အတွင်းသတင်းတွေအရ နောက်မျိုးဆက် iPhone ကို စီစဉ်ထားတဲ့ အချိန်အတိုင်း ရောင်းချမယ်လို့ မကြာခင်က သိခဲ့ရပါတယ်။ အခုတော့ ဒီသတင်းကို iPhone အစိတ်အပိုင်း အဓိက ထုတ်လုပ်ပေးနေတဲ့ Foxconn က ထပ်လောင်း အတည်ပြုလိုက်ပါတယ်။ Foxconn က ထုံးစံအတိုင်း ဒီနှစ် နှောင်းပိုင်းမှာ iPhone အသစ်တွေ ရောင်းမယ်လို့ ပြောပါတယ်။

Foxconn ဟာ iPhone ထုတ်လုပ်ပေးနေတဲ့ Apple ရဲ့ အဓိက မိတ်ဖက် ကုမ္ပဏီ ဖြစ်ပြီး ကိုရိုနာဗိုင်းရက်စ် ကူးစက်တာကြောင့် ၁ လလောက် စက်ရုံတွေကိုပိတ်ထားခဲ့ရပါတယ်။ ဒါပေမယ့် အခုတော့ စက်ရုံတွေ ပြန်လည် လည်ပတ်နေပြီ ဖြစ်ပေမယ့် iPhone အသစ် ထုတ်လုပ်တာ နောက်ကျမယ်ဆိုတဲ့ သတင်းတွေ ထွက်နေခဲ့တာပါ။

Foxconn ဟာ Apple အင်ဂျင်နီယာတွေနဲ့ ပူးပေါင်းပြီး ကုန်ထုတ်လုပ်မှု မနောက်ကျအောင် ကြိုးစားနေတယ်လို့ Foxconn ရဲ့ ရင်းနှီးမြှပ်နှံသူတွေနဲ့ ဆက်ဆံရေး အရာရှိ Alex Yang က ပြောပါတယ်။ ဒါပေမယ့် သူက “ လာမယ့် ရက်သတ္တပတ် အနည်းငယ်၊ လအနည်းငယ်အတွင်းမှာ နှောင့်နှေးမှု ရှိရင် ရောင်းချချိန်ကို ပြန်လည် စဉ်းစားရမှာပါ။ ဒါပေမယ့် စီစဉ်ထားတဲ့ အချိန်မှီအောင် ထုတ်လုပ်နိုင်လောက်ပါတယ်။ “ လို့ ပြောပါတယ်။

ပုံမှန်အတိုင်းဆိုရင် စမ်းသပ်ထုတ်လုပ်တာကို ဇွန်လမှာ ပြုလုပ်လေ့ရှိပြီး ဩဂုတ်လမှာ အမြောက်အများ ထုတ်လုပ်လေ့ရှိပါတယ်။ စက်တင်ဘာလမှာ စတင် ရောင်းချပေးလေ့ရှိပါတယ်။ Apple ဟာ 5G ဖုန်းဈေးကွက်ကို အမှီလိုက်ဖို့အတွက် စီစဉ်ထားတဲ့ အချိန်မှီအောင် ရောင်းချချင်နေပါတယ်။

Ref : gsmarena