Microsoft ဟာ Windows 10 ရဲ့ မျိုးဆက်သစ် Windows 11 ကို မကြာခင်က တရားဝင် ကြေညာခဲ့ပါတယ်။ Windows 11 မှာ Gamer တွေအတွက် ဘယ်လို လုပ်ဆောင်ချက် အသစ်တွေပါမလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

Windows Gaming ဆိုတာ ဘာလဲ?

Microsoft ဟာ Windows 8 မှာ Xbox Companion App ကို ထည့်သွင်းပေးခြင်းဖြင့် Windows Gaming Services ကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး Microsoft ဟာ Windows မှာ Gaming လုပ်ဆောင်ချက်တွေကို တောက်လျှောက်ထည့်သွင်းပေးလာခဲ့ပါတယ်။ Xbox ကိုလည်း Console Hardware အဆင့်ထက်ပိုပြီး ပလက်ဖောင်းများစွာအတွက် တိုးချဲ့ခဲ့ပါတယ်။

Windows 10 မှာလည်း Gaming လုပ်ဆောင်ချက် အသစ်များစွာ ထည့်သွင်းပေးခဲ့ပါတယ်။ အဲဒီအတွက် Windows 11 မှာ ပါလာတဲ့ Gaming လုပ်ဆောင်ချက် အသစ်တွေကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

၁။ Auto-HDR

Auto-HDR ကို Xbox Series X/S Console တွေမှာ ပထမဆုံး မိတ်ဆက်ခဲ့ပြီး Game Developer တွေရဲ့ ဖြည့်စွက်မှု မလိုဘဲ Video Game တွေကို HDR နဲ့ ခံစား ကစားနိုင်တာပါ။ HDR ရဲ့အရှည်က High Dynamic Range နဲ့ SDR ရဲ့ အရှည်က Standard Dynamic Range ဖြစ်ပါတယ်။ HDR က သဘာဝကျတဲ့ အရောင်တွေကို ပိုမိုထုတ်လုပ်ပေးနိုင်သလို ကြည်လင်ပြတ်သားပါတယ်။

Windows 11 Auto-HDR က SDR Video Game အဟောင်းတွေမှာ HDR ကို ထောက်ပံ့ပေးဖို့ Machine Learning ကို အသုံးပြုထားပါတယ်။ အဲဒီအတွက် Windows 11 မှာ Game ထောင်ပေါင်းများစွာကို HDR နဲ့ကစားနိုင်မှာပါ။ ဒါပေမယ့် HDR ထောက်ပံ့တဲ့ တီဗီ သို့မဟုတ် မော်နီတာနဲ့ တွဲဖက် ကစားရမှာပါ။

၂။ DirectStorage

Microsoft DirectStorage ဟာ CPU Processing မလိုဘဲ SSD ကနေ တိုက်ရိုက် Game Data ကို Load လုပ်ဖို့ GPU ကို ခွင့်ပြုတဲ့ API ဖြစ်ပါတယ်။ DirectStorage နဲ့ဆိုရင် GPU က Data တွေကို ကိုယ်တိုင် Process နဲ့ Decompresses လုပ်နိုင်ပါတယ်။

ပုံမှန်ဆိုရင် API က Compressed Game Data တွေကို ယာယီ သိမ်းပေးဖို့ RAM ကို ပို့ဆောင်ပါတယ်။ အဲဒီနောက်မှာ Decompression အတွက် CPU ကို ပေးပို့ပါတယ်။ CPU က Game Data ကို Decompress လုပ်ပြီးတာနဲ့ RAM ဆီ ပြန်ပို့ပေးပါတယ်။ နောက်ဆုံးမှာ Rendering နဲ့ Projection အတွက် GPU ဆီ ပို့ပေးပါတယ်။

DirectStorage က Compressed Data ကို GPU ထံ တိုက်ရိုက်ပို့ဆောင်ပေးပြီး GPU က Decompressed နဲ့ Rendered ကို လျှင်မြန်စွာ လုပ်ပေးပါတယ်။ လျှင်မြန်တဲ့ SSD နဲ့ ပေါင်းလိုက်ရင် Loading က အရမ်းကို မြန်သွားပါတယ်။ Loading မြန်သွားတဲ့အပြင် CPU ကို အနားပေးထားတဲ့အတွက် တခြား အလုပ်တွေ လုပ်ရာမှာ မြန်ဆန်စေပါတယ်။

Windows 11 မှာ DirectStorage ပါလာမယ့်အတွက် Loading Speed အရမ်း မြန်လာသလို Video Game Loading Time ကို အများကြီး လျှော့ချပေးပါတယ်။

၃။ Xbox App

Windows 10 မှာ Xbox App ကို Microsoft Store ကနေ ဒေါင်းလုပ်လုပ်ရတာပါ။ Xbox Companion App က Xbox Dashboard ကို ပံ့ပိုးပေးပြီး Xbox App ကတော့ Game Pass နဲ့ PC Gaming အတွက် Portal ဖြစ်ပါတယ်။

Windows 11 မှာ Xbox App နဲ့ Game Pass ကို Buil-in ထည့်သွင်းပေးထားတဲ့အတွက် Game Pass Ultimate Subscribers တွေဟာ Xbox Cloud Gaming နဲ့အတူ Video Games ပေါင်းများစွာကို ကစားလို့ ရမှာပါ။

Ref : makeuseof