[Zawgyi]

ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ Honor 9X Series ေတြ ၂ မိနစ္အတြင္းမွာ အလံုးေရ ၁ သိန္း ေရာင္းခ်ရတယ္လို႔ ကုမၸဏီက ေၾကညာခဲ့ပါတယ္။ အခုေတာ့ ကုမၸဏီက ပထမဆံုး ေရာင္းခ်တဲ့ ရက္မွာ အလံုးေရ ၃ သိန္းေက်ာ္ ေရာင္းခ်ရတယ္လို႔ ေျပာပါတယ္။ အဲဒီ ဖုန္းကို တရုတ္မွ နာမည္ႀကီး အြန္လိုင္း စတိုးေတြမွာ ၀ယ္ယူႏိုင္ပါတယ္။

Honor 8X ဟာ Honor Brand အတြက္ စံခ်ိန္မ်ားစြာ  ခ်ိဳးထားၿပီး အလံုးေရ ၁၀ သန္းကို အျမန္ဆံုး ေရာင္းခ်ႏိုင္ခဲ့ပါတယ္။ အဲဒီ ေရာင္းအား ရဖို႔ ၁၇၃ ရက္သာ ၾကာပါတယ္။ Honor 7X ကေတာ့ ဒီပမာဏရဖို႔ ရက္ ၂၀၀ ေက်ာ္ၾကာခဲ့ပါတယ္။ Honor 9X ကေတာ့ အလံုးေရ ၁ သိန္းေရာင္းခ်ရာမွာ Honor 8X ထက္ ၂ ဆေလာက္ျမန္သြားပါတယ္။

Honor 9X နဲ႔ 9X Pro တို႔မွာ တူညီတဲ့ Displays, Chipsets နဲ႔ Batteries ေတြ ပါပါတယ္။ 9X Pro ရဲ႕ အေနာက္ဘက္မွာ အပို 8MP Ultra-wide Camera ပါလာၿပီး အေျခခံ ေမာ္ဒယ္မွာ 8GB RAM ထည့္ထားပါတယ္။ Honor 9X အတြက္  4GB နဲ႔ 6GB RAM ေတြ ထုတ္လုပ္ေပးထားပါတယ္။

Honor 9X နဲ႔ 9X Pro တို႔ဟာ Pop-up Selfie Camera ေတြပါတဲ့ ကုမၸဏီရဲ႕ ပထမဆံုး ဖုန္းေတြ ျဖစ္ပါတယ္။ သူတို႔ ႏွစ္လံုးဟာ အမ်ားစု တူညီၾကပါတယ္။ ပရိုဗားရွင္းရဲ႕ အေနာက္မွာ ကင္မရာ အပိုပါၿပီး RAM နဲ႔ Storage ကလည္း ပိုမ်ားပါတယ္။ သူတို႔မွာ ၆.၅၉ လက္မ IPS LCD Screen ပါၿပီး 1080x2340p Resolution ျဖစ္ပါတယ္။ Pop-up Selfie Camera ေၾကာင့္ Full Screen Design ကို ဖန္တီးထားႏုိင္ပါတယ္။ Honor 9X ရဲ႕ ေစ်းအနည္းဆံုး ေမာ္ဒယ္ဟာ ၂၀၃ ေဒၚလာရွိၿပီး ျမန္မာေငြ ၃ သိန္းစြန္းစြန္းသာ ရွိပါတယ္။ သူ႔မွာ 4/64GB ပါပါတယ္။

Ref : gsmarena

[Unicode]

၁ ရက်အတွင်းမှာ အလုံးရေ ၃ သိန်း ရောင်းချနိုင်ခဲ့တဲ့ Honor 9X

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Honor 9X Series တွေ ၂ မိနစ်အတွင်းမှာ အလုံးရေ ၁ သိန်း ရောင်းချရတယ်လို့ ကုမ္ပဏီက ကြေညာခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက ပထမဆုံး ရောင်းချတဲ့ ရက်မှာ အလုံးရေ ၃ သိန်းကျော် ရောင်းချရတယ်လို့ ပြောပါတယ်။ အဲဒီ ဖုန်းကို တရုတ်မှ နာမည်ကြီး အွန်လိုင်း စတိုးတွေမှာ ဝယ်ယူနိုင်ပါတယ်။

Honor 8X ဟာ Honor Brand အတွက် စံချိန်များစွာ ချိုးထားပြီး အလုံးရေ ၁၀ သန်းကို အမြန်ဆုံး ရောင်းချနိုင်ခဲ့ပါတယ်။ အဲဒီ ရောင်းအား ရဖို့ ၁၇၃ ရက်သာ ကြာပါတယ်။ Honor 7X ကတော့ ဒီပမာဏရဖို့ ရက် ၂၀၀ ကျော်ကြာခဲ့ပါတယ်။ Honor 9X ကတော့ အလုံးရေ ၁ သိန်းရောင်းချရာမှာ Honor 8X ထက် ၂ ဆလောက်မြန်သွားပါတယ်။

Honor 9X နဲ့ 9X Pro တို့မှာ တူညီတဲ့ Displays, Chipsets နဲ့ Batteries တွေ ပါပါတယ်။ 9X Pro ရဲ့ အနောက်ဘက်မှာ အပို 8MP Ultra-wide Camera ပါလာပြီး အခြေခံ မော်ဒယ်မှာ 8GB RAM ထည့်ထားပါတယ်။ Honor 9X အတွက် 4GB နဲ့ 6GB RAM တွေ ထုတ်လုပ်ပေးထားပါတယ်။

Honor 9X နဲ့ 9X Pro တို့ဟာ Pop-up Selfie Camera တွေပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ဖုန်းတွေ ဖြစ်ပါတယ်။ သူတို့ နှစ်လုံးဟာ အများစု တူညီကြပါတယ်။ ပရိုဗားရှင်းရဲ့ အနောက်မှာ ကင်မရာ အပိုပါပြီး RAM နဲ့ Storage ကလည်း ပိုများပါတယ်။ သူတို့မှာ ၆.၅၉ လက်မ IPS LCD Screen ပါပြီး 1080x2340p Resolution ဖြစ်ပါတယ်။ Pop-up Selfie Camera ကြောင့် Full Screen Design ကို ဖန်တီးထားနိုင်ပါတယ်။ Honor 9X ရဲ့ ဈေးအနည်းဆုံး မော်ဒယ်ဟာ ၂၀၃ ဒေါ်လာရှိပြီး မြန်မာငွေ ၃ သိန်းစွန်းစွန်းသာ ရှိပါတယ်။ သူ့မှာ 4/64GB ပါပါတယ်။

Ref : gsmarena