Zawgyi
Samsung Galaxy Note 10 စမတ္ဖုန္းဟာ လာမယ့္ ၾသဂုတ္လ ၇ ရက္ေန႔ဆုိရင္ တရားဝင္ မိတ္ဆက္သြားေတာ့မွာပါ။ အခု Galaxy Note 10 ဖုန္းက Samsung အတြက္ အေကာင္းဆံုး Flagship ဖုန္းတစ္ခုျဖစ္လာမွာျဖစ္သလုိပဲ အခုအခ်ိန္မွာလည္း Leaks သတင္းေတြ၊ ဓါတ္ပံုေတြမ်ိဳးစံုထြက္ရွိလာျပီျဖစ္ပါတယ္။
အခုလည္း Samsung Galaxy Note 10 စမတ္ဖုန္းကို ဝယ္ယူမယ့္သူေတြအတြက္ ဝမ္းသာစရာ Feature တစ္ခုက ထပ္မံေပါက္ၾကားလာခဲ့ပါျပီ။ ဒါကေတာ့ Samsung Galaxy Note 10 ဖုန္းေတြမွာ Base Storage ကို 128GB အစား 256GB ပါဝင္လာမွာပဲျဖစ္ပါတယ္။ ဒါက Storage Upgrade တစ္ခုပဲျဖစ္ေပမယ့္ Samsung Galaxy Note Series ဖုန္းေတြကို ဝယ္ယူတဲ့သူအမ်ားစုဟာ Business User ေတြျဖစ္တဲ့အတြက္ ဒီ Storage Option က အေရးၾကီးတဲ့ထဲပါေနတာပါ။
ဒီလုိမ်ိဳး Galaxy Note 10 Series ဖုန္းေတြမွာ Base Storage ကို 256GB ပါဝင္လာမယ္ဆုိတာက အားရစရာျဖစ္သလုိ လက္ရွိထြက္ရွိထားသမွ် စမတ္ဖုန္းေတြအားလံုးမွာလည္း အမ်ားဆံုး Base Storage Option ျဖစ္လာႏုိင္ပါတယ္။ အဲ့ဒီအတြက္ ျဖစ္ႏုိင္တာက Galaxy Note 9 မွာ Base Storage 128GB နဲ႔ 512GB ေရြးခ်ယ္ႏုိင္သလုိပဲ Galaxy Note 10 မွာ အျမင့္ဆံုး 512GB အစား 1TB Version ပဲ ေရြးခ်ယ္လာႏုိင္ဖို႔ရွိေနပါတယ္။
ဘာပဲျဖစ္ျဖစ္ Base Storage တင္ 256GB ပါဝင္လာတာက သာမန္ User နဲ႔ Business User အမ်ားစုအတြက္ လံုေလာက္တာထက္ေတာင္ ပိုေနတယ္လုိ႔ ေျပာႏုိင္ျပီးေတာ့ လက္ရွိထြက္ရွိထားတဲ့ လံုးဝ Bezel-less Design နဲ႔ စြမ္းေဆာင္ရည္ျမင့္မားတဲ့ Snapdragon 855/Exynos 9820 Processor ေတြနဲ႔ေပါင္းစပ္လုိက္တဲ့အခ်ိန္မွာ ေလာေလာဆယ္ ဝယ္ယူႏုိင္တဲ့ Futureproof အျဖစ္ဆံုးဖုန္းတစ္ခုျဖစ္လာမယ္လုိ႔ေတာင္ ေျပာလုိ႔ရပါတယ္။
တဖက္မွာေတာ့ Samsung ရဲ႕ အဓိကျပိဳင္ဘက္ျဖစ္တဲ့ Apple ကေတာ့ iPhone ေတြမွာ Base Storage ကို 64GB ပဲ ထည့္သြင္းေပးေနတာက ေတာ္ေတာ္ေလးကို ရုပ္ဆုိးေနပါျပီ။
Ref – Phone Arena
Unicode
Samsung Galaxy Note 10 စမတ်ဖုန်းဟာ လာမယ့် သြဂုတ်လ ၇ ရက်နေ့ဆိုရင် တရားဝင် မိတ်ဆက်သွားတော့မှာပါ။ အခု Galaxy Note 10 ဖုန်းက Samsung အတွက် အကောင်းဆုံး Flagship ဖုန်းတစ်ခုဖြစ်လာမှာဖြစ်သလိုပဲ အခုအချိန်မှာလည်း Leaks သတင်းတွေ၊ ဓါတ်ပုံတွေမျိုးစုံထွက်ရှိလာပြီဖြစ်ပါတယ်။
အခုလည်း Samsung Galaxy Note 10 စမတ်ဖုန်းကို ဝယ်ယူမယ့်သူတွေအတွက် ဝမ်းသာစရာ Feature တစ်ခုက ထပ်မံပေါက်ကြားလာခဲ့ပါပြီ။ ဒါကတော့ Samsung Galaxy Note 10 ဖုန်းတွေမှာ Base Storage ကို 128GB အစား 256GB ပါဝင်လာမှာပဲဖြစ်ပါတယ်။ ဒါက Storage Upgrade တစ်ခုပဲဖြစ်ပေမယ့် Samsung Galaxy Note Series ဖုန်းတွေကို ဝယ်ယူတဲ့သူအများစုဟာ Business User တွေဖြစ်တဲ့အတွက် ဒီ Storage Option က အရေးကြီးတဲ့ထဲပါနေတာပါ။
ဒီလိုမျိုး Galaxy Note 10 Series ဖုန်းတွေမှာ Base Storage ကို 256GB ပါဝင်လာမယ်ဆိုတာက အားရစရာဖြစ်သလို လက်ရှိထွက်ရှိထားသမျှ စမတ်ဖုန်းတွေအားလုံးမှာလည်း အများဆုံး Base Storage Option ဖြစ်လာနိုင်ပါတယ်။ အဲ့ဒီအတွက် ဖြစ်နိုင်တာက Galaxy Note 9 မှာ Base Storage 128GB နဲ့ 512GB ရွေးချယ်နိုင်သလိုပဲ Galaxy Note 10 မှာ အမြင့်ဆုံး 512GB အစား 1TB Version ပဲ ရွေးချယ်လာနိုင်ဖို့ရှိနေပါတယ်။
ဘာပဲဖြစ်ဖြစ် Base Storage တင် 256GB ပါဝင်လာတာက သာမန် User နဲ့ Business User အများစုအတွက် လုံလောက်တာထက်တောင် ပိုနေတယ်လို့ ပြောနိုင်ပြီးတော့ လက်ရှိထွက်ရှိထားတဲ့ လုံးဝ Bezel-less Design နဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ Snapdragon 855/Exynos 9820 Processor တွေနဲ့ပေါင်းစပ်လိုက်တဲ့အချိန်မှာ လောလောဆယ် ဝယ်ယူနိုင်တဲ့ Futureproof အဖြစ်ဆုံးဖုန်းတစ်ခုဖြစ်လာမယ်လို့တောင် ပြောလို့ရပါတယ်။
တဖက်မှာတော့ Samsung ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ Apple ကတော့ iPhone တွေမှာ Base Storage ကို 64GB ပဲ ထည့်သွင်းပေးနေတာက တော်တော်လေးကို ရုပ်ဆိုးနေပါပြီ။
Ref – Phone Arena