Zawgyi
Huawei ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မြန်မာနိုင်ငံဈေးကွက်အတွက် Huawei Nova 5T ကို တရားဝင်မိတ်ဆက်သွားခဲ့ပါတယ်။ အခု Huawei Nova 5T စမတ်ဖုန်းဟာ ယခင်တုန်းက မိတ်ဆက်ခဲ့တဲ့ Nova Series စမတ်ဖုန်းတွေထက်တောင် သိသိသာသာစွမ်းဆောင်ရည်ပိုကောင်းနေပြီး Flagship Level Performance ဖုန်းတစ်ခုကို ဈေးအရမ်းမကြီးဘဲလိုချင်တဲ့သူတွေအတွက် စိတ်ဝင်စားစရာစမတ်ဖုန်းတစ်ခုဖြစ်လာခဲ့ပါတယ်။
(1) Performance
(2) Camera
(4) Memory & Storage
(5) Display & Design
Unicode
Huawei ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မြန်မာနိုင်ငံစျေးကွက်ကို Huawei Nova 5T ကို တရားဝင်မိတ်ဆက်သွားခဲ့ပါတယ်။ အခု Huawei Nova 5T စမတ်ဖုန်းဟာ ယခင်တုန်းက မိတ်ဆက်ခဲ့တဲ့ Nova Series စမတ်ဖုန်းတွေထက်တောင် သိသိသာသာစွမ်းဆောင်ရည်ပိုကောင်းနေပြီး Flagship Level Performance ဖုန်းတစ်ခုကို စျေးအရမ်းမကြီးဘဲလိုချင်တဲ့သူတွေအတွက် စိတ်ဝင်စားစရာစမတ်ဖုန်းတစ်ခုဖြစ်လာခဲ့ပါတယ်။
အဲ့ဒီအတွက် အခု Article ထဲမှာတော့ Huawei Nova 5T စမတ်ဖုန်းကို ဘာကြောင့်အခုပဲ Pre-order တင်ထားသင့်တဲ့အချက် (၅) ချက်ကို ဖော်ပြသွားမှာပဲဖြစ်ပါတယ်။
(1) Performance
အစောပိုင်းက ပြောကြားခဲ့သလိုမျိုးပဲ Huawei Nova 5T ဟာ Flagship ဖုန်းတစ်ခုရဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်တဲ့ စမတ်ဖုန်းတစ်ခုဖြစ်ပါတယ်။ ဒါကိုလည်း စွမ်းဆောင်ရည်ပိုင်းမှာ အရေးအပါဆုံးဖြစ်တဲ့ Processor က သက်သေခံနေပါတယ်။
ဘာကြောင့်လဲဆိုရင် Huawei Nova 5T စမတ်ဖုန်းမှာ Kirin 980 7nm Processor ကို အသုံးပြုထားပြီး ဒီ Processor ဟာ လက်ရှိ Huawei ရဲ့ Flagship Series ဖုန်းတွေဖြစ်တဲ့ Huawei P30 Pro ဖုန်းတွေမှာပါ အသုံးပြုထားတဲ့ Processor တစ်ခုဖြစ်ပါတယ်။ အဲ့ဒီအတွက် AI ပိုင်းမှာရော၊ Multitasking ပိုင်းတွေမှာပါ အကောင်းဆုံး Performance တစ်ခုကို ပေးစွမ်းနိုင်မှာကတော့ လုံးဝ စိတ်ချထားလို့ရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Gamer တွေအတွက်လည်း အသစ်ပါလာတဲ့ GPU Turbo 3.0 ကြောင့် PUBG ၊ Mobile Legends လိုမျိုး Game တွေမှာ Frame Rate တွေ Lag သွားတာမျိုးရှိမှာမဟုတ်ဘဲ လုံးဝ Smooth ဖြစ်ဖြစ်နဲ့ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။
(2) Camera
Flagship စမတ်ဖုန်းတွေက အခုနောက်ပိုင်းမှာ Camera တွေကို အနည်းဆုံး Triple Lens Setup ကို ပြောင်းလဲအသုံးပြုလာကြတာဖြစ်ပါတယ်။ အဲ့ဒီလိုပဲ Huawei Nova 5T စမတ်ဖုန်းဟာ Triple Camera ထက်တောင်ပိုတဲ့ Quad Camera Setup ကို အသုံးပြုထားပြီးတော့ Camera ပိုင်းမှာ ဘယ်လိုဓါတ်ပုံပဲဖြစ်ဖြစ် စွမ်းဆောင်နိုင်တဲ့ဖုန်းတစ်ခုလည်း ဖြစ်နေပါတယ်။
ဒါက Nova 5T ဖုန်းမှာ Quad Back Camera တွေကို အသုံးပြုထားတာဖြစ်ပြီးတော့ Lens တွေအနေနဲ့ဆိုရင် 48MP Sony f1.8 Primary Lens ၊ 16MP f2.2 Ultrawide Lens ၊ 2MP f2.4 Bokeh Lens နဲ့ 2MP f2.4 Macro Lens တွေကို သုံးပေးထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကိုယ်ကဘယ်လို ဓါတ်ပုံမျိုးပဲ ရိုက်ရိုက်အဆင်ပြေနေမှာပါ။
ဒါတင်မဟုတ်သေးဘဲ Huawei ကနေ Nova 5T ရဲ့ ကင်မရာပိုင်းမှာ သီးသန့် Feature တွေကိုလည်း ထည့်သွင်းပေးထားပြန်ပါသေးတယ်။ ဒါတွေကတော့ 48MP Sensor ကနေ 4-in-1 Light Fusion Technology ကို အသုံးပြုထားတဲ့အတွက် Low Light ဓါတ်ပုံတွေကောင်းမွန်နေမှာဖြစ်သလို Night Shot တွေအတွက်လည်း AIS Super Night Mode ကို ထည့်သွင်းထားတာဖြစ်ပါတယ်။ ဒီ AIS Night Mode ကလည်း ညဘက်ဓါတ်ပုံရိုက်မယ်ဆိုရင် လက်တုန်ခါမှုတွေကို လျော့ချပေးနိုင်ဦးမှာပါ။
နောက်ပြီး Ultrawide ဓါတ်ပုံတွေ၊ Macro Lens ကြောင့် 4cm အထိ အနီးကပ်ရိုက်ကူးနိုင်မယ့် Macro Shots တွေ၊ အကောင်းဆုံး Portrait ဓါတ်ပုံတွေနဲ့ 960 fps Super Slow Motion Video တွေကိုပါ ရိုက်ကူးနိုင်မှာပါ။ ပုံမှန် Point & Shoot ဓါတ်ပုံတွေကလည်း Master AI Technology ကြောင့် သိသိသာသာလှပနေဦးမှာဖြစ်ပါတယ်။
Selfie Camera ပိုင်းကိုကြည့်မယ်ဆိုရင်လည်း Hole-punch Design နဲ့ ပြုလုပ်ပေးထားတဲ့ 32MP Selfie Camera ပါဝင်မှာဖြစ်ပြီးတော့ Super AI HDR+ ၊ Master AI Selfie Optimization နဲ့ Enhanced AI Beautification Algorithm တွေကြောင့် အလင်းရောင်ကျောပေးပြီး ရိုက်ကူးတဲ့ Selfie ဓါတ်ပုံတွေကအစ လှပတဲ့ Selfie ပုံတွေကို ရရှိအောင် စွမ်းဆောင်ပေးနိုင်မှာပါ။
(3) Side Mounted Fingerprint Sensor
Huawei Nova 5T စမတ်ဖုန်းမှာ Fingerprint Sensor ရဲ့ နေရာထားတဲ့ပုံစံကလည်း ပုံမှန်စမတ်ဖုန်းတွေနဲ့ မတူညီဘဲ တမျိုးဆန်းနေပါသေးတယ်။ ဘာကြောင့်လဲဆိုရင် ပုံမှန် ဖုန်းရဲ့ အနောက်ဖက်အစား Power Button နေရာဖြစ်တဲ့ ဖုန်းရဲ့ ဘေးဘက်မှာပဲ Side Mounted အနေနဲ့ ထားထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Power Button တဖြစ်လဲ Fingerprint Sensor ကို နှိပ်လိုက်တာနဲ့ 0.3 Seconds အတွင်းမှာ ဖုန်းက Unlock ဖြစ်သွားမှာပါ။
(4) Memory & Storage
Nova 5T ကိုဝယ်ယူမယ်ဆိုရင် အဓိကစဥ်းစားမယ့်အချက်က Memory နဲ့ Storage ပိုင်း လုံလောက်ပ့ါမလားဆိုတာပါ။ ဒီအတွက်လည်း စိတ်ပူစရာမလိုပါဘူး။ ဘာကြောင့်လဲဆိုရင် Huawei Nova 5T ဖုန်းမှာ RAM 8GB အပြင် Storage ကလည်း 128GB အထိ ထည့်သွင်းထားတာကြောင့်ပါ။ အဲ့ဒီအတွက် Flagship ဖုန်းတစ်ခုလိုမျိုး Memory နဲ့ Storage တွေရရှိနိုင်မှာပါ။
(5) Display & Design
Display ကလည်း ဖုန်းတစ်ခုမှာ အရေးအကြီးဆုံးလို့ ပြောနိုင်တဲ့အချက်တစ်ခုပါ။ အခုနကပြောသွားတဲ့အတိုင်း Huawei Nova 5T မှာ Punch FullView Display ကို အသုံးပြုထားတဲ့အတွက် Notch Display တွေထက် ပိုပြီး Immersive ဖြစ်တဲ့ Viewing Experience ကို ရရှိစေမှာပါ။ Resolution အနေနဲ့လည်း Full HD+ ရှိမှာဖြစ်သလို 96% Color Gamut အထိ ရှိတဲ့အတွက် Color Accuracy ပိုင်းမှာလည်း စိတ်ကျေနပ်စရာဖြစ်နေမှာပါ။
Design ပိုင်းကိုကြည့်မယ်ဆိုရင်လည်း လုံးဝ တခြားသော စမတ်ဖုန်းတွေနဲ့ မတူညီတဲ့ Gradient Design နဲ့ ပြုလုပ်ထားပြီးတော့ 7.87mm အထိ ပါးလွှာတဲ့အပြင် အလေးချိန်ကလည်း 174g ပဲ ရှိနေတဲ့အတွက် လက်ထဲမှာ ပေ့ါပါးသလို လုံးဝ သေသပ်တဲ့ Design တစ်ခုဖြစ်နေမှာပါ။ တဖက်ကလည်း Glass Body Design ကြောင့် Premium Feeling တစ်ခုကိုပါ ပြန်လည်ရရှိနိုင်မှာပါ။
ဒီအချက်တွေကတော့ အခုအချိန်မှာ စျေးကွက်ထဲကို ဝင်ရောက်လာတဲ့ Huawei Nova 5T ကို ဘာကြောင့် Pre-order မှာသင့်သလဲဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။ HUAWEI nova 5T ဖုန်းကို Crush Blue ၊ Black နှင့် Midsummer Purple ဆိုပြီး အရောင် ၃ မျိုးဖြင့် ရွေးချယ်နိုင်မည်ဖြစ်ပြီး ဈေးနှုန်းအားဖြင့် မြန်မာငွေကျပ် ၅၉၉,၀၀၀ ကျပ်နဲ့ စက်တင်ဘာလ ၉ ရက်နေ့မှ စက်တင်ဘာလ ၂၇ ရက်နေ့အထိ Pre-Order မှာယူနိုင်မှာပါ။ Pre-Order သတ်မှတ်ထားသည့် အချိန်အတွင်း ဝယ်ယူသူများအား Huawei Mini Speaker များ ပြန်လည်ပေးအပ်သွားမယ်လို့ သိရပါတယ်။
HUAWEI nova 5T အား ဝယ်ယူသူများအတွက်ထူးခြားချက်အနေဖြင့် CB Bank နှင့် ပူးပေါင်းမှု ပြုလုပ်ကာ အတိုးနှုန်း 0% ဖြင့် ဖုန်းဝယ်ယူနိုင်မည့် အခွင့်အရေးအားလည်း ပေးအပ်သွားမည်ဖြစ်သည်။ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Camera ၊ Performance နဲ့ Design ပိုင်းတွေမှာ အားနည်းချက်မရှိတဲ့ Huawei Nova 5T ဟာ စျေးကွက်ထဲမှာ အောင်မြင်တဲ့စမတ်ဖုန်းတစ်ခုဖြစ်လာဦးမှာပါ။