[Zawgyi]

Ming-Chi Kuo ဆိုသူဟာ Apple နဲ႔ပတ္သက္တဲ့ သတင္းေတြကို အစဥ္တစိုက္ ေလ့လာေထာက္လွမ္းၿပီး ေရးသားေဖာ္ျပေပးေနသူ ျဖစ္ပါတယ္။ အခုလည္း Kuo က ၂၀၂၀ iPhone ေတြအားလုံးဟာ OLED ေတြနဲ႔ျဖစ္ၿပီး မ်က္ႏွာျပင္အမ်ိဳးအစားသစ္ ႏွစ္ခုအျပင္၊ ပထမဆုံး 5G ခ်ိတ္ဆက္ႏိုင္တဲ့ iPhone လည္း ပါဝင္လာမယ္လို႔ ေရးသား ေဖာ္ျပလိုက္ပါတယ္။

Kuo က 5.4-inch OLED နဲ႔ 6.7-inch OLED ဆိုၿပီး ပရီမီယံ iPhone ႏွစ္မ်ိဳး ေပၚထြက္လာဦးမယ္လို႔ ေမွ်ာ္မွန္းထားပါတယ္။ ဒီဟန္းဆက္ႏွစ္ခုစလုံးဟာ 5G ကြန္ရက္ကို ခ်ိတ္ဆက္အသုံးျပဳႏိုင္မယ္လို႔လည္း ဆိုပါတယ္။ တတိယေျမာက္အေနနဲ႔ iPhone XR ေနရာကို ဆက္ခံသူဟာ 6.1-inch OLED နဲ႔ျဖစ္ၿပီး LTE သာ ျဖစ္ဦးမယ္လို႔ ခန႔္မွန္းထားပါတယ္။

အခုထြက္ေပၚလာတဲ့ သတင္းအရဆိုရင္ေတာ့ Apple အေနနဲ႔ သုံးစြဲသူေတြလိုလားေနတဲ့ အ႐ြယ္အစားေသးငယ္တဲ့ ပရီမီယံ iPhone ထုတ္လုပ္ေတာ့မယ္ဆိုတဲ့ အဓိပၸါယ္လို႔လည္း ယူဆရပါတယ္။ လက္ရွိ iPhone XS ဟာ 5.8-inch မ်က္ႏွာျပင္အ႐ြယ္အစားျဖစ္ၿပီး အေလးခ်ိန္က 180g နီးပါး ျဖစ္ပါတယ္။ 5.4-inch အျဖစ္ ေျပာင္းလဲလိုက္ျခင္းက ပိုၿပီးက်စ္လ်စ္တဲ့ ဟန္းဆက္တစ္ခုျဖစ္သြားေစႏိုင္ပါတယ္။

အျခားတစ္ဘက္ကို ၾကည့္လိုက္ရင္ေတာ့ 6.5-inch ကေန 6.7-inch OLED ဆိုၿပီး ပိုႀကီးမားတဲ့ အ႐ြယ္အစားနဲ႔ iPhone ကို ေတြ႕ျမင္ရမွာပါ။ ဒီအမ်ိဳးအစားကေတာ့ အေတာ္ေလးကို ႀကီးမားတဲ့ ပုံစံျဖစ္လာမွာပါပဲ။ Ming-Chi Kuo ကေတာ့ ၂၀၂၀ 5G iPhones ႏွစ္မ်ိဳးျဖစ္တဲ့ (5.4-inch နဲ႔6.7-inch ေမာ္ဒယ္ေတြ) ဟာ Qualcomm modems ေတြပဲ သုံးလာဦးမွာျဖစ္တယ္လို႔ ဆိုပါတယ္။ Apple ရဲ႕ ကိုယ္ပိုင္ 5G Modem ေတြကေတာ့ ၂၀၂၂ မတိုင္မီထိ ေမွ်ာ္လင့္လို႔ မရေသးဘူးလို႔လည္း အခိုင္အမာေျပာဆိုခဲ့ပါတယ္။

Ref: GSMArena

[Unicode]

၅.၄ နဲ့ ၆.၇ လက်မ ကိုယ်စီရှိကြတဲ့ 5G iPhone တွေကို ၂၀၂၀ မှာ တွေ့မြင်ရဖွယ်ရှိ

Ming-Chi Kuo ဆိုသူဟာ Apple နဲ့ပတ်သက်တဲ့ သတင်းတွေကို အစဉ်တစိုက် လေ့လာထောက်လှမ်းပြီး ရေးသားဖော်ပြပေးနေသူ ဖြစ်ပါတယ်။ အခုလည်း Kuo က ၂၀၂၀ iPhone တွေအားလုံးဟာ OLED တွေနဲ့ဖြစ်ပြီး မျက်နှာပြင်အမျိုးအစားသစ် နှစ်ခုအပြင်၊ ပထမဆုံး 5G ချိတ်ဆက်နိုင်တဲ့ iPhone လည်း ပါဝင်လာမယ်လို့ ရေးသား ဖော်ပြလိုက်ပါတယ်။

Kuo က 5.4-inch OLED နဲ့ 6.7-inch OLED ဆိုပြီး ပရီမီယံ iPhone နှစ်မျိုး ပေါ်ထွက်လာဦးမယ်လို့ မျှော်မှန်းထားပါတယ်။ ဒီဟန်းဆက်နှစ်ခုစလုံးဟာ 5G ကွန်ရက်ကို ချိတ်ဆက်အသုံးပြုနိုင်မယ်လို့လည်း ဆိုပါတယ်။ တတိယမြောက်အနေနဲ့ iPhone XR နေရာကို ဆက်ခံသူဟာ 6.1-inch OLED နဲ့ဖြစ်ပြီး LTE သာ ဖြစ်ဦးမယ်လို့ ခန့်မှန်းထားပါတယ်။

အခုထွက်ပေါ်လာတဲ့ သတင်းအရဆိုရင်တော့ Apple အနေနဲ့ သုံးစွဲသူတွေလိုလားနေတဲ့ အရွယ်အစားသေးငယ်တဲ့ ပရီမီယံ iPhone ထုတ်လုပ်တော့မယ်ဆိုတဲ့ အဓိပ္ပါယ်လို့လည်း ယူဆရပါတယ်။ လက်ရှိ iPhone XS ဟာ 5.8-inch မျက်နှာပြင်အရွယ်အစားဖြစ်ပြီး အလေးချိန်က 180g နီးပါး ဖြစ်ပါတယ်။ 5.4-inch အဖြစ် ပြောင်းလဲလိုက်ခြင်းက ပိုပြီးကျစ်လျစ်တဲ့ ဟန်းဆက်တစ်ခုဖြစ်သွားစေနိုင်ပါတယ်။

အခြားတစ်ဘက်ကို ကြည့်လိုက်ရင်တော့ 6.5-inch ကနေ 6.7-inch OLED ဆိုပြီး ပိုကြီးမားတဲ့ အရွယ်အစားနဲ့ iPhone ကို တွေ့မြင်ရမှာပါ။ ဒီအမျိုးအစားကတော့ အတော်လေးကို ကြီးမားတဲ့ ပုံစံဖြစ်လာမှာပါပဲ။ Ming-Chi Kuo ကတော့ ၂၀၂၀ 5G iPhones နှစ်မျိုးဖြစ်တဲ့ (5.4-inch နဲ့6.7-inch မော်ဒယ်တွေ) ဟာ Qualcomm modems တွေပဲ သုံးလာဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။ Apple ရဲ့ ကိုယ်ပိုင် 5G Modem တွေကတော့ ၂၀၂၂ မတိုင်မီထိ မျှော်လင့်လို့ မရသေးဘူးလို့လည်း အခိုင်အမာပြောဆိုခဲ့ပါတယ်။

Ref: GSMArena