One Plus ကုမ္ပဏီက One Plus 6 ကိုပြီးခဲ့တဲ့ မေလ ပိုင်းလောက်ကစတင်မိတ်ဆက်ပေးခဲ့ပါတယ်။ဒီဖုန်းစထွက်ပြီးနောက်ပိုင်းမှာ ဒီဖုန်းနဲ့ပတ်သက်ပြီးတော့ ဝယ်ရင်ကောင်းမလား မဝယ်ရင်ကောင်းမလား စိတ်ထဲမှာထင့်နေတဲ့သူတွေလဲရှိပါတယ်။ ရိုးရိုးသားသားနဲ့ပြောရရင်တော့ ဒီဖုန်းကို iPhone X ဈေးရဲ့တစ်ဝက်လောက်နဲ့တင်ဝယ်ယူနိုင်ပြီးစွမ်းဆောင်ရည်ပိုင်းမှာလဲ iPhone X နဲ့ Samsung s9 Plus တို့နဲ့ကောင်းကောင်းယှဉ်ပြိုင်နိုင်ပါတယ်။အခုပြောပြပေးသွားမှာကတော့ ပြည်တွင်းမှာရှိတဲ့ One Plus ပရိတ်သက်တွေအတွက် အခုနောက်ဆုံးထွက်လာတဲ့ One Plus 6 ကိုဝယ်ယူသင့်တဲ့ အချက် ၅ ချက်ကို MyTech Myanmar ကနေပြောပြပေးသွားမှာပါ။

နံပါတ် ၁

ပထမဆုံးပြောချင်တာကတော့ Dash Charge စနစ်အကြောင်းပါပဲ။စမ်းသပ်ချက်တွေအရတော့ ဒီ Dash Charge စနစ်က One Plus 6 မှာ ပါဝင်တဲ့ ဘက်ထရီ ၃၃၀၀ mAh ရဲ့ 0 ကနေ ၁၀၀ အပြည့်ကို အချိန် ၁ နာရီကျော်ကျော်လေးနဲ့ အပြည့်အားသွင်းနိုင်ပါတယ်။အားသွင်းမြန်ဆန်တဲ့စနစ်ကတော့ ဂိမ်းကစားတဲ့သူတွေအတွက်စိတ်ကြိုက်ဖြစ်စေမှာပါ။

နံပါတ် ၂

နံပါတ် ၂ အချက်ကတော့ သူ့ရဲ့ဈေးနှုန်းနဲ့ စွမ်းဆောင်ရည်ပိုင်းပါပဲ။အနိမ့်ဆုံးမော်ဒယ်ဖြစ်တဲ့ ($529) တန် One Plus 6 မှာ Qualcomm Snapdragon 845 Processor ၊ Ram 6 နဲ့ Memory 64 GB ပါဝင်ပါတယ်။နောက်ထပ် ($50)လောက် ထပ်တိုးပြီး ($579) လောက်အသုံးပြုမယ်ဆိုရင်တော့ Ram 8 နဲ့ Memory 128 GB ကိုရနိုင်ပါတယ်။အမြင့်ဆုံးမော်ဒယ်အတွက်ကတော့ ($629)လောက်ကျသွားမှာဖြစ်ပြီး Ram 8 နဲ့ Memory 256 GB အထိကိုရရှိနိုင်ပါတယ်။ အမျိုးအစားသုံးခုလုံးဟာ 6.28 inch 2280×1080 Resolution Display နဲ့ ကြောဘက်ကင်မရာနှစ်လုံးမှာ 16 MP နဲ့ 20MP ၊ အရှေ့ဘက်ကင်မရာကတော့ 16 MP ကင်မရာတွေတပ်ဆင်ထားပါတယ်။

နံပါတ် ၃

တတိယပြောပြချင်တဲ့အချက်ကတော့ အခုထွက်လာတဲ့ One Plus 6 ဖုန်းမှာ 3.5 mm Headphone Jack ပါဝင်လာသေးတာပဲဖြစ်ပါတယ်။နောက်ဆုံးထွက်ဖုန်းတော်တော်များများမှာ 3.5 mm Headphone Jack အစား Type c ကြားခံပြီးနား 3.5mm Jack အပေါက်ကိုဖြုတ်ထားကြပါတယ်။ အဲ့တော့သုံးဆွဲသူအနေနဲ့ သီချင်းကိုနားကြပ်တပ်ပြီးတော့ နားထောင်မယ်ဆိုရင် အားသွင်းတဲ့ Type c အပေါက်ကနေ နားကြပ်တပ်ဖို့အတွက်ကြားခံတစ်ခုကို အသုံးပြုပြီးမှ နားထောင်ရပါတယ်။ တကယ်လို့များသုံးစွဲသူက ကြားခံပစ္စည်းပျောက်သွားမယ်ဆိုရင်တော့ သီချင်းနားထောင်ဖို့အတွက်ကို Bluetooh နားကြပ်ကိုပဲသုံးစွဲမလား ပျောက်သွားတဲ့ကြားခံပစ္စည်ကိုပဲပြန်ရှာဝယ်ရမလားဆိုတဲ့အချက်တွေကခေါင်းစားစေမှာပါ။နောက်ဆုံးတစ်ခုကတော့ နားကြပ်တပ်ပြီးတော့ သီချင်းနားထောင်နေစဉ်မှာ ဖုန်းကိုအားသွင်းလို့မရတဲ့အချက်တွေပဲဖြစ်ပါတယ်။ အခုတော့ One Plus 6 မှာ အဲ့ဒီပြဿနာတွေမရှိပါဘူး 3.5 mm Jack ပါတဲ့အတွက် ကြိုက်တဲ့နားကြပ်တပ်ပြီးသီးချင်းနားထောင်လို့ရတယ် ၊ သီချင်းနာထောင်ရင်းနဲ့လဲ ဖုန်းကိုအားပြန်သွင်းထားလို့ရနိုင်ပါသေးတယ်။

နံပါတ် ၎

နောက်တစ်ချက်ကတော့ Notch ကိုဖျောက်ထားလို့ရတာပဲဖြစ်ပါတယ်။iphone X စထွက်လာကထဲက မှန်ကအပြည့်ဆိုပေမယ့်လဲ ဖုန်းရဲ့အလယ်တည့်တည့်မှာ Notch ပါလာပါတယ်။ အခုလဲနောက်ဆုံးထွက်လာတဲ့ Full View Display ဖုန်းတွေမှာ အဲ့ဒီလိုပဲ Notch ကပါလာပါတယ်။ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ် ဂိမ်းကစားတာပဲဖြစ်ဖြစ် အဲ့ဒီ Notch က ကွယ်နေတတ်ပါတယ်။အခု One Plus 6 မှာတော့ အဲ့ဒီ notch ကို မလိုအပ်ရင်ဖျောက်ထားလို့ရမယ့်စနစ်တစ်ခုပါဝင်လာပါတယ်။ One Plus 6 ဖုန်းက 18:9 ထုတ်လုပ်ထားတာဖြစ်ပေမယ့် Notch ကိုဖျောက်ချင်တယ်ဆိုရင် တော့ 16:9 စနစ်ကိုပြောင်းလို့ရပါတယ်။ 16:9 စနစ်ကိုပြောင်းသွားမယ်ဆိုရင်တော့ Notch နေရာကို အမဲရောင်ဘားတစ်ခုနဲ့ကာသွားမှာပဲဖြစ်ပါတယ်။

နံပါတ် ၅

နောက်ဆုံးပြောပြချင်တဲ့အချက်ကတော့ Face Unlock စနစ်ပါပဲ။ နိုင်ငံတကာဖုန်းလေ့လာသုံးသပ်သူတွေရဲ့အဆိုအရတော့ One Plus 6 ဖုန်းရဲ့ Face Unlock စနစ်က အရမ်းမြန်ဆန်ပြီးတော့ အလင်းရောင်ကောင်းကောင်းမရတဲ့အချိန်မျိုးတွေမှာတောင် Face Unlock စနစ်ကကောင်းကောင်းလုပ်နိုင်တယ်လို့ဆိုပါတယ်။

အခုပြောပြခဲ့တဲ့အချက်တွေကတော့ One Plus 6 ကိုဝယ်ယူသင့်တယ်ဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။