OnePlus က Smart TV အသစ်ကို ဇူလိုင်လ ၂ ရက်နေ့မှာ ကြေညာတော့မယ်လို့ ကုမ္ပဏီရဲ့ တည်ထောင်သူက မကြာခင်ကပဲ သတင်းပေးလိုက်ပါတယ်။ အဲဒီ TV ဟာ ပထမ TV ထက်ဈေးသက်သာမှာ ဖြစ်ပါတယ်။ အခုတော့ OnePlus က 32HA0A00 နဲ့ 43FA0A00 မော်ဒယ် ၂ ခုကို မှတ်ပုံတင်လိုက်ပြီး အရွယ်အစားတွေက ၃၂ လက်မနဲ့ ၄၃ လက်မတို့ ဖြစ်ပါတယ်။

Amazon India ကလည်း OnePlus Smart TV တွေအတွက် Webpage ကို လွှင့်တင်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၁x၉၉၉ ရူပီး ရှိမယ်လို့ ဖော်ပြထားပါတယ်။ ၁၉,၉၉၉ ရူပီး ဖြစ်နိုင်ပြီး မြန်မာငွေ ၃ သိန်း ၇ သောင်းလောက် ရှိမှာပါ။

OnePlus ဟာ BBK Electronics ရဲ့ ကုမ္ပဏီခွဲ ဖြစ်ပြီး အဲဒီ ကုမ္ပဏီဟာ တရုတ်မှာ အကြီးမားဆုံး နည်းပညာ ကုမ္ပဏီတွေထဲက ၁ ခု ဖြစ်ပါတယ်။ OnePlus ရဲ့ ညီနောင် ကုမ္ပဏီ ဖြစ်တဲ့ realme ကလည်း အိန္ဒိယမှာ ၃၂ လက်မနဲ့ ၄၃ လက်မ Smart TV တွေကို ရောင်းချထားပါတယ်။ OnePlus ရဲ့ TV တွေဟာ realme TV တွေနဲ့ အစိတ်အပိုင်းတွေ တူညီနိုင်ပါတယ်။

ဒါပေမယ့် OnePlus ရဲ့ ထုတ်ကုန်တွေဟာ ဈေးပိုကြီးတတ်တဲ့အတွက် OnePlus TV တွေမှာ အလန်းစား လုပ်ဆောင်ချက်တွေ ပါလာနိုင်ပါတယ်။ လာမယ့်ရက်ပိုင်းအတွင်းမှာ OnePlus TV တွေရဲ့ သတင်းတွေ ပိုသိလာရမှာပါ။

Ref : gsmarena