Zawgyi

Oppo ရဲ႕ အနာဂါတ္စမတ္ဖုန္းသစ္ထြက္ရွိဖို႔ကေတာ့ လမ္းေျဖာင့္ေနပါၿပီ။ ကုမၸဏီဟာ သူတုိ႔ရဲ႕ 65W SuperVOOC အားသြင္းစနစ္သစ္ကို တရားဝင္မိတ္ဆက္လိုက္ၿပီးေနာက္ လာမယ့္ေအာက္တုိဘာ ၁၀ ရက္ေန႔မွာ Flagship အသစ္ျဖစ္တဲ့ Reno Ace ကိုပါ ေၾကညာလာေတာ့မွာပါ။ 65W အားသြင္းစနစ္အသစ္ႀကီးဟာ Reno Ace မွာပါဝင္လာေတာ့မယ္လို႔ သတင္းထြက္ေနတဲ့အျပင္ 90Hz OLED Display နဲ႔ 4,000 mAh ဘကၳရီတုိ႔လည္း ပါဝင္လာမယ္လို႔ ေမွ်ာ္မွန္းထားပါတယ္။

မၾကာေသးခင္က ထြက္ေပၚလာတဲ့ TENAA စာရင္းထဲမွာေတာ့ Oppo PCLM10 ဆုိတဲ့ ဟန္းဆက္ကို ေတြ႕ရၿပီး ၄င္းမွာ 6.5” လက္မအရြယ္ AMOLED Display နဲ႔အတူ 2.966GHz Octa-core ခ်စ္ပ္ဆက္ကို ျမင္ရတာေၾကာင့္ Snapdragon 855+ အသုံးျပဳထားတယ္လုိ႔ ယူဆရၿပီး မန္မုိရီကလည္း 12 / 256 GB ပါ။

ဒါေၾကာင့္ ၂၀၁၉ Flagship အစစ္တစ္ခုလို႔ဆုိႏုိင္ၿပီး ေနာက္ဘက္မွာလည္း 48MP + 13MP + 8MP + 2MP ကင္မရာေလးလုံးတြဲ ပါပါေသးတယ္။ ေရွ႕ဘက္မွာေတာ့ 16MP Selfie ကင္မရာနဲ႔ In-display Fingerprint တုိ႔ပါဝင္တဲ့ဖုန္းဟာ 161.1 x 75.7 x 8.7mm ကိုယ္ထည္အခ်ဳိးရွိပါတယ္။ ဒီေကာင္က Reno Ace အျဖစ္ ထြက္ေပၚလာမလားလို႔ ေစာင့္ၾကည့္ရပါမယ္။

TENAA ေပၚမွာ Oppo ရဲ႕ဟန္းဆက္အသစ္ေတြက ဒီေလာက္နဲ႔မရပ္တန္႔ဘဲ ေနာက္တစ္လုံးက Oppo PCNM00 ျဖစ္ကာ သူကလည္း 6.4” AMOLED Display နဲ႔ In-display Fingerprint တုိ႔ ပါဝင္ပါတယ္။ အတြင္းမွာ 2.2GHz Octa-core ခ်စ္ပ္ဆက္တစ္ခုကို 8 / 128 GB မန္မုိရီတုိ႔နဲ႔ တြဲဖက္ထားပါတယ္။

ေနာက္ဘက္မွာ ကင္မရာေလးလုံးပဲျဖစ္ေပမယ့္ အဓိကကင္မရာက 64MP ျဖစ္ၿပီး 8MP + 2MP + 2MP ကင္မရာသုံးလုံးနဲ႔တြဲဖက္ထားတယ္။ ေရွ႕ဘက္ Selfie ကင္မရာကလည္း 32MP ျဖစ္တာေၾကာင့္ ေရွ႕က စမတ္ဖုန္းထက္ ကင္မရာပုိင္းကို ပုိဦးစားေပးထားပုံရၿပီး က်န္တဲ့အစိတ္အပုိင္းေတြကေတာ့ ဝိတ္ေလွ်ာ့ထားတာကို ေတြ႕ရမွာပါ။

ေနာက္ဆုံးေမာ္ဒယ္က Oppo PCHM00 / PCHT00 လုိ႔အမည္ေပးထားၿပီး 6.5” လက္မအရြယ္ LCD Display ရုိးရုိးတစ္ခုသာ ပါဝင္ကာ အတြင္းပိုင္းမွာလည္း 2 GHz Octa-core ခ်စ္ပ္ဆက္ကို အသုံးျပဳထားၿပီး 4GB RAM / 128GB Storage မန္မုိရီပမာဏပါဝင္ပါတယ္။ ေရွ႕ႏွစ္လုံးထက္ ကင္မရာပုိင္းမွာ ပုိေလွ်ာ့ခ်ထားေပမယ့္ Quad-cam ပဲျဖစ္ၿပီး 48MP + 8MP + 2MP + 2MP အတြဲကိုေတြ႕ရမွာပါ။ ေရွ႕ဘက္မွာလည္း 16MP Selfie ကုိ ထည့္သြင္းေပးထားတယ္။

Ref – GSM Arena

Unicode

Oppo ရဲ့ အနာဂါတ်စမတ်ဖုန်းသစ်ထွက်ရှိဖို့ကတော့ လမ်းဖြောင့်နေပါပြီ။ ကုမ္ပဏီဟာ သူတို့ရဲ့ 65W SuperVOOC အားသွင်းစနစ်သစ်ကို တရားဝင်မိတ်ဆက်လိုက်ပြီးနောက် လာမယ့်အောက်တိုဘာ ၁၀ ရက်နေ့မှာ Flagship အသစ်ဖြစ်တဲ့ Redno Ace ကိုပါ ကြေညာလာတော့မှာပါ။ 65W အားသွင်းစနစ်အသစ်ကြီးဟာ Reno Ace မှာပါဝင်လာတော့မယ်လို့ သတင်းထွက်နေတဲ့အပြင် 90Hz OLED Display နဲ့ 4,000 mAh ဘက္ထရီတို့လည်း ပါဝင်လာမယ်လို့ မျှော်မှန်းထားပါတယ်။

မကြာသေးခင်က ထွက်ပေါ်လာတဲ့ TENAA စာရင်းထဲမှာတော့ Oppo PCLM10 ဆိုတဲ့ ဟန်းဆက်ကို တွေ့ရပြီး ၎င်းမှာ 6.5” လက်မအရွယ် AMOLED Display နဲ့အတူ 2.966GHz Octa-core ချစ်ပ်ဆက်ကို မြင်ရတာကြောင့် Snapdragon 855+ အသုံးပြုထားတယ်လို့ ယူဆရပြီး မန်မိုရီကလည်း 12 / 256 GB ပါ။

ဒါကြောင့် ၂၀၁၉ Flagship အစစ်တစ်ခုလို့ဆိုနိုင်ပြီး နောက်ဘက်မှာလည်း 48MP + 13MP + 8MP + 2MP ကင်မရာလေးလုံးတွဲ ပါပါသေးတယ်။ ရှေ့ဘက်မှာတော့ 16MP Selfie ကင်မရာနဲ့ In-display Fingerprint တို့ပါဝင်တဲ့ဖုန်းဟာ 161.1 x 75.7 x 8.7mm ကိုယ်ထည်အချိုးရှိပါတယ်။ ဒီကောင်က Reno Ace အဖြစ် ထွက်ပေါ်လာမလားလို့ စောင့်ကြည့်ရပါမယ်။

TENAA ပေါ်မှာ Oppo ရဲ့ဟန်းဆက်အသစ်တွေက ဒီလောက်နဲ့မရပ်တန့်ဘဲ နောက်တစ်လုံးက Oppo PCNM00 ဖြစ်ကာ သူကလည်း 6.4” AMOLED Display နဲ့ In-display Fingerprint တို့ ပါဝင်ပါတယ်။ အတွင်းမှာ 2.2GHz Octa-core ချစ်ပ်ဆက်တစ်ခုကို 8 / 128 GB မန်မိုရီတို့နဲ့ တွဲဖက်ထားပါတယ်။

နောက်ဘက်မှာ ကင်မရာလေးလုံးပဲဖြစ်ပေမယ့် အဓိကကင်မရာက 64MP ဖြစ်ပြီး 8MP + 2MP + 2MP ကင်မရာသုံးလုံးနဲ့တွဲဖက်ထားတယ်။ ရှေ့ဘက် Selfie ကင်မရာကလည်း 32MP ဖြစ်တာကြောင့် ရှေ့က စမတ်ဖုန်းထက် ကင်မရာပိုင်းကို ပိုဦးစားပေးထားပုံရပြီး ကျန်တဲ့အစိတ်အပိုင်းတွေကတော့ ဝိတ်လျှော့ထားတာကို တွေ့ရမှာပါ။

နောက်ဆုံးမော်ဒယ်က Oppo PCHM00 / PCHT00 လို့အမည်ပေးထားပြီး 6.5” လက်မအရွယ် LCD Display ရိုးရိုးတစ်ခုသာ ပါဝင်ကာ အတွင်းပိုင်းမှာလည်း 2 GHz Octa-core ချစ်ပ်ဆက်ကို အသုံးပြုထားပြီး 4GB RAM / 128GB Storage မန်မိုရီပမာဏပါဝင်ပါတယ်။ ရှေ့နှစ်လုံးထက် ကင်မရာပိုင်းမှာ ပိုလျှော့ချထားပေမယ့် Quad-cam ပဲဖြစ်ပြီး 48MP + 8MP + 2MP + 2MP အတွဲကိုတွေ့ရမှာပါ။ ရှေ့ဘက်မှာလည်း 16MP Selfie ကို ထည့်သွင်းပေးထားတယ်။

Ref – GSM Arena