[Zawgyi]

၂၀၁၉ iPhone အခ်ိဳ႕မွာေတာ့ ေက်ာဘက္ကင္မရာသုံးလုံး တပ္ဆင္ေပးမွာျဖစ္တဲ့အတြက္ iPhone ေတြရဲ႕ ကင္မရာပိုင္းဆိုင္ရာ အလွည့္အေျပာင္းလို႔ ေျပာႏိုင္ပါတယ္။ ၿပိဳင္ဘက္ကုမၸဏီအေတာ္မ်ားမ်ားက ေက်ာဘက္ကင္မရာအလုံးေရေတြကို အၿပိဳင္အဆိုင္ တိုးျမႇင့္ေနခ်ိန္မွာ အေမရိကန္နည္းပညာကုမၸဏီႀကီးကလည္း တျဖည္းျဖည္းနဲ႔ လိုက္ပါေျပာင္းလဲလာတယ္လို႔ ဆိုရမွာပါ။

၂၀၁၉ iPhone ေတြမွာ ကင္မရာအလုံးေရ တိုးလာတယ္ဆိုေပမယ့္ 3D ToF sensor ေတာ့ ပါဝင္ျခင္း မရွိေသးပါဘူး။ Apple ဟာ ဒီဆင္ဆာေတြအတြက္ အဓိကအစိတ္အပိုင္းေတြထုတ္လုပ္တဲ့ ကုမၸဏီနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တယ္လို႔ သတင္းထြက္လာတဲ့အတြက္ ဒီအေျပာင္းအလဲကေတာ့ လာမယ့္ႏွစ္ ၂၀၂၀ ျပည့္မွာထုတ္မယ့္ iPhone ေတြမွာ ေတြ႕လာရမယ္လို႔ ယူဆရပါတယ္။

အတြင္းသတင္းေတြအရဆိုရင္ေတာ့ 3D ToF sensor ဟာ ေက်ာဘက္မွာပဲ တပ္ဆင္မွာျဖစ္ပါတယ္။ iPhone 12 ေမာ္ဒယ္ေတြရဲ႕ AR ပိုင္းဆိုင္ရာကို ပိုၿပီးတိုးျမႇင့္ေစမွာျဖစ္တယ္လို႔လည္း ဆိုပါတယ္။ iOS 12 ရဲ႕ ARKit 2 နဲ႔လည္း ဆက္လက္ၿပီး အလုပ္လုပ္မွာျဖစ္သလို iOS 13 ကေတာ့ ARKit 3 ကို သယ္ေဆာင္လာတာ ျဖစ္ပါတယ္။ ဒါဟာ ကင္မရာ App ထဲက Bokeh နဲ႔ Lighting effects ေတြလို Depth-based effects ေတြကိုပိုၿပီးတိုးတက္ေကာင္းမြန္ေစမွာ ျဖစ္ပါတယ္။

ဒီဆင္ဆာဟာ အကြာအေဝးတိုင္းတာမႈအျဖစ္ (၁၅ေပ) 4.5m အထိ တိုင္းတာႏိုင္မယ္လို႔ ဆိုပါတယ္။ ဒီအကြာအေဝးဟာ လက္ရွိ Android ဖုန္းဆင္ဆာေတြတိုင္းတာႏိုင္တာထက္ ပိုၿပီးေဝးကြာရွည္လ်ားတဲ့ အတိုင္းအတာျဖစ္ပါတယ္။ Apple ဟာ ToF ဆင္ဆာေတြကိုအသုံးျပဳၿပီး အလင္းထပ္ျဖည့္မႈကို ပံ့ပိုးေပးတဲ့ Vertical-cavity surface-emitting laser ကို အေသးစိတ္ရွာေဖြေပးတာလို႔ ဆိုရမွာျဖစ္ပါတယ္။

လက္ရွိ iPhone ေတြက 3D sensor ဟာ TrueDepth စနစ္ပဲ ျဖစ္ပါတယ္။ ဒါဟာ (ToF) Time of flight ကို အေျခခံရမယ့္အစား အလင္းဖြဲစည္းတည္ေဆာက္ပုံေပၚမွာ အေျခခံထားတာ ျဖစ္ပါတယ္။ Time of flight ေမာ္ဂ်ဴးကေတာ့ ပိုႀကီးက်ယ္တဲ့ တိက်မွန္ကန္မႈနဲ႔ ပိုေဝးကြာတဲ့ အတိုင္းအတာကို ေပးအပ္တဲ့အျပင္ အလင္းေရာင္ကိုလည္း ပိုၿပီးေကာင္းေကာင္းမြန္မြန္ လက္ခံသုံးစြဲႏိုင္ပါတယ္။

Ref: GSM Arena

[Unicode]

Apple ရဲ့ ၂၀၂၀ iPhone တွေမှာ 3D ToF ဆင်ဆာတွေ ပါဝင်လာဖွယ်ရှိ

၂၀၁၉ iPhone အချို့မှာတော့ ကျောဘက်ကင်မရာသုံးလုံး တပ်ဆင်ပေးမှာဖြစ်တဲ့အတွက် iPhone တွေရဲ့ ကင်မရာပိုင်းဆိုင်ရာ အလှည့်အပြောင်းလို့ ပြောနိုင်ပါတယ်။ ပြိုင်ဘက်ကုမ္ပဏီအတော်များများက ကျောဘက်ကင်မရာအလုံးရေတွေကို အပြိုင်အဆိုင် တိုးမြှင့်နေချိန်မှာ အမေရိကန်နည်းပညာကုမ္ပဏီကြီးကလည်း တဖြည်းဖြည်းနဲ့ လိုက်ပါပြောင်းလဲလာတယ်လို့ ဆိုရမှာပါ။

၂၀၁၉ iPhone တွေမှာ ကင်မရာအလုံးရေ တိုးလာတယ်ဆိုပေမယ့် 3D ToF sensor တော့ ပါဝင်ခြင်း မရှိသေးပါဘူး။ Apple ဟာ ဒီဆင်ဆာတွေအတွက် အဓိကအစိတ်အပိုင်းတွေထုတ်လုပ်တဲ့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သတင်းထွက်လာတဲ့အတွက် ဒီအပြောင်းအလဲကတော့ လာမယ့်နှစ် ၂၀၂၀ ပြည့်မှာထုတ်မယ့် iPhone တွေမှာ တွေ့လာရမယ်လို့ ယူဆရပါတယ်။

အတွင်းသတင်းတွေအရဆိုရင်တော့ 3D ToF sensor ဟာ ကျောဘက်မှာပဲ တပ်ဆင်မှာဖြစ်ပါတယ်။ iPhone 12 မော်ဒယ်တွေရဲ့ AR ပိုင်းဆိုင်ရာကို ပိုပြီးတိုးမြှင့်စေမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ iOS 12 ရဲ့ ARKit 2 နဲ့လည်း ဆက်လက်ပြီး အလုပ်လုပ်မှာဖြစ်သလို iOS 13 ကတော့ ARKit 3 ကို သယ်ဆောင်လာတာ ဖြစ်ပါတယ်။ ဒါဟာ ကင်မရာ App ထဲက Bokeh နဲ့ Lighting effects တွေလို Depth-based effects တွေကိုပိုပြီးတိုးတက်ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

ဒီဆင်ဆာဟာ အကွာအဝေးတိုင်းတာမှုအဖြစ် (၁၅ပေ) 4.5m အထိ တိုင်းတာနိုင်မယ်လို့ ဆိုပါတယ်။ ဒီအကွာအဝေးဟာ လက်ရှိ Android ဖုန်းဆင်ဆာတွေတိုင်းတာနိုင်တာထက် ပိုပြီးဝေးကွာရှည်လျားတဲ့ အတိုင်းအတာဖြစ်ပါတယ်။ Apple ဟာ ToF ဆင်ဆာတွေကိုအသုံးပြုပြီး အလင်းထပ်ဖြည့်မှုကို ပံ့ပိုးပေးတဲ့ Vertical-cavity surface-emitting laser ကို အသေးစိတ်ရှာဖွေပေးတာလို့ ဆိုရမှာဖြစ်ပါတယ်။

လက်ရှိ iPhone တွေက 3D sensor ဟာ TrueDepth စနစ်ပဲ ဖြစ်ပါတယ်။ ဒါဟာ (ToF) Time of flight ကို အခြေခံရမယ့်အစား အလင်းဖွဲစည်းတည်ဆောက်ပုံပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ Time of flight မော်ဂျူးကတော့ ပိုကြီးကျယ်တဲ့ တိကျမှန်ကန်မှုနဲ့ ပိုဝေးကွာတဲ့ အတိုင်းအတာကို ပေးအပ်တဲ့အပြင် အလင်းရောင်ကိုလည်း ပိုပြီးကောင်းကောင်းမွန်မွန် လက်ခံသုံးစွဲနိုင်ပါတယ်။

Ref: GSM Arena