Android ဖုန်းတွေအသုံးပြုတာက အားသာချက်အနေနဲ့ Application တွေနဲ့ ဂိမ်းအသစ်တွေနေ့စဉ်ထွက်ရှိနေတာပဲဖြစ်ပါတယ်။ အသစ်စက်စက်ထွက်ရှိထားတဲ့ ဂိမ်းအသစ်တွေထဲက ဒီအပတ်အတွက် အကောင်းဆုံးသော Android ဂိမ်း ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။

1. Puzzle Blocks

Puzzle Block ကတော့ စဉ်းစားရတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး ဘလောက်တုံးတွေကို နေရာတကျဖြစ်အောင်တွန်းပို့ပေးရတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဂိမ်းထဲမှာ ပါဝင်တဲ့ နောက်ခံသီချင်းတွေက စိတ်ကိုအာရုံပိုစိုက်စေနိုင်ပြီး လက်ရှိအချိန်မှာ Rating 3.5/5 ရရှိထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။

2. Ahead!

Ahead! ဂိမ်းကတော့ အလွန်ခက်ခဲတဲ့ဂိမ်းတစ်ခုဖြစ်ပြီးတော့ ဘေးနားမှာရှိတဲ့ အရံအတားတွေကို ကျော်လွှားပြီး Points တွေကို ရယူရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Rating က 5 Stars အပြည့်ရထားတဲ့အတွက် အကောင်းဆုံးသော ဂိမ်းတစ်ခုလို့ ပြောလို့ရပါတယ်။

3. INK : Endless Ascend

ဒီဂိမ်းကတော့ ပုံမှန် Runner Game တစ်ခုဖြစ်ပြီးတော့ INK လို့ခေါ်တဲ့မှင်လုံးလေးတစ်ခုနေရာကနေကစားရမှာဖြစ်ပါတယ်။ Endless Ascend ဆိုတဲ့အတိုင်း အပေါ်ကို အခက်အခဲတွေကျော်လွှားပြီး ရောက်နိုင်သမျှရောက်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ Rating 5 Stars ရထားတဲ့ ဂိမ်းဖြစ်တဲ့အတွက် ဆော့ကြည့်သင့်တဲ့ ဂိမ်းတစ်ခုပါ။

4. Turn Right

ဒီ Turn Right ဆိုတဲ့ ဂိမ်းကတော့ နာမည်အတိုင်းပဲ ကားအသေးလေးတစ်စီးကို ညာဘက်ကိုပဲကွေ့ပြီး ထိန်းရမယ့်ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဆော့ရတာလွယ်ကူသလို မမြင်ရတဲ့အခက်အခဲတွေကလည်း ပျော်စရာကောင်းနေမှာပါ။

5. Typing Test

အခု Typing Test ဂိမ်းကတော့ ကွန်ပျူတာရဲ့ Keyboard Game တွေလိုပဲ စာပိုဒ်တစ်ခုကို စက္ကန့် ၆၀ အတွင်း အမြန်ရိုက်ရမှာပါ။ ဘာပဲဖြစ်ဖြစ် ကိုယ်တစ်မိနစ်ကို ဘယ်လောက်ရိုက်နိုင်တယ်ဆိုတာနဲ့ စာရိုက်တဲ့အမြန်နှုန်းကိုလည်း တိုးတက်စေမှာဖြစ်ပါတယ်။