ဇူလိုင်လထဲမှာ Xiaomi ရဲ့ စွမ်းရည်မြင့် စမတ်ဖုန်းများစွာကို ကြေညာတော့မှာဖြစ်ပြီး အဲဒီ ဖုန်းတွေက Xiaomi 12 Ultra, Xiaomi 12S , Xiaomi 12S Pro နဲ့ Xiaomi 12S Pro Dimensity Edition တို့ ဖြစ်ပါတယ်။

ဇူလိုင်လထဲရောက်ဖို့နီးလာတဲ့အချိန်မှာပဲ နာမည်ကြီး တရုတ် Tipster Digital Chat Station က အဲဒီ ဖုန်း ၄ လုံးကို China MIIT (Ministry of Industry and Information Technology) မှာ မှတ်ပုံတင်ထားပြီ ဖြစ်တဲ့အတွက် မကြာခင် ကြေညာတော့မယ်လို့ သတင်းပေးလာပါတယ်။

MIIT မှာ Xiaomi ရဲ့ စွမ်းရည်မြင့် ဖုန်း ၄ လုံးဟာ Standalone နဲ့ Non Standalone (SA/NSA) 5G ကို ထောက်ပံ့မယ်လို့ပဲ ပြောထားပြီး တခြား သတင်းအချက်အလက်တွေကို ဘာမှ မဖော်ပြထားပါဘူး။ ဒါ့အပြင် တရုတ်မှာ Electronics Safety အတွက် မှတ်ပုံတင်ထားတယ်လို့ သိရပါတယ်။

DCS-Xiaomi 12 Flagships 512GB storage

Digital Chat Station က နောက်လ ကြေညာမယ့် Xiaomi 12 Ultra, Xiaomi 12S နဲ့ Xiaomi 12S Pro မှာ Snapdragon 8+ Gen 1 မောင်းနှင်ထားမယ်လို့ ပြောပါတယ်။ အဲဒီ ဖုန်း ၃ လုံးမှာ MediaTek Dimensity 9000 SoC ပါတဲ့ Redmi K50 Pro မှာလို 512GB Storage ထည့်သွင်းထားမှာပါ။

Xiaomi 12S Pro Dimensity Edition ရဲ့ Memory Configuration အကြောင်းကို မသိရသေးပေမယ့် MediaTek Dimensity 9000 SoC မောင်းနှင်ထားမှာပါ။

https://www.youtube.com/watch?v=-6XggdphmoA

နောက်လကြေညာမယ့် Xiaomi ရဲ့ ဖုန်း ၄ လုံးမှာ Leica ရဲ့ ကင်မရာတွေ ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ Xiaomi ဟာ မကြာခင်က Leica နဲ့ ပူးပေါင်းလိုက်တယ်လို့ ကြေညာလိုက်တဲ့အတွက် ဒီသတင်းဟာ ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ လက ပေါက်ကြားခဲ့တဲ့ Xiaomi 12S ရဲ့ ဓါတ်ပုံမှာ အနောက်ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး Leica Branding ကို မြင်ရပါတယ်။

Ref : gizmochina