မရာ စွမ်းရည်နဲ့ ဓါတ်ပုံ အရည်အသွေးကို ပိုကောင်းချင်လို့လား၊ ဖုန်းမှာ နေရာလွတ်တွေ လိုချင်လို့လား၊ ဒါမှမဟုတ် အနောက်ကင်မရာတွေ ငေါထွက်နေတာကို လျှော့ချချင်လို့လား ဆိုတာ သေသေချာချာ မသိရသေးပါဘူး။ ကုန်ကျစားရိတ်နဲ့ ပတ်သက်လို့ ဒီနည်းပညာကို ပြောင်းလဲသုံးတာလည်း ဖြစ်နိုင်ပါတယ်။

လက်ရှိမှာ Sensor-shift Image Stabilization နည်းပညာနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် နည်းနည်းလေးပဲ ရပါသေးတယ်။ ဒီနည်းပညာက ဘာတွေ စွမ်းသလဲဆိုတာ ရင်ခုန်စွာ စောင့်စားလိုက်ကြရအောင်။

Ref : gsmarena

[Zawgyi]

2020 iPhone ေတြမွာ Sensor-shift Image Stabilization ကို သံုးႏိုင္

2020 iPhone ေတြရဲ႕ နည္းပညာေတြဟာ အရင္ႏွစ္ထုတ္ iPhone ေတြထက္ အမ်ားႀကီး ပိုလန္းလာမယ္လို႔ ထင္ပါတယ္။ အခုထြက္လာတဲ့ သတင္းအရ ကင္မရာ အပိုင္းမွာ အရမ္းကို တိုးတက္ေျပာင္းလဲလာမွာ ျဖစ္ပါတယ္။ iPhone အသစ္ေတြမွာ သမားရိုးက် Optics Stabilization အစား Sensor-shift Image Stabilization ကို အသံုးျပဳမယ္လို႔ ေစ်းကြက္ ေလ့လာဆန္းစစ္သူေတြက ေျပာပါတယ္။

iPhone အပါအ၀င္ စမတ္ဖုန္းေတြမွာ မ်ားေသာအားျဖင့္ Optical Image Stabilization နည္းပညာကို အသံုးျပဳၾကပါတယ္။ ေနာက္ထုတ္မယ့္ ဖုန္းေတြမွာေတာ့ Optics အစား တုန္ခါတာေတြကို တိုက္ဖ်က္ေပးဖို႔ Sensor ကိုယ္တိုင္ ေရြ႕လ်ားတဲ့ Sensor-shift Image Stabilization ေတြ ပါလာမယ္လို႔ ထင္ရပါတယ္။

Apple က ဒီနည္းပညာကို အသံုးျပဳရတဲ့ အေၾကာင္းအရင္းက ကင္မရာ စြမ္းရည္နဲ႔ ဓါတ္ပံု အရည္အေသြးကို ပိုေကာင္းခ်င္လို႔လား၊ ဖုန္းမွာ ေနရာလြတ္ေတြ လိုခ်င္လို႔လား၊ ဒါမွမဟုတ္ အေနာက္ကင္မရာေတြ ေငါထြက္ေနတာကို ေလွ်ာ့ခ်ခ်င္လို႔လား ဆိုတာ ေသေသခ်ာခ်ာ မသိရေသးပါဘူး။ ကုန္က်စားရိတ္နဲ႔ ပတ္သက္လို႔ ဒီနည္းပညာကို ေျပာင္းလဲသံုးတာလည္း ျဖစ္ႏုိင္ပါတယ္။

လက္ရွိမွာ Sensor-shift Image Stabilization နည္းပညာနဲ႔ ပတ္သက္ၿပီး သတင္းအခ်က္အလက္ နည္းနည္းေလးပဲ ရပါေသးတယ္။ ဒီနည္းပညာက ဘာေတြ စြမ္းသလဲဆိုတာ ရင္ခုန္စြာ ေစာင့္စားလိုက္ၾကရေအာင္။

Ref : gsmarena