အရှေ့တောင်အာရှအခြေစိုက် Fnatic အသင်းမှာ လက်ရှိကစားနေတဲ့ ထိုင်းလူမျိုး ကစားသမား 23savage ဟာ Dota 2 Ranked Game မှာ 11,000 (11K) MMR ကျော်လွန်ခဲ့တဲ့ ဒုတိယမြောက် ကစားသမားဖြစ်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်လကမှ 10K MMR ပြည့်တဲ့ အယောက် ၂၀ မြောက် ကစားသမားဖြစ်လာခဲ့တဲ့ 23savage ဟာ ဒီတစ်ခါတော့ ရှေ့လူတွေကို မြန်မြန်ဆန်ဆန်ပဲ ကျော်တက်ပြီး 11K MMR ကလပ်ထဲကို အစောဆုံးရောက်ရှိသူတွေထဲက တစ်ဦး ဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ရှေ့မှာ ပထမဆုံး 11K MMR ရောက်ခဲ့တာကတော့ မြောက်အမေရိက အခြေစိုက် Evil Geniuses အသင်းမှာ ကစားနေတဲ့ ဖိလစ်ပိုင်ကစားသမား “Abed” ဖြစ်တာကြောင့် 11K MMR ကိုရောက်ရှိထားတဲ့ ကစားသမားနှစ်ဦးလုံး အရှေ့တောင်အာရှသားတွေသာ ဖြစ်နေပါသေးတယ်။ Abed ကတော့ မေလ ၁၅ ရက်နေ့ထဲက 11K MMR ကျော်သွားခဲ့တာပါ။

အရင်က နာမည်ကျော် Streamer တစ်ဦးဖြစ်တဲ့ 23savage ကို Fnatic က ၂၀၁၉ နိုဝင်ဘာမှာ စတင်ခေါ်ယူခဲ့ပြီးနောက် အောင်မြင်မှုများစွာ ရရှိထားကာ မတ်လကနေ ဇွန်လအတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲငါးခုလုံးကို ဆက်တိုက်အနိုင်ရထားခဲ့ပါသေးတယ်။

Ref – OneEsports