[Zawgyi]

Apple ဟာ ၂၀၂၀ iPhone ေတြမွာ Notch Display Design ကို အသုံးမျပဳေတာ့ဘူးလို႔ သိရပါတယ္။ iPhone X ကေနစၿပီး iPhone XS, iPhone XS Max နဲ႔ iPhone XR တို႔မွာ အသုံးျပဳခဲ့တဲ့ Notch Display Design ေတြကို ျဖဳတ္ခ်ၿပီး Full Screen Design ျဖစ္ေအာင္ ျပဳလုပ္သြားမယ္ဆိုတဲ့ အေၾကာင္းကို Ice Universe ရဲ႕ အဆိုမ်ားအရ သိရပါတယ္။

Full Screen Design ဆိုေပမယ့္ လုံးဝ Full Screen စစ္စစ္ မဟုတ္ဘဲ ယေန႔ေခတ္ မိုဘိုင္းဖုန္းေလာကမွာ ေခတ္စားေနတဲ့ Punch Hole Design ကို အသုံးျပဳထားမွာ ျဖစ္ပါတယ္။ Punch Hole Design ကို Galaxy A8s , Huawei Nova 4 နဲ႔ Honor V20 တို႔မွာ ျမင္ေတြ႕ႏိုင္ပါတယ္။ Samsung ကလည္း အလားတူ နည္းပညာကို ၁၀ႏွစ္ျပည့္ အထိမ္းအမွတ္ စမတ္ဖုန္းေတြျဖစ္တဲ့ Galaxy S10 စီးရီးမွာ အသုံးျပဳလာႏိုင္ပါတယ္။

Punch Hole Display ေတြက Notch Display ေတြေလာက္ ႐ုပ္မဆိုးသလို အျမင္ပိုင္းအရလည္း မ်က္စိ ပသာဒ ျဖစ္ေစပါတယ္။ ဒါ့အျပင္ Screen-to-body ratio မွာလည္း Notch Display ေတြထက္ Punch Hole Display ေတြက ရာခိုင္ႏႈန္းပိုမ်ားမွာ ျဖစ္ပါတယ္။

iPhone X ရဲ႕ Notch ထဲမွာဆိုရင္ Sensor စုစုေပါင္း ၈ခုအထိ ပါဝင္ပါတယ္။ တကယ္လို႔ Apple သာ Punch Hole Display Design ကို အသုံးျပဳမယ္ဆိုရင္ေတာ့ အဆိုပါ Sensor ၈ခုကို ထည့္သြင္းတပ္ဆင္ဖို႔အတြက္ ေနရာအလုံအေလာက္ ရွိမွာ မဟုတ္ဘူး။

လက္ရွိလုံၿခဳံေရးစနစ္ေတြထဲမွာ Apple ရဲ႕ Face ID က အေကာင္းဆုံးလို႔ ေျပာရမွာပါ။ ဒါေပမယ့္ Punch Hole Design ကို အသုံးျပဳမယ္ဆိုရင္ေတာ့ လုံၿခဳံေရးနည္းပညာပိုင္းဆိုင္ရာမွာ ေျပာင္းလဲမႈ အနည္းငယ္ျပဳလုပ္ရမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ Apple အေနနဲ႔ ၂၀၂၀ iPhone ေတြအတြက္ Face ID နည္းပညာသစ္ကို ဆက္လက္အသုံးျပဳသြားမွာလား၊ ဒါမွမဟုတ္ In-display Fingerprint Sensor ကို အသုံးျပဳလာမွာလား၊ ဒါမွမဟုတ္ လုံၿခဳံေရးပိုင္းဆိုင္ရာ နည္းပညာ အသစ္အဆန္း တစ္ခုခုကို ျမင္ေတြ႕ရမွာလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

Ref : Forbes

[Unicode]

Notch တွေဖြုတ်ချပြီး Punch Hole Design ကို အသုံးပြုလာနိုင်တဲ့ ၂၀၂၀ iPhone များ

Apple ဟာ ၂၀၂၀ iPhone တွေမှာ Notch Display Design ကို အသုံးမပြုတော့ဘူးလို့ သိရပါတယ်။ iPhone X ကနေစပြီး iPhone XS, iPhone XS Max နဲ့ iPhone XR တို့မှာ အသုံးပြုခဲ့တဲ့ Notch Display Design တွေကို ဖြုတ်ချပြီး Full Screen Design ဖြစ်အောင် ပြုလုပ်သွားမယ်ဆိုတဲ့ အကြောင်းကို Ice Universe ရဲ့ အဆိုများအရ သိရပါတယ်။

Full Screen Design ဆိုပေမယ့် လုံးဝ Full Screen စစ်စစ် မဟုတ်ဘဲ ယနေ့ခေတ် မိုဘိုင်းဖုန်းလောကမှာ ခေတ်စားနေတဲ့ Punch Hole Design ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ Punch Hole Design ကို Galaxy A8s , Huawei Nova 4 နဲ့ Honor V20 တို့မှာ မြင်တွေ့နိုင်ပါတယ်။ Samsung ကလည်း အလားတူ နည်းပညာကို ၁၀နှစ်ပြည့် အထိမ်းအမှတ် စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy S10 စီးရီးမှာ အသုံးပြုလာနိုင်ပါတယ်။

Punch Hole Display တွေက Notch Display တွေလောက် ရုပ်မဆိုးသလို အမြင်ပိုင်းအရလည်း မျက်စိ ပသာဒ ဖြစ်စေပါတယ်။ ဒါ့အပြင် Screen-to-body ratio မှာလည်း Notch Display တွေထက် Punch Hole Display တွေက ရာခိုင်နှုန်းပိုများမှာ ဖြစ်ပါတယ်။

iPhone X ရဲ့ Notch ထဲမှာဆိုရင် Sensor စုစုပေါင်း ၈ခုအထိ ပါဝင်ပါတယ်။ တကယ်လို့ Apple သာ Punch Hole Display Design ကို အသုံးပြုမယ်ဆိုရင်တော့ အဆိုပါ Sensor ၈ခုကို ထည့်သွင်းတပ်ဆင်ဖို့အတွက် နေရာအလုံအလောက် ရှိမှာ မဟုတ်ဘူး။

လက်ရှိလုံခြုံရေးစနစ်တွေထဲမှာ Apple ရဲ့ Face ID က အကောင်းဆုံးလို့ ပြောရမှာပါ။ ဒါပေမယ့် Punch Hole Design ကို အသုံးပြုမယ်ဆိုရင်တော့ လုံခြုံရေးနည်းပညာပိုင်းဆိုင်ရာမှာ ပြောင်းလဲမှု အနည်းငယ်ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် Apple အနေနဲ့ ၂၀၂၀ iPhone တွေအတွက် Face ID နည်းပညာသစ်ကို ဆက်လက်အသုံးပြုသွားမှာလား၊ ဒါမှမဟုတ် In-display Fingerprint Sensor ကို အသုံးပြုလာမှာလား၊ ဒါမှမဟုတ် လုံခြုံရေးပိုင်းဆိုင်ရာ နည်းပညာ အသစ်အဆန်း တစ်ခုခုကို မြင်တွေ့ရမှာလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : Forbes