Investment banking firm Wedbush ရဲ့ လေ့လာဆန်းစစ်သူ Daniel Ives ရဲ့ အဆိုအရ Apple ရဲ့ ပထမဆုံး 5G iPhone တွေဟာ ထူးကဲကောင်းမွန်တဲ့ ယန္တယားလည်ပတ်မှုကို ဖြစ်ပေါ်စေမယ်လို့ သိရပါတယ်။ ဒါပေမယ့် 5G ကွန်ရက်ဖြန့်ကျက်မှုဟာ ရာနှုန်းအနည်းငယ်သာရှိနေတာကြောင့် အမေရိကန်ကုမ္ပဏီကြီးဟာ 4G iPhone 12 မော်ဒယ်တွေကိုလည်း ပြင်ဆင်နေတယ်လို့ ဆိုနိုင်ပါတယ်။

Omega LEAKS နဲ့ RUMORS တို့ရဲ့ အချက်အလက်တွေအရ LTE တစ်ခုတည်း ထောက်ပံ့မယ့် iPhone 12 ဟာ $549 (၇ သိန်း ၆ သောင်းဝန်းကျင်) ဈေးနှုန်းနဲ့ စတင်ဖွယ်ရှိတယ်လို့ ဆိုရမှာပါ။ ကနဦးသတင်းတွေမှာလည်း အခြေခံ မော်ဒယ်ဟာ 4G တစ်မျိုးတည်းပဲ ရမယ်လို့ ဖော်ပြခဲ့ကြတာပါ။ ဒါပေမယ့် LTE iPhone 12 Max လည်း ထွက်လာဦးမှာဖြစ်ပြီး ဈေးနှုန်းက $649 ဖြစ်မယ်လို့ Tipster က ဆိုပါတယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်ကအထိ အများသိထားတာက Apple ဟာ iPhone 12 ကို အရွယ်အစားသုံးမျိုး၊ မော်ဒယ်လေးမျိုးနဲ့ ထုတ်လုပ်ရောင်းချမယ်ဆိုတာပါ။ 5.4-inch iPhone 12 အပါအဝင် 6.1-inch iPhone 12 Max နဲ့ 6.1-inch iPhone 12 Pro၊ ပြီးတော့ 6.7-inch iPhone 12 Pro Max တို့ပဲ ဖြစ်ကြပါတယ်။ အခုသတင်းသာအမှန်ဆိုရင်တော့ iPhone 12 ဟာ မော်ဒယ် ၆ မျိုးဖြစ်လာမယ်လို့ ဆိုနိုင်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတုန်းက Rosenblatt Securities ရဲ့ လေ့လာသုံးသပ်သူ Jun Zhang ကလည်း Apple ဟာ iPhone 12 မော်ဒယ်ခြောက်ခုကို ၂၀၂၀ မှာ စတင်ရောင်းချမယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။ ဒီထဲမှာ 4G မော်ဒယ်နှစ်မျိုးပါပြီး၊ တစ်မျိုးက LCD display သုံးထားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် LTE မော်ဒယ်တွေနဲ့ 5G မော်ဒယ်တွေဟာ လုံးဝကို ကွဲပြားခြားနားတယ်လို့ ဆိုရမယ့် အစိတ်အပိုင်းတွေ မပါဝင်ဘူးလို့လည်း ဆိုခဲ့ပါသေးတယ်။

Ref: Gizmochina