Soundcloud ဟာ အဆိုတော်တွေ၊ အဆိုဝါသနာ ပါသူတွေအတွက် သီချင်းတွေ အခမဲ့ တင်နိုင်ပြီး ပရိသတ်တွေကို ချပြနိုင်တဲ့ ပလက်ဖောင်း ၁ ခု ဖြစ်ပါတယ်။ Soundcloud ဟာ တော်တော်ကောင်းတဲ့ ပလက်ဖောင်း ဖြစ်ပေမယ့် Soundcloud လိုမျိုးသီချင်းတွေ အခမဲ့ Upload လုပ်နိုင်တဲ့ Website တွေ ရှိပါသေးတယ်။

၁။ Audiomack

Audiomack ဟာ သင့် သီချင်းတွေကို Streaming Service တွေဆီ ဖြန့်ချိဖို့ လေ့လာနိုင်တဲ့ နေရာ ၁ ခု ဖြစ်ပါတယ်။ Audiomack မှာ သီချင်းတွေကို အကန့်အသတ် မရှိ တင်နိုင်တာက တော်တော်မိုက်ပါတယ်။ Soundcloud မသုံးချင်ရင် Follower များစွာ ရှိတဲ့ Audiomack က အကောင်းဆုံး ဖြစ်ပါတယ်။ အဲဒီမှာ နေ့စဉ် သုံးစွဲသူပေါင်း ၅ သန်းကျော်ရှိတဲ့အတွက် သင့်အတွက် Fans များစွာ တိုးပွားလာနိုင်ပါတယ်။

၂။ Bandcamp

အနုပညာ သမားတွေကို ဦးစားပေးတဲ့ ပလက်ဖောင်းကို ရှာဖွေရတာ မလွယ်ကူပါဘူး။ ဒီပြဿနာကို Bandcamp က ကူညီပေးနိုင်ပါတယ်။ အဆိုဝါသနာရှင်တွေအတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင် ၁ ခုကို ဖန်တီးပေးထားပြီး သင့် အိတ်ထဲက ပိုက်ဆံတွေ အကုန်ခံစရာ မလိုဘဲ သီချင်းတွေ တင်နိုင်ပါတယ်။

အဆိုရှင်တွေကို ထောက်ပံ့ပေးဖို့ Bandcamp Friday ကို လတိုင်းရဲ့ ပထမဆုံး သောကြာနေ့မှာ ပံ့ပိုးပေးထားပါတယ်။ ပုံမှန်ဆိုရင် သီချင်းရောင်းချရတဲ့ ငွေရဲ့ ၁၅ ရာခိုင်နှုန်းကို Website က ရယူပါတယ်။ ဒါပေမယ့် Bandcamp Friday မှာ ရောင်းချရတဲ့ ငွေအားလုံးကို အဆိုရှင်က ရရှိမှာပါ။

၃။ NoiseTrade

NoiseTrade က အဆိုတော်တွေနဲ့ ပရိသတ်တွေကိုချိတ်ဆက်ပေးပြီး သီချင်းတွေ အခမဲ့ တင်နိုင်ပါတယ်။ Fans တွေလည်း အခမဲ့ ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။ ဒါပေမယ့် သင့် သီချင်းကို သူတို့ နားဆင်ချင်ရင်တော့ အီးမေး လိပ်စာနဲ့ မှတ်ပုံတင်ရမှာပါ။ အဆိုတော်တွေက အဲဒီ အီးမေး လိပ်စာတွေကို Mailing List အဖြစ် ဖန်တီးနိုင်ပါတယ်။

NoiseTrade မှာ သင့် သီချင်းတွေကို အခမဲ့ နားဆင်ခွင့်ပေးရမှာ ဖြစ်ပေမယ့် Fans တွေပေးတဲ့ Tips တွေကို ရရှိမှာပါ။

၄။ YouTube

အခမဲ့ သီချင်းတွေ တင်နိုင်တဲ့ Website တွေထဲမှာ နာမည်ကြီး YouTube လည်း ပါပါတယ်။ YouTube ဟာ ဒုတိယ အကြီးဆုံး လူမှုကွန်ရက် ဖြစ်တဲ့အတွက် သင့် သီချင်းတွေကို လူပိုသိလာနိုင်ပါတယ်။ YouTube ဟာ ဗီဒီယိုတွေကြည့်တဲ့ ပလက်ဖောင်း အဖြစ် လူသိများပေမယ့် YouTube Music ကို တိုးချဲ့ ဖန်တီးပေးထားပါတယ်။

YouTube Music မှာ သီချင်းတွေ အခမဲ့ တင်နိုင်သလို Fans တွေကလည်း အခမဲ့ နားဆင်နိုင်ပါတယ်။ Playlist တွေ ဖန်တီးကာ မျှဝေနိုင်တာက သီချင်းချစ်သူတွေအတွက် အသုံးဝင်ပါတယ်။ Fans တွေက နှစ်သက်တဲ့ အဆိုရှင်တွေကို Subscribe လုပ်နိုင်ပါတယ်။

Ref : makeuseof