[Zawgyi]

မလွလွဝင္း၏ တီထြင္ဆန္းသစ္မႈမ်ားႏွင့္ ကမာၻတဝွမ္းအက်ိဳးသက္ေရာက္ႏိုင္စြမ္းတို႔အား အသိအမွတ္ျပဳရန္ The Schwab Foundation မွ လူမႈေရးရာဆန္းသစ္တီထြင္သူ အေယာက္ ၄၀ စာရင္းတြင္ ေဖာ္ျပလိုက္သည္။

The Schwab Foundation for Social Entrepreneurship မွ ၂၀၁၉ ခုႏွစ္အတြက္ လူမႈေရးရာဆန္းသစ္တီထြင္ေရးတြင္ ဆုရရွိသူ ၄၀ စာရင္းကို နယူးေယာက္ခ္ၿမိဳ႕တြင္ ထုတ္ျပန္ေၾကညာခဲ့သည္။ ျမန္မာႏိုင္ငံမွ 360ed ၏ CEO ႏွင့္တည္ေထာင္သူ မလွလွဝင္းသည္လည္း လူမႈစြန႔္ဦးတီထြင္သူက႑အတြက္ ဆုရရွိသူမ်ားထဲမွ တစ္ဦးအပါအဝင္ျဖစ္သည္။ အဆိုပါဆုရရွိသူမ်ားစာရင္းတြင္ start-up လုပ္ငန္းမ်ားကိုတည္ေထာင္သူႏွင့္ CEO မ်ား၊ ႏိုင္ငံတကာႏွင့္ ေဒသႏၲရစီးပြားေရးႏွင့္ အစိုးရပိုင္းမွ ဦးေဆာင္သူမ်ား၊ ေရသန႔္စင္ေရးလုပ္ငန္းမွစ၍ ဘ႑ာေရးဝန္ေဆာင္မႈမ်ား လူတိုင္းအသုံးျပဳႏိုင္ေရး၊ ပညာေရးႏွင့္ အျခားေသာက႑မ်ားတြင္ ဆန္းသစ္ေသာ တီထြင္မႈမ်ားျဖင့္ လူမႈေရးႏွင့္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာျပႆနာမ်ားကို ေျဖရွင္းရန္ ႀကိဳးစားအေျဖရွာေနသည့္ ကြၽမ္းက်င္ပညာရွင္မ်ား လည္း ပါဝင္ပါသည္။

သဘာဝႏွင့္အနီးစပ္ဆုံးတူေသာပုံရိပ္ေယာင္နည္းပညာ (VR, AR) တို႔အျပင္ အျခားေသာစမတ္ဖုန္းနည္းပညာ မ်ားကိုအသုံးျပဳ၍ အနာဂတ္၏ပညာသင္ၾကားေရးကို ႐ုပ္လုံးေဖာ္အသက္သြင္းႏိုင္ရန္ႏွင့္ အရည္အေသြးမီ ပညာေရးကို လူတန္းစားမေ႐ြး တန္းတူညီမွ်ရရွိႏိုင္ရန္အတြက္ ရည္သန္ေဆာင္႐ြက္လ်က္ရွိသည့္ လူမႈေရးရာ ဆန္းသစ္တီထြင္သူတစ္ဦးျဖစ္ေသာ မလွလွဝင္းသည္ ႏိုင္ငံတကာစင္ျမင့္အထက္တြင္ ျမန္မာႏိုင္ငံအား ကိုယ္စားျပဳခဲ့ပါသည္။ သူမသည္ Silicon Valley ရွိ NASA Research Park တြင္ အေျခစိုက္ထားေသာ ပညာသင္ၾကားေရးပိုင္းဆိုင္ရာ နည္းပညာလုပ္ငန္း တစ္ခုျဖစ္သည့္ 360ed ကို တည္ေထာင္ခဲ့သူျဖစ္ပါသည္။ ျမန္မာ့အေျခခံပညာေရးတြင္ရွိႏွင့္ထားၿပီးေသာ နည္းပညာႏွင့္သင္ၾကားေရးေပါင္းစည္းမႈအေဆာက္အဦကို အသုံးျပဳ ၿပီး ျမန္မာ့ပညာေရးေလာက၏ ျပဳျပင္ေျပာင္းလဲမႈကို အရွိန္ျမႇင့္တင္ရန္မွာ 360ed ၏ ရည္မွန္းခ်က္ျဖစ္ပါ သည္။ The Schwab Foundation မွ ဆုခ်ီးျမႇင့္ျခင္းခံရသည့္အျပင္ မလွလွဝင္းသည္ ၂၀၁၉ ခုႏွစ္ World Economic Forum ၏ Sustainable Development Impact Summit တြင္ EdTech ကိုအသုံးျပဳၿပီး သင္ၾကားေရးစံႏႈန္းမ်ားကို ျပန္လည္ျပ႒ာန္းျခင္းျဖင့္ အနာဂတ္လုပ္ငန္းခြင္အတြက္ လုပ္ငန္းေရးရာ အသင့္ျဖစ္ေနမႈ၊ က်ိဳးေၾကာင္းဆက္စပ္ေတြးေခၚႏိုင္မႈမ်ားကို တိုးျမႇင့္လုပ္ေဆာင္ႏိုင္ေၾကာင္း “လူတိုင္းအတြက္ ေကာင္းမြန္ေသာအလုပ္ကို ရယူျခင္း” ဟူသည့္ေခါင္းစဥ္ကို panelist တစ္ေယာက္အေနျဖင့္ ဝင္ေရာက္ေဆြးေႏြးႏိုင္ခဲ့ပါသည္။

“လူ႔အဖြဲ႕အစည္းနဲ႔ အနာဂတ္အတြက္ ဆန္းသစ္တီထြင္ရာမွာ လက္ဦးမႈရယူၿပီးေဆာင္႐ြက္ေနၾကတဲ့ ကြၽန္ေတာ္ေလးစားအားက်ရတဲ့သူေတြနဲ႔ ယေန႔ဒီေနရာမွာအတူရွိေနရတာကို ကြၽန္ေတာ္အလြန္ပဲဂုဏ္ယူမိပါတယ္။ နည္းပညာဟာ ျမန္မာႏိုင္ငံရဲ႕ပညာေရးေလာကကို အသြင္ေျပာင္းလဲေပးႏိုင္ၿပီး အသိပညာမ်ားကိုလည္း လူတန္းစားမေ႐ြး တန္းတူညီမွ်ရရွိႏိုင္ေစမယ္လို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္” ဟု မလွလွဝင္းကေျပာၾကားခဲ့ သည္။ “ကြၽန္ေတာ္စာသင္ျပေနရင္း သတိထားမိတာတစ္ခုကေတာ့ ျမန္မာႏိုင္ငံမွာရွိတဲ့ ေက်ာင္းသူ၊ ေက်ာင္း သားေတြဟာ ကိုယ့္အားကိုယ္ကိုးၿပီးေလ့လာတတ္ဖို႔ တနည္းဆိုရရင္ ကိုယ့္ကိုယ္ကို ေလ့လာသင္ယူႏိုင္တယ္ဆိုတဲ့ ယုံၾကည္မႈ တည္ေဆာက္ရာမွာ ႏိုင္ငံတကာက ကေလးေတြနဲ႔ယွဥ္ရင္ အားနည္းေနေသးတာကို ေတြ႕ရပါ တယ္။ ဒါေၾကာင့္မို႔လို႔ ေက်ာင္းသူ၊ ေက်ာင္းသားေတြကို စင္ျမင့္အထက္က တာဝန္ရွိသူေတြအေပၚသာ မွီခိုေန မယ့္အစား ကိုယ္တိုင္ကိုယ္က်ေလ့လာသင္ယူတတ္ဖို႔ အကူအညီေပးခ်င္တာဟာ ကြၽန္ေတာ္ရဲ႕ ရည္မွန္းခ်က္ျဖစ္ လာခဲ့ပါတယ္။ Virtual Reality ကို အသုံးျပဳၿပီး ျမန္မာႏိုင္ငံ က ဆရာ၊ ဆရာမေတြ သင္ၾကားမႈဆိုင္ရာ ကြၽမ္းက်င္တိုးတက္ေရးနဲ႔ ႏိုင္ငံတကာနဲ႔တန္းတူ ထိေရာက္စြာသင္ၾကားျပႏိုင္ေရးတို႔အတြက္ ကမာၻတစ္ဝွမ္းမွာရွိ တဲ့ အေကာင္းဆုံးစာသင္ခန္းေတြဆီကို ကိုယ္တိုင္တကယ္သြားေရာက္လည္ပတ္ေနရသလို ခံစားရမယ့္အခြင့္အေရးကို ကြၽန္ေတာ္တို႔ 360ed က ဖန္တီးေပးဖို႔ ရည္႐ြယ္ပါတယ္” ဟုလည္း ထပ္ေလာင္းေျပာ ၾကားသြားခဲ့သည္။

“လူမႈေရးရာဆန္းသစ္တီထြင္မႈေတြက လုပ္ငန္းက႑အသီးသီးမွာ သက္ေရာက္မႈရွိလာတယ္ဆိုတာကို လူေတြ က ပိုၿပီး လက္ခံအသိအမွတ္ျပဳလာၾကပါတယ္။ ေနာက္ၿပီး အေျပာင္းအလဲကို ဦးေဆာင္ဖန္တီးသူမ်ား ေပၚေပါက္ လာတဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔ရဲ႕ အဖြဲ႕အစည္းလည္ပတ္ပုံေတြ တစ္ဖန္ ေျပာင္းလဲလာခဲ့ပါတယ္။ ဒီလိုေျပာင္းလဲလာတာဟာ ၂၀၃၀ ခုႏွစ္မွာ ေရရွည္တည္တံ့ဖြံ႕ၿဖိဳးတိုးတက္ေရးပန္းတိုင္ (Sustainable Development Goal) ကို ေရာက္ရွိေစဖို႔အတြက္ အေထာက္အကူေပးႏိုင္ပါလိမ့္တယ္။ ဦးေဆာင္မႈေဂဟစနစ္ကို ကိုယ္စားျပဳတဲ့ ဒီ ၂၀၁၉ ခုႏွစ္အတြက္ The Schwab Foundation ဆုကိုရရွိတဲ့သူေတြဟာ အဖြဲ႕အစည္းနဲ႔ စနစ္ေတြကို ပိုမိုေကာင္းမြန္တဲ့အနာဂတ္ဆီကို ဦးေဆာင္သြားႏိုင္ပါလိမ့္မယ္။ သူတို႔ေတြဟာ အျခားနည္းလမ္းေတြ လုပ္ထုံးလုပ္နည္းအသစ္ေတြကို ပုံေဖာ္ေန႐ုံသာမကပဲ လူ႔အဖြဲ႕အစည္းကို သက္ဝင္လႈပ္ရွားလာေအာင္၊ အသြင္းေျပာင္းလဲလာေအာင္ လုပ္ႏိုင္တယ္ဆိုတာ အမွန္တကယ္ျဖစ္ေၾကာင္းကို ရင္းႏွီးျမႇဳပ္ႏွံမႈေတြ၊ လူမႈစီးပြားေရးဆိုင္ရာမူဝါဒေတြ၊ 4IR နည္းပညာေတြ၊ တန္းတူညီမွ်မႈကိုေမွ်ာ္မွန္းတဲ့ လူမႈစီးပြားေရးလုပ္ငန္းေတြကို ပိုၿပီးအက်ိဳးသက္ေရာက္မႈရွိေအာင္လုပ္ေဆာင္ၿပီး သက္ေသျပေနပါတယ္။ The Schwab Foundation ရဲ႕ ဆုရရွိသူမ်ားဟာ အဲဒီအေတြးအျမင္ေတြကို အေကာင္အထည္ေဖာ္ၿပီး SDG ရည္မွန္းခ်က္မ်ားကို ေရာက္ရွိႏိုင္ဖို႔အတြက္ လမ္းျပေပးႏိုင္မယ့္သူမ်ားျဖစ္ပါတယ္” ဟု Head of Schwab Foundation ျဖစ္သူ Dr. Francois မွ ေျပာၾကားခဲ့သည္။

The Schwab Foundation သည္ ဖန္တီးႏိုင္စြမ္းျမင့္မားေသာ၊ အဆင့္အတန္းခြဲျခားမႈမရွိေသာ၊ ေမတၱာတရားေရွ႕ထားေသာ၊ စြန႔္ဦးတီထြင္စြမ္းရွိေသာ၊ စီးပြားေရး၊ လူသားႏွင့္သဘာဝပတ္ဝန္းက်င္ဆိုင္ရာ အေတြးအျမင္မ်ားျမင့္မားတိုးတက္လာေစရန္ ေရရွည္တည္တံ့ေသာလုပ္ငန္းမ်ားကို ေဖာ္ေဆာင္ႏိုင္ေသာ လူမႈ စြန႔္ဦးတီထြင္သူမ်ားကို ေခါင္းေဆာင္သစ္မ်ားအျဖစ္ အႏွစ္ ၂၀ ၾကာေအာင္ အသိအမွတ္ျပဳခဲ့သည့္အျပင္ ၎တို႔အားလည္း World Economic Forum ပလက္ေဖာင္းမ်ားတြင္ ပါဝင္တက္ေရာက္ေစခဲ့ပါသည္။ ကမၻၻာလုံးဆိုင္ရာ တိုးတက္မႈကို အရွိန္ျမႇင့္တင္ေပးမည့္ လူမႈေရးရာဆန္းသစ္တီထြင္ျခင္း၏ ေဂဟစနစ္ကို အေထာက္အပံ့ေပးရန္ အတြက္ The Schwab Foundation သည္ ယခုႏွစ္တြင္ Social Entrepreneur of the Year ဆုအျပင္ Public Intrepreneur, Corporate Social Intrapreneur ႏွင့္ Social Innovation Thought Leader အစရွိသည့္ က႑ ၃ ခု ကို ဆုခ်ီးျမႇင့္မည့္စာရင္းတြင္ ထပ္မံထည့္သြင္းခဲ့ပါသည္။

[Unicode]

မြန်မာနိုင်ငံ၏ 360ed တည်ထောင်သူအား နိုင်ငံတကာမှ လူမှုရေးရာ တီထွင်ဆန်းသစ်သူများစာရင်းတွင် ထည့်သွင်းအသိအမှတ်ပြု

မလှလှဝင်း၏ တီထွင်ဆန်းသစ်မှုများနှင့် ကမ္ဘာတဝှမ်းအကျိုးသက်ရောက်နိုင်စွမ်းတို့အား အသိအမှတ်ပြုရန် The Schwab Foundation မှ လူမှုရေးရာဆန်းသစ်တီထွင်သူ အယောက် ၄၀ စာရင်းတွင် ဖော်ပြလိုက်သည်။

The Schwab Foundation for Social Entrepreneurship မှ ၂၀၁၉ ခုနှစ်အတွက် လူမှုရေးရာဆန်းသစ်တီထွင်ရေးတွင် ဆုရရှိသူ ၄၀ စာရင်းကို နယူးယောက်ခ်မြို့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ မြန်မာနိုင်ငံမှ 360ed ၏ CEO နှင့်တည်ထောင်သူ မလှလှဝင်းသည်လည်း လူမှုစွန့်ဦးတီထွင်သူကဏ္ဍအတွက် ဆုရရှိသူများထဲမှ တစ်ဦးအပါအဝင်ဖြစ်သည်။ အဆိုပါဆုရရှိသူများစာရင်းတွင် start-up လုပ်ငန်းများကိုတည်ထောင်သူနှင့် CEO များ၊ နိုင်ငံတကာနှင့် ဒေသန္တရစီးပွားရေးနှင့် အစိုးရပိုင်းမှ ဦးဆောင်သူများ၊ ရေသန့်စင်ရေးလုပ်ငန်းမှစ၍ ဘဏ္ဍာရေးဝန်ဆောင်မှုများ လူတိုင်းအသုံးပြုနိုင်ရေး၊ ပညာရေးနှင့် အခြားသောကဏ္ဍများတွင် ဆန်းသစ်သော တီထွင်မှုများဖြင့် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဖြေရှင်းရန် ကြိုးစားအဖြေရှာနေသည့် ကျွမ်းကျင်ပညာရှင်များ လည်း ပါဝင်ပါသည်။

သဘာဝနှင့်အနီးစပ်ဆုံးတူသောပုံရိပ်ယောင်နည်းပညာ (VR, AR) တို့အပြင် အခြားသောစမတ်ဖုန်းနည်းပညာ များကိုအသုံးပြု၍ အနာဂတ်၏ပညာသင်ကြားရေးကို ရုပ်လုံးဖော်အသက်သွင်းနိုင်ရန်နှင့် အရည်အသွေးမီ ပညာရေးကို လူတန်းစားမရွေး တန်းတူညီမျှရရှိနိုင်ရန်အတွက် ရည်သန်ဆောင်ရွက်လျက်ရှိသည့် လူမှုရေးရာ ဆန်းသစ်တီထွင်သူတစ်ဦးဖြစ်သော မလှလှဝင်းသည် နိုင်ငံတကာစင်မြင့်အထက်တွင် မြန်မာနိုင်ငံအား ကိုယ်စားပြုခဲ့ပါသည်။ သူမသည် Silicon Valley ရှိ NASA Research Park တွင် အခြေစိုက်ထားသော ပညာသင်ကြားရေးပိုင်းဆိုင်ရာ နည်းပညာလုပ်ငန်း တစ်ခုဖြစ်သည့် 360ed ကို တည်ထောင်ခဲ့သူဖြစ်ပါသည်။ မြန်မာ့အခြေခံပညာရေးတွင်ရှိနှင့်ထားပြီးသော နည်းပညာနှင့်သင်ကြားရေးပေါင်းစည်းမှုအဆောက်အဦကို အသုံးပြု ပြီး မြန်မာ့ပညာရေးလောက၏ ပြုပြင်ပြောင်းလဲမှုကို အရှိန်မြှင့်တင်ရန်မှာ 360ed ၏ ရည်မှန်းချက်ဖြစ်ပါ သည်။ The Schwab Foundation မှ ဆုချီးမြှင့်ခြင်းခံရသည့်အပြင် မလှလှဝင်းသည် ၂၀၁၉ ခုနှစ် World Economic Forum ၏ Sustainable Development Impact Summit တွင် EdTech ကိုအသုံးပြုပြီး သင်ကြားရေးစံနှုန်းများကို ပြန်လည်ပြဋ္ဌာန်းခြင်းဖြင့် အနာဂတ်လုပ်ငန်းခွင်အတွက် လုပ်ငန်းရေးရာ အသင့်ဖြစ်နေမှု၊ ကျိုးကြောင်းဆက်စပ်တွေးခေါ်နိုင်မှုများကို တိုးမြှင့်လုပ်ဆောင်နိုင်ကြောင်း “လူတိုင်းအတွက် ကောင်းမွန်သောအလုပ်ကို ရယူခြင်း” ဟူသည့်ခေါင်းစဉ်ကို panelist တစ်ယောက်အနေဖြင့် ဝင်ရောက်ဆွေးနွေးနိုင်ခဲ့ပါသည်။

“လူ့အဖွဲ့အစည်းနဲ့ အနာဂတ်အတွက် ဆန်းသစ်တီထွင်ရာမှာ လက်ဦးမှုရယူပြီးဆောင်ရွက်နေကြတဲ့ ကျွန်တော်လေးစားအားကျရတဲ့သူတွေနဲ့ ယနေ့ဒီနေရာမှာအတူရှိနေရတာကို ကျွန်တော်အလွန်ပဲဂုဏ်ယူမိပါတယ်။ နည်းပညာဟာ မြန်မာနိုင်ငံရဲ့ပညာရေးလောကကို အသွင်ပြောင်းလဲပေးနိုင်ပြီး အသိပညာများကိုလည်း လူတန်းစားမရွေး တန်းတူညီမျှရရှိနိုင်စေမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု မလှလှဝင်းကပြောကြားခဲ့ သည်။ “ကျွန်တော်စာသင်ပြနေရင်း သတိထားမိတာတစ်ခုကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းသူ၊ ကျောင်း သားတွေဟာ ကိုယ့်အားကိုယ်ကိုးပြီးလေ့လာတတ်ဖို့ တနည်းဆိုရရင် ကိုယ့်ကိုယ်ကို လေ့လာသင်ယူနိုင်တယ်ဆိုတဲ့ ယုံကြည်မှု တည်ဆောက်ရာမှာ နိုင်ငံတကာက ကလေးတွေနဲ့ယှဉ်ရင် အားနည်းနေသေးတာကို တွေ့ရပါ တယ်။ ဒါကြောင့်မို့လို့ ကျောင်းသူ၊ ကျောင်းသားတွေကို စင်မြင့်အထက်က တာဝန်ရှိသူတွေအပေါ်သာ မှီခိုနေ မယ့်အစား ကိုယ်တိုင်ကိုယ်ကျလေ့လာသင်ယူတတ်ဖို့ အကူအညီပေးချင်တာဟာ ကျွန်တော်ရဲ့ ရည်မှန်းချက်ဖြစ် လာခဲ့ပါတယ်။ Virtual Reality ကို အသုံးပြုပြီး မြန်မာနိုင်ငံ က ဆရာ၊ ဆရာမတွေ သင်ကြားမှုဆိုင်ရာ ကျွမ်းကျင်တိုးတက်ရေးနဲ့ နိုင်ငံတကာနဲ့တန်းတူ ထိရောက်စွာသင်ကြားပြနိုင်ရေးတို့အတွက် ကမ္ဘာတစ်ဝှမ်းမှာရှိ တဲ့ အကောင်းဆုံးစာသင်ခန်းတွေဆီကို ကိုယ်တိုင်တကယ်သွားရောက်လည်ပတ်နေရသလို ခံစားရမယ့်အခွင့်အရေးကို ကျွန်တော်တို့ 360ed က ဖန်တီးပေးဖို့ ရည်ရွယ်ပါတယ်” ဟုလည်း ထပ်လောင်းပြော ကြားသွားခဲ့သည်။

“လူမှုရေးရာဆန်းသစ်တီထွင်မှုတွေက လုပ်ငန်းကဏ္ဍအသီးသီးမှာ သက်ရောက်မှုရှိလာတယ်ဆိုတာကို လူတွေ က ပိုပြီး လက်ခံအသိအမှတ်ပြုလာကြပါတယ်။ နောက်ပြီး အပြောင်းအလဲကို ဦးဆောင်ဖန်တီးသူများ ပေါ်ပေါက် လာတဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းလည်ပတ်ပုံတွေ တစ်ဖန် ပြောင်းလဲလာခဲ့ပါတယ်။ ဒီလိုပြောင်းလဲလာတာဟာ ၂၀၃၀ ခုနှစ်မှာ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (Sustainable Development Goal) ကို ရောက်ရှိစေဖို့အတွက် အထောက်အကူပေးနိုင်ပါလိမ့်တယ်။ ဦးဆောင်မှုဂေဟစနစ်ကို ကိုယ်စားပြုတဲ့ ဒီ ၂၀၁၉ ခုနှစ်အတွက် The Schwab Foundation ဆုကိုရရှိတဲ့သူတွေဟာ အဖွဲ့အစည်းနဲ့ စနစ်တွေကို ပိုမိုကောင်းမွန်တဲ့အနာဂတ်ဆီကို ဦးဆောင်သွားနိုင်ပါလိမ့်မယ်။ သူတို့တွေဟာ အခြားနည်းလမ်းတွေ လုပ်ထုံးလုပ်နည်းအသစ်တွေကို ပုံဖော်နေရုံသာမကပဲ လူ့အဖွဲ့အစည်းကို သက်ဝင်လှုပ်ရှားလာအောင်၊ အသွင်းပြောင်းလဲလာအောင် လုပ်နိုင်တယ်ဆိုတာ အမှန်တကယ်ဖြစ်ကြောင်းကို ရင်းနှီးမြှုပ်နှံမှုတွေ၊ လူမှုစီးပွားရေးဆိုင်ရာမူဝါဒတွေ၊ 4IR နည်းပညာတွေ၊ တန်းတူညီမျှမှုကိုမျှော်မှန်းတဲ့ လူမှုစီးပွားရေးလုပ်ငန်းတွေကို ပိုပြီးအကျိုးသက်ရောက်မှုရှိအောင်လုပ်ဆောင်ပြီး သက်သေပြနေပါတယ်။ The Schwab Foundation ရဲ့ ဆုရရှိသူများဟာ အဲဒီအတွေးအမြင်တွေကို အကောင်အထည်ဖော်ပြီး SDG ရည်မှန်းချက်များကို ရောက်ရှိနိုင်ဖို့အတွက် လမ်းပြပေးနိုင်မယ့်သူများဖြစ်ပါတယ်” ဟု Head of Schwab Foundation ဖြစ်သူ Dr. Francois မှ ပြောကြားခဲ့သည်။

The Schwab Foundation သည် ဖန်တီးနိုင်စွမ်းမြင့်မားသော၊ အဆင့်အတန်းခွဲခြားမှုမရှိသော၊ မေတ္တာတရားရှေ့ထားသော၊ စွန့်ဦးတီထွင်စွမ်းရှိသော၊ စီးပွားရေး၊ လူသားနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အတွေးအမြင်များမြင့်မားတိုးတက်လာစေရန် ရေရှည်တည်တံ့သောလုပ်ငန်းများကို ဖော်ဆောင်နိုင်သော လူမှု စွန့်ဦးတီထွင်သူများကို ခေါင်းဆောင်သစ်များအဖြစ် အနှစ် ၂၀ ကြာအောင် အသိအမှတ်ပြုခဲ့သည့်အပြင် ၎င်းတို့အားလည်း World Economic Forum ပလက်ဖောင်းများတွင် ပါဝင်တက်ရောက်စေခဲ့ပါသည်။ ကမ္ဘ္ဘာလုံးဆိုင်ရာ တိုးတက်မှုကို အရှိန်မြှင့်တင်ပေးမည့် လူမှုရေးရာဆန်းသစ်တီထွင်ခြင်း၏ ဂေဟစနစ်ကို အထောက်အပံ့ပေးရန် အတွက် The Schwab Foundation သည် ယခုနှစ်တွင် Social Entrepreneur of the Year ဆုအပြင် Public Intrepreneur, Corporate Social Intrapreneur နှင့် Social Innovation Thought Leader အစရှိသည့် ကဏ္ဍ ၃ ခု ကို ဆုချီးမြှင့်မည့်စာရင်းတွင် ထပ်မံထည့်သွင်းခဲ့ပါသည်။