[Zawgyi]

၂၀၁၉ အေရွ႕ေတာင္အာရွ အားကစားပြဲေတာ္ သို႔မဟုတ္ ဆီးဂိမ္းကို အိမ္ရွင္အျဖစ္ တာဝန္ယူက်င္းပရမယ့္ ဖိလစ္ပုိင္ႏုိင္ငံရဲ႕ ဆီးဂိမ္းစီမံခန္႔ခြဲေရးေကာ္မတီ (PHISGOC) ဟာ ဂိမ္းနဲ႔ဆက္စပ္ပစၥည္းမ်ား ထုတ္လုပ္သူ Razer ကုမၸဏီႏွင့္ ပူးတြဲကာ လာမယ့္ ၂၀၁၉ ဆီးဂိမ္းမွာ e-Sports အတြက္ ေရႊတံဆိပ္ေျခာက္ခု ေပးအပ္သြားမယ္လို႔ တရားဝင္ေၾကညာခဲ့ပါတယ္။

ေၾကညာစဥ္မွာ မုိဘိုင္းဂိမ္းႏွစ္ခု၊ ကြန္ျပဴတာဂိမ္းႏွစ္ခုနဲ႔ ကြန္ဆုိးဂိမ္းႏွစ္မ်ဳိးတုိ႔ ပါဝင္မွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ၿပီး မုိဘုိင္းအတြက္ Mobile Legends: Bang Bang ဂိမ္းတစ္ခုကိုသာ အတည္ျပဳခဲ့ပါတယ္။ ဒါေပမယ့္ ယေန႔မွာေတာ့ ပါဝင္မယ့္ ဂိမ္းေျခာက္မ်ဳိးထဲက ငါးမ်ဳိးကို သိခြင့္ရၿပီျဖစ္ၿပီး မၾကာခင္မွာ ေနာက္ဆုံးက်န္တဲ့ တစ္ခုကိုလည္း သိရေတာ့မွာပါ။

၂၀၁၉ ဆီးဂိမ္းမွာ ပါဝင္ယွဥ္ၿပိဳင္ရမယ့္ e-Sports အမ်ဳိးအစားေတြကေတာ့ မိုဘုိင္းအတြက္ Mobile Legends: Bang Bang နဲ႔ Arena of Valor ၊ ကြန္ျပဴတာအတြက္ Dota 2 နဲ႔ Starcraft 2 ၊ ကြန္ဆုိးအတြက္ Tekken 7 ဂိမ္းတုိ႔ ျဖစ္ပါတယ္။ ကြန္ဆုိးအတြက္ အမ်ဳိးအစားတစ္ခုသာ က်န္ေတာ့တာပါ။

အဆုိပါ ဖိလစ္ပိုင္ဆီးဂိမ္းမွာ e-Sports အပါအဝင္ စုစုေပါင္း အားကစား ၅၆ မ်ဳိးတိတိ ပါဝင္ယွဥ္ၿပိဳင္ က်င္းပသြားမွာ ျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ ႏုိဝင္ဘာလ ၃၀ ရက္ေန႔မွ ဒီဇင္ဘာ ၁၁ ရက္ေန႔ထိ က်င္းပသြားမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ပါဝင္ယွဥ္ၿပိဳင္မယ့္ ႏုိင္ငံေတြဟာ ႀကိဳတင္ျပင္ဆင္ခ်ိန္ တစ္ႏွစ္နီးပါး ရဦးမွာပါ။ အရင္က e-Sports ကုိ အင္ဒုိနီးရွား အားကစားၿပိဳင္ပြဲမွာ သရုပ္ျပအားကစားပြဲ အေနနဲ႔ ထည့္သြင္းခဲ့ေပမယ့္ ေရႊတံဆိပ္ ေပးတဲ့ အားကစားနည္းတစ္ခုအျဖစ္ အျပည့္အဝ သတ္မွတ္လာတာေတာ့ ယခု ဖိလစ္ပုိင္ဆီးဂိမ္းမွာမွ ျဖစ္ပါတယ္။

Ref – ESPN

[Unicode]

၂၀၁၉ အရှေ့တောင်အာရှ အားကစားပွဲတော် သို့မဟုတ် ဆီးဂိမ်းကို အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပရမယ့် ဖိလစ်ပိုင်နိုင်ငံရဲ့ ဆီးဂိမ်းစီမံခန့်ခွဲရေးကော်မတီ (PHISGOC) ဟာ ဂိမ်းနဲ့ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သူ Razer ကုမ္ပဏီနှင့် ပူးတွဲကာ လာမယ့် ၂၀၁၉ ဆီးဂိမ်းမှာ e-Sports အတွက် ရွှေတံဆိပ်ခြောက်ခု ပေးအပ်သွားမယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။

ကြေညာစဉ်မှာ မိုဘိုင်းဂိမ်းနှစ်ခု၊ ကွန်ပြူတာဂိမ်းနှစ်ခုနဲ့ ကွန်ဆိုးဂိမ်းနှစ်မျိုးတို့ ပါဝင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး မိုဘိုင်းအတွက် Mobile Legends: Bang Bang ဂိမ်းတစ်ခုကိုသာ အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် ယနေ့မှာတော့ ပါဝင်မယ့် ဂိမ်းခြောက်မျိုးထဲက ငါးမျိုးကို သိခွင့်ရပြီဖြစ်ပြီး မကြာခင်မှာ နောက်ဆုံးကျန်တဲ့ တစ်ခုကိုလည်း သိရတော့မှာပါ။

၂၀၁၉ ဆီးဂိမ်းမှာ ပါဝင်ယှဉ်ပြိုင်ရမယ့် e-Sports အမျိုးအစားတွေကတော့ မိုဘိုင်းအတွက် Mobile Legends: Bang Bang နဲ့ Arena of Valor ၊ ကွန်ပြူတာအတွက် Dota 2 နဲ့ Starcraft 2 ၊ ကွန်ဆိုးအတွက် Tekken 7 ဂိမ်းတို့ ဖြစ်ပါတယ်။ ကွန်ဆိုးအတွက် အမျိုးအစားတစ်ခုသာ ကျန်တော့တာပါ။

အဆိုပါ ဖိလစ်ပိုင်ဆီးဂိမ်းမှာ e-Sports အပါအဝင် စုစုပေါင်း အားကစား ၅၆ မျိုးတိတိ ပါဝင်ယှဉ်ပြိုင် ကျင်းပသွားမှာ ဖြစ်ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာ ၁၁ ရက်နေ့ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံတွေဟာ ကြိုတင်ပြင်ဆင်ချိန် တစ်နှစ်နီးပါး ရဦးမှာပါ။ အရင်က e-Sports ကို အင်ဒိုနီးရှား အားကစားပြိုင်ပွဲမှာ သရုပ်ပြအားကစားပွဲ အနေနဲ့ ထည့်သွင်းခဲ့ပေမယ့် ရွှေတံဆိပ် ပေးတဲ့ အားကစားနည်းတစ်ခုအဖြစ် အပြည့်အဝ သတ်မှတ်လာတာတော့ ယခု ဖိလစ်ပိုင်ဆီးဂိမ်းမှာမှ ဖြစ်ပါတယ်။

Ref – ESPN