[Zawgyi]

Apple ဟာ ၂၀၂၀ မွာ 5G စမတ္ဖုန္း ထုတ္လုပ္ေရာင္းခ်မယ္ဆိုတာနဲ႔ပတ္သက္ၿပီး Ming-Chi Kuo က ေရးသားေဖာ္ျပခဲ့ပါတယ္။ Apple ဟာ လာမယ့္ႏွစ္မွာ 5G သုံးစြဲႏိုင္တဲ့ iPhone 12 Pro ကို ႏွစ္မ်ိဳးႏွစ္စား ထုတ္လုပ္သြားမွာျဖစ္ၿပီး ဒီႏွစ္မ်ိဳးလုံးကလည္း Samsung ရဲ႕ OLED panel ေတြကိုပဲ တပ္ဆင္အသုံးျပဳထားမယ္လို႔ ဆိုပါတယ္။

ေလ့လာဆန္းစစ္ခ်က္ေတြအရ iPhone 12 Pro ဟာ 5.4-inch မ်က္ႏွာျပင္အ႐ြယ္အစားျဖစ္ၿပီး iPhone 12 Pro Max ကေတာ့ 6.7-inch အ႐ြယ္အစား မ်က္ႏွာျပင္နဲ႔ျဖစ္တယ္လို႔ ဆိုပါတယ္။ iPhone 12 ကေတာ့ AMOLED မ်က္ႏွာျပင္နဲ႔ျဖစ္မယ္လို႔ Kuo က ဆိုထားၿပီး LG ကျပဳလုပ္ထားတဲ့ မ်က္ႏွာျပင္တစ္ခုက 6.1-inch ျဖစ္တာကိုလည္း ေတြ႕ရပါတယ္။

Apple ရဲ႕ ၂၀၂၀ ထုတ္ iPhone 12 သုံးမ်ိဳးစလုံးဟာ 5G ခ်ိတ္ဆက္အသုံးျပဳႏိုင္လိမ့္မယ္လို႔လည္း Kuo က ဆိုထားပါေသးတယ္။ ေတာင္ကိုရီးယား ETNews ကေတာ့ Apple ဟာ iPhone ေမာ္ဒယ္သစ္ ေလးမ်ိဳးထုတ္လုပ္မွာျဖစ္ၿပီး တစ္မ်ိဳးတကည္းကပဲ 5G အမ်ိဳးအစားျဖစ္မယ္လို႔ ေရးသားေဖာ္ျပခဲ့တာကို ေတြ႕ရပါတယ္။ ဒါေပမယ့္ ETNews နဲ႔ Kuo တို႔ဟာ iPhone သစ္ေတြရဲ႕ အတိုင္းအတာမွာေတာ့ တူညီစြာေဖာ္ျပခဲ့ၾကပါတယ္။

ဒါ့အျပင္ Apple ဟာ Qualcomm ရဲ႕ Snapdragon X55 5G modem ေတြကို iPhone သစ္ေတြမွာ တပ္ဆင္အသုံးျပဳမယ္လို႔ ETNews က ေရးသားေဖာ္ျပထားပါေသးတယ္။ တစ္ဘက္နဲ႔တစ္ဘက္ အျပန္အလွန္တရားစြဲဆိုခဲ့ၾကၿပီးတဲ့ေနာက္ ကိုယ္ပိုင္ Chipset ထုတ္လုပ္ဖို႔ ျပင္ဆင္ေနခဲ့ေပမယ့္လည္း Apple အေနနဲ႔ အခုအခ်ိန္ထိ Qualcomm ရဲ႕ Chip ကိုပဲ ျပန္လည္သုံးစြဲခဲ့ရတာျဖစ္ပါတယ္။

ကုမၸဏီႏွစ္ခုအၾကား ညႇိႏႈိင္းၿပီးတဲ့ေနာက္ Apple ဟာ Qualcomm ကို အေမရိကန္ေဒၚလာ ၄.၅ဘီလီယံ ေပးခဲ့ရၿပီး ေျခာက္ႏွစ္သက္တမ္းရွိတဲ့ လိုင္စင္နဲ႔ Chip ေတြကို အသုံးျပဳဖို႔ သေဘာတူညီခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီ iPhone 12 ေတြမွာ (Y-OCTA အမည္ရ) on-cell OLED နည္းပညာနဲ႔ ထုတ္လုပ္တဲ့ Samsung ရဲ႕ Panel ေတြသုံးသြားမွာျဖစ္ၿပီး ဒီမ်က္ႏွာျပင္ေတြဟာ ယခင္ကထက္ ပိုၿပီးပါးလႊာတယ္လို႔လည္း ဆိုပါတယ္။

Ref: Phone Arena

[Unicode]

Apple ရဲ့ 5G iPhone တွေမှာ Snapdragon X55 Modem Chip ကို အသုံးပြုမည်ဖြစ်ကြောင်း သတင်းထွက်ပေါ်လာ

Apple ဟာ ၂၀၂၀ မှာ 5G စမတ်ဖုန်း ထုတ်လုပ်ရောင်းချမယ်ဆိုတာနဲ့ပတ်သက်ပြီး Ming-Chi Kuo က ရေးသားဖော်ပြခဲ့ပါတယ်။ Apple ဟာ လာမယ့်နှစ်မှာ 5G သုံးစွဲနိုင်တဲ့ iPhone 12 Pro ကို နှစ်မျိုးနှစ်စား ထုတ်လုပ်သွားမှာဖြစ်ပြီး ဒီနှစ်မျိုးလုံးကလည်း Samsung ရဲ့ OLED panel တွေကိုပဲ တပ်ဆင်အသုံးပြုထားမယ်လို့ ဆိုပါတယ်။

လေ့လာဆန်းစစ်ချက်တွေအရ iPhone 12 Pro ဟာ 5.4-inch မျက်နှာပြင်အရွယ်အစားဖြစ်ပြီး iPhone 12 Pro Max ကတော့ 6.7-inch အရွယ်အစား မျက်နှာပြင်နဲ့ဖြစ်တယ်လို့ ဆိုပါတယ်။ iPhone 12 ကတော့ AMOLED မျက်နှာပြင်နဲ့ဖြစ်မယ်လို့ Kuo က ဆိုထားပြီး LG ကပြုလုပ်ထားတဲ့ မျက်နှာပြင်တစ်ခုက 6.1-inch ဖြစ်တာကိုလည်း တွေ့ရပါတယ်။

Apple ရဲ့ ၂၀၂၀ ထုတ် iPhone 12 သုံးမျိုးစလုံးဟာ 5G ချိတ်ဆက်အသုံးပြုနိုင်လိမ့်မယ်လို့လည်း Kuo က ဆိုထားပါသေးတယ်။ တောင်ကိုရီးယား ETNews ကတော့ Apple ဟာ iPhone မော်ဒယ်သစ် လေးမျိုးထုတ်လုပ်မှာဖြစ်ပြီး တစ်မျိုးတကည်းကပဲ 5G အမျိုးအစားဖြစ်မယ်လို့ ရေးသားဖော်ပြခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် ETNews နဲ့ Kuo တို့ဟာ iPhone သစ်တွေရဲ့ အတိုင်းအတာမှာတော့ တူညီစွာဖော်ပြခဲ့ကြပါတယ်။

ဒါ့အပြင် Apple ဟာ Qualcomm ရဲ့ Snapdragon X55 5G modem တွေကို iPhone သစ်တွေမှာ တပ်ဆင်အသုံးပြုမယ်လို့ ETNews က ရေးသားဖော်ပြထားပါသေးတယ်။ တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန်တရားစွဲဆိုခဲ့ကြပြီးတဲ့နောက် ကိုယ်ပိုင် Chipset ထုတ်လုပ်ဖို့ ပြင်ဆင်နေခဲ့ပေမယ့်လည်း Apple အနေနဲ့ အခုအချိန်ထိ Qualcomm ရဲ့ Chip ကိုပဲ ပြန်လည်သုံးစွဲခဲ့ရတာဖြစ်ပါတယ်။

ကုမ္ပဏီနှစ်ခုအကြား ညှိနှိုင်းပြီးတဲ့နောက် Apple ဟာ Qualcomm ကို အမေရိကန်ဒေါ်လာ ၄.၅ဘီလီယံ ပေးခဲ့ရပြီး ခြောက်နှစ်သက်တမ်းရှိတဲ့ လိုင်စင်နဲ့ Chip တွေကို အသုံးပြုဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီ iPhone 12 တွေမှာ (Y-OCTA အမည်ရ) on-cell OLED နည်းပညာနဲ့ ထုတ်လုပ်တဲ့ Samsung ရဲ့ Panel တွေသုံးသွားမှာဖြစ်ပြီး ဒီမျက်နှာပြင်တွေဟာ ယခင်ကထက် ပိုပြီးပါးလွှာတယ်လို့လည်း ဆိုပါတယ်။

Ref: Phone Arena