[Zawgyi]

Huawei က ဇြန္လမွာ Nova 5 Series ေတြကို ေၾကညာခဲ့ပါတယ္။ အဲဒီထဲမွာ Kirin 710F ပါတဲ့ Nova 5i , Kirin 810 ပါတဲ့ Nova 5 နဲ႔ Kirin 980 ပါတဲ့ စြမ္းရည္ျမင့္ Nova 5 Pro ေတြ ပါပါတယ္။ ေနာက္လမွာ Nova 5i  Pro နဲ႔ ၾသဂုတ္လမွာ Nova 5T တို႔ကို ပြဲထုတ္ခဲ့ပါတယ္။ Huawei က ဒါနဲ႔တင္ မၿပီးေသးပါဘူး။ Nova 5z နာမည္ရ ဖုန္းအသစ္ရဲ႕ Teaser ကို မွ်ေ၀လုိက္ပါတယ္။

ပိုစတာမွာ ဖုန္း ဒီဇိုင္းကို ျပသထားတဲ့ အျပင္ Key Specs တခ်ိဳ႕ကိုပါ မွ်ေ၀ထားပါတယ္။ ဒီဇိုင္းပိုင္းမွာ Nova 5z မွာ Notch မပါလာဘဲ ဘယ္ဘက္ထိပ္မွာ Punch-hole Camera တပ္ထားပါတယ္။ မ်က္ႏွာျပင္ရဲ႕ ထိပ္နဲ႔ ေဘးဘက္ေဘာင္ေတြဟာ အရမ္းကို ပါးလႊာတာက အရမ္းမိုက္ပါတယ္။ ဒါေပမယ့္ ေအာက္ကေဘာင္ကေတာ့ နည္းနည္းထူပါတယ္။

အေနာက္ဘက္မွာ ကင္မရာ ၄ လံုးကို ေလးေထာင့္ေဘာင္ထဲ ထည့္ထားပါတယ္။ LED Flash ၁ ခုလည္း တပ္ဆင္ထားပါတယ္။ ကင္မရာေတြရဲ႕ ေအာက္မွာ လက္ေဗြရာ ကိရိယာ ထည့္ထားပါတယ္။  Green နဲ႔ Aurora ၂ ေရာင္ေတြ႕ရပါတယ္။ ပိုစတာအရ Kirin 810 Processor ေမာင္းႏွင္ထားမွာ ျဖစ္ၿပီး ဒီႏွစ္ထဲ ေၾကညာခဲ့တဲ့ 7nm Chipset ျဖစ္ပါတယ္။ အေနာက္ဘက္ ပင္မ ကင္မရာဟာ 48MP နဲ႔ ဆဲလ္ဖီးကင္မရာဟာ 32MP ျဖစ္ပါတယ္။

ေၾကညာမယ့္ အခ်ိန္ကိုေတာ့ Huawei က မေျပာေသးပါဘူး။ Nova 5z နဲ႔အတူ တျခား ဖုန္း ၁ လံုးကိုလည္း ကုမၸဏီက ေၾကညာႏုိင္ပါတယ္။ အဲဒီ ဖုန္းမွာ OLED Display , Triple Rear Cameras နဲ႔ 4,000mAh Battery ပါလာမယ္လို႔ TENAA မွာ ေဖာ္ျပထားၿပီး P Smart 2020 ျဖစ္ႏုိင္ပါတယ္။

Ref : gizmochina

[Unicode]

48MP Quad Camera ပါလာမယ့် Huawei Nova 5z

Huawei က ဇွန်လမှာ Nova 5 Series တွေကို ကြေညာခဲ့ပါတယ်။ အဲဒီထဲမှာ Kirin 710F ပါတဲ့ Nova 5i , Kirin 810 ပါတဲ့ Nova 5 နဲ့ Kirin 980 ပါတဲ့ စွမ်းရည်မြင့် Nova 5 Pro တွေ ပါပါတယ်။ နောက်လမှာ Nova 5i Pro နဲ့ သြဂုတ်လမှာ Nova 5T တို့ကို ပွဲထုတ်ခဲ့ပါတယ်။ Huawei က ဒါနဲ့တင် မပြီးသေးပါဘူး။ Nova 5z နာမည်ရ ဖုန်းအသစ်ရဲ့ Teaser ကို မျှဝေလိုက်ပါတယ်။

ပိုစတာမှာ ဖုန်း ဒီဇိုင်းကို ပြသထားတဲ့ အပြင် Key Specs တချို့ကိုပါ မျှဝေထားပါတယ်။ ဒီဇိုင်းပိုင်းမှာ Nova 5z မှာ Notch မပါလာဘဲ ဘယ်ဘက်ထိပ်မှာ Punch-hole Camera တပ်ထားပါတယ်။ မျက်နှာပြင်ရဲ့ ထိပ်နဲ့ ဘေးဘက်ဘောင်တွေဟာ အရမ်းကို ပါးလွှာတာက အရမ်းမိုက်ပါတယ်။ ဒါပေမယ့် အောက်ကဘောင်ကတော့ နည်းနည်းထူပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို လေးထောင့်ဘောင်ထဲ ထည့်ထားပါတယ်။ LED Flash ၁ ခုလည်း တပ်ဆင်ထားပါတယ်။ ကင်မရာတွေရဲ့ အောက်မှာ လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။ Green နဲ့ Aurora ၂ ရောင်တွေ့ရပါတယ်။ ပိုစတာအရ Kirin 810 Processor မောင်းနှင်ထားမှာ ဖြစ်ပြီး ဒီနှစ်ထဲ ကြေညာခဲ့တဲ့ 7nm Chipset ဖြစ်ပါတယ်။ အနောက်ဘက် ပင်မ ကင်မရာဟာ 48MP နဲ့ ဆဲလ်ဖီးကင်မရာဟာ 32MP ဖြစ်ပါတယ်။

ကြေညာမယ့် အချိန်ကိုတော့ Huawei က မပြောသေးပါဘူး။ Nova 5z နဲ့အတူ တခြား ဖုန်း ၁ လုံးကိုလည်း ကုမ္ပဏီက ကြေညာနိုင်ပါတယ်။ အဲဒီ ဖုန်းမှာ OLED Display , Triple Rear Cameras နဲ့ 4,000mAh Battery ပါလာမယ်လို့ TENAA မှာ ဖော်ပြထားပြီး P Smart 2020 ဖြစ်နိုင်ပါတယ်။

Ref : gizmochina