[Zawgyi]

လာမယ့္ဧၿပီလ ၁၀ ရက္ေန႔မွာ Samsung ကုမၸဏီရဲ႕ Galaxy A စီးရီးဖုန္းအသစ္ေတြကို မိတ္ဆက္လာမွာ ျဖစ္ၿပီး အမ်ားစုက A90 လို႔အမည္ေပးထားေၾကာင္း ယုံၾကည္ခဲ့ၾကတဲ့ ပထမဆုံး ေရွ႕ေနာက္လွည့္လို႔ရတဲ့ Rotating Slider Camera နဲ႔ ဟန္းဆက္ကို ေစာင့္ေမွ်ာ္ေနၾကပါတယ္။ ဒါေပမယ့္ အစီရင္ခံခ်က္အသစ္ေတြအရ ဒီဖုန္းကို A80 အမည္နဲ႔သာ ေၾကျငာလာမွာပါ။ အျခားထုတ္ကုန္သစ္ေတြကေတာ့ 20:9 ျမင္ကြင္းအခ်ဳိးနဲ႔ 25W အားသြင္းစနစ္တုိ႔ ပါဝင္တဲ့ Galaxy A70 (ဒီအခ်က္ႏွစ္ခုလုံးကလည္း Samsung အတြက္ ပထမဆုံးအႀကိမ္ပါပဲ) ၊ ဘတ္ဂ်က္လို႔ ယုံၾကည္ရတဲ့ Galaxy A40 တုိ႔ပါ။

အားလုံးထဲမွာ အေမွ်ာ္လင့္ဆုံး A80 ဖုန္းဟာ 6.7” လက္မအရြယ္ FHD+ AMOLED Display နဲ႔ ထြက္လာမွာျဖစ္ၿပီး ထူးျခားတဲ့ Slider ကင္မရာဟာ 48MP + 8MP + ToF Sensor အတြဲကိုမွ ဆယ္ဖီကင္မရာ အျဖစ္ေရာ၊ ေနာက္ကင္မရာအျဖစ္ပါ Rotate လုပ္ၿပီးသုံးစြဲႏုိင္မွာျဖစ္ပါတယ္။ Snapdragon 7150 SoC ကလည္း ဒီဖုန္းနဲ႔အတူ ပြဲဦးထြက္လာမွာျဖစ္ကာ 6 / 8 GB RAM မန္မုိရီနဲ႔ 128 GB Storage တို႔ပါဝင္မွာျဖစ္တယ္။

သူ႕ရဲ႕ဘကၳရီကေတာ့ 3,700 mAh နဲ႔ အသစ္စက္စက္ 25W အားအျမန္သြင္း စနစ္တို႔ တြဲဖက္ထားပါတယ္။ ဒါ့အျပင္ Galaxy A80 ဟာ LG G8 ThinQ ဟန္းဆက္လိုပဲ Screen Sound နည္းပညာကို သုံးစြဲလာမွာျဖစ္လို႔ Physical စပီကာကို မေတြ႕ရပါဘူး။

တရားဝင္ျဖစ္ႏွင့္ေနၿပီျဖစ္တဲ့ Samsung Galaxy A70 ဖုန္းမွာလည္း 6.7” လက္မအရြယ္ FHD+ AMOLED Display ပဲအသုံးျပဳထားေပမယ့္ သူကေတာ့ Infinity-U Notch နဲ႔ျဖစ္ပါတယ္။ ဆယ္ဖီကင္မရာကေတာ့ Samsung ဟန္းဆက္ေတြထဲမွာအျမင့္ဆုံး 32MP ျဖစ္ၿပီး In-Display Sensor တစ္ခုပါဝင္တယ္။ Octa-core ပရုိဆက္ဆာကို 6 / 8 GB RAM မန္မုိရီနဲ႔ တြဲဖက္လာၿပီး 128 GB Storage ပါပဲ။ ေနာက္ဘက္မွာေတာ့ 25 MP + 8 MP ကင္မရာအတြဲပါ။ ဘကၳရီက 4,500 mAh အႀကီးစားကို Samsung အတြက္ ပထမဆုံး 25W အားအျမန္သြင္းစနစ္နဲ႔ တြဲဖက္ထားပါတယ္။

ေနာက္ဆုံးဟန္းဆက္ A40 ကေတာ့ ဒီမိတ္ဆက္ပြဲမွာ ထြက္ေပၚလာမယ့္ တတိယေျမာက္လို႔ ယူဆရတယ္။ သူ႕မွာ 5.9” လက္မအရြယ္ FHD+ AMOLED Screen ေပၚမွာ Infinity-U Panel နဲ႔ပြဲထြက္လာမွာပါ။ အတြင္းမွာ Exynos 7885 ခ်စ္ပ္ဆက္၊ 4GB RAM နဲ႔ 64 GB Storage မန္မုိရီတုိ႔ ပါဝင္တယ္။ ေနာက္ဘက္မွာ Fingerprint ဆင္ဆာနဲ႔အတူ 16 MP + 5 MP ျမင္ကြင္းက်ယ္ကင္မရာအတြဲ ပါဝင္မွာပါ။ ဘကၳရီကေတာ့ 31,00 mAh ျဖစ္ကာ သူ႕မွာလည္း 15W အားအျမန္သြင္းစနစ္ ပါပါတယ္။

ဧၿပီလ ၁၀ ရက္ေန႔ မိတ္ဆက္ပြဲကို ဘန္ေကာက္၊ မီလန္နဲ႔ ေဆာ္ေပၚလို ၿမိဳ႕ေတြမွာ တၿပိဳင္တည္း က်င္းပသြားမွာျဖစ္လို႔ Samsung ရဲ႕ေနာက္ဆုံးေပၚဟန္းဆက္ေတြကို ရႈစားဖို႔ ရက္ပုိင္းေလာက္ ေစာင့္စားလိုက္ရေအာင္။

Ref – GSM Arena

[Unicode]

လာမယ့်ဧပြီလ ၁၀ ရက်နေ့မှာ Samsung ကုမ္ပဏီရဲ့ Galaxy A စီးရီးဖုန်းအသစ်တွေကို မိတ်ဆက်လာမှာ ဖြစ်ပြီး အများစုက A90 လို့အမည်ပေးထားကြောင်း ယုံကြည်ခဲ့ကြတဲ့ ပထမဆုံး ရှေ့နောက်လှည့်လို့ရတဲ့ Rotating Slider Camera နဲ့ ဟန်းဆက်ကို စောင့်မျှော်နေကြပါတယ်။ ဒါပေမယ့် အစီရင်ခံချက်အသစ်တွေအရ ဒီဖုန်းကို A80 အမည်နဲ့သာ ကြေငြာလာမှာပါ။ အခြားထုတ်ကုန်သစ်တွေကတော့ 20:9 မြင်ကွင်းအချိုးနဲ့ 25W အားသွင်းစနစ်တို့ ပါဝင်တဲ့ Galaxy A70 (ဒီအချက်နှစ်ခုလုံးကလည်း Samsung အတွက် ပထမဆုံးအကြိမ်ပါပဲ) ၊ ဘတ်ဂျက်လို့ ယုံကြည်ရတဲ့ Galaxy A40 တို့ပါ။

အားလုံးထဲမှာ အမျှော်လင့်ဆုံး A80 ဖုန်းဟာ 6.7” လက်မအရွယ် FHD+ AMOLED Display နဲ့ ထွက်လာမှာဖြစ်ပြီး ထူးခြားတဲ့ Slider ကင်မရာဟာ 48MP + 8MP + ToF Sensor အတွဲကိုမှ ဆယ်ဖီကင်မရာ အဖြစ်ရော၊ နောက်ကင်မရာအဖြစ်ပါ Rotate လုပ်ပြီးသုံးစွဲနိုင်မှာဖြစ်ပါတယ်။ Snapdragon 7150 SoC ကလည်း ဒီဖုန်းနဲ့အတူ ပွဲဦးထွက်လာမှာဖြစ်ကာ 6 / 8 GB RAM မန်မိုရီနဲ့ 128 GB Storage တို့ပါဝင်မှာဖြစ်တယ်။

သူ့ရဲ့ဘက္ထရီကတော့ 3,700 mAh နဲ့ အသစ်စက်စက် 25W အားအမြန်သွင်း စနစ်တို့ တွဲဖက်ထားပါတယ်။ ဒါ့အပြင် Galaxy A80 ဟာ LG G8 ThinQ ဟန်းဆက်လိုပဲ Screen Sound နည်းပညာကို သုံးစွဲလာမှာဖြစ်လို့ Physical စပီကာကို မတွေ့ရပါဘူး။

တရားဝင်ဖြစ်နှင့်နေပြီဖြစ်တဲ့ Samsung Galaxy A70 ဖုန်းမှာလည်း 6.7” လက်မအရွယ် FHD+ AMOLED Display ပဲအသုံးပြုထားပေမယ့် သူကတော့ Infinity-U Notch နဲ့ဖြစ်ပါတယ်။ ဆယ်ဖီကင်မရာကတော့ Samsung ဟန်းဆက်တွေထဲမှာအမြင့်ဆုံး 32MP ဖြစ်ပြီး In-Display Sensor တစ်ခုပါဝင်တယ်။ Octa-core ပရိုဆက်ဆာကို 6 / 8 GB RAM မန်မိုရီနဲ့ တွဲဖက်လာပြီး 128 GB Storage ပါပဲ။ နောက်ဘက်မှာတော့ 25 MP + 8 MP ကင်မရာအတွဲပါ။ ဘက္ထရီက 4,500 mAh အကြီးစားကို Samsung အတွက် ပထမဆုံး 25W အားအမြန်သွင်းစနစ်နဲ့ တွဲဖက်ထားပါတယ်။

နောက်ဆုံးဟန်းဆက် A40 ကတော့ ဒီမိတ်ဆက်ပွဲမှာ ထွက်ပေါ်လာမယ့် တတိယမြောက်လို့ ယူဆရတယ်။ သူ့မှာ 5.9” လက်မအရွယ် FHD+ AMOLED Screen ပေါ်မှာ Infinity-U Panel နဲ့ပွဲထွက်လာမှာပါ။ အတွင်းမှာ Exynos 7885 ချစ်ပ်ဆက်၊ 4GB RAM နဲ့ 64 GB Storage မန်မိုရီတို့ ပါဝင်တယ်။ နောက်ဘက်မှာ Fingerprint ဆင်ဆာနဲ့အတူ 16 MP + 5 MP မြင်ကွင်းကျယ်ကင်မရာအတွဲ ပါဝင်မှာပါ။ ဘက္ထရီကတော့ 31,00 mAh ဖြစ်ကာ သူ့မှာလည်း 15W အားအမြန်သွင်းစနစ် ပါပါတယ်။

ဧပြီလ ၁၀ ရက်နေ့ မိတ်ဆက်ပွဲကို ဘန်ကောက်၊ မီလန်နဲ့ ဆော်ပေါ်လို မြို့တွေမှာ တပြိုင်တည်း ကျင်းပသွားမှာဖြစ်လို့ Samsung ရဲ့နောက်ဆုံးပေါ်ဟန်းဆက်တွေကို ရှုစားဖို့ ရက်ပိုင်းလောက် စောင့်စားလိုက်ရအောင်။

Ref – GSM Arena