Zawgyi

5G ဆိုတာက Cellular Mobile Communications ရဲ႕ ပၪၥမေျမာက္မ်ိဴးဆက္ျဖစ္သလို 4G (LTE) ရဲ႕ မ်ိဴးဆက္သစ္လို႔ ေျပာမယ္ဆိုရင္လည္း မမွားပါဘူး။ 5G Network က 4G ထက္ အဆေပါင္းမ်ားစြာ ျမန္ဆန္လာမယ့္ နည္းပညာျဖစ္ၿပီး၊ Theory ေတြအရဆိုရင္ 5G ရဲ႕ Speed က 1 Gigabits per Second ကေန 10 Gigabits per Second အထိ ရွိတယ္လို႔ သိရပါတယ္။ ေလာေလာဆယ္ ကြၽန္ေတာ္တို႔ အသုံးျပဳေနတဲ့ 4G Network ရဲ႕ Download Speeds က 100 Megabits per Second သာ ရွိၿပီး Megabyte နဲ႔ ျပန္တြက္မယ္ဆိုရင္ 12.5 MB/s သာရွိပါတယ္။

ဒါေပမယ့္လည္း တကယ့္ လက္ေတြ႕ဘဝမွာေတာ့ 5G Network ဟာ 4G Network ထက္ အနည္းဆုံး ၁၀ဆ ကေန အဆ၂၀ အထိပိုျမန္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ Huawei ကေတာ့ 5G Network ဟာ 8GB ပမာဏရွိတဲ့ HD Movie ေတြကို ၆စကၠန္႔နဲ႔ Download လုပ္ႏိုင္မွာ ျဖစ္ေၾကာင္း ခန္႔မွန္း တြက္ခ်က္ထားပါတယ္။ 8GB ပမာဏရွိတဲ့ HD ဗီဒီယိုေတြကို 4G Network (12.5MB/s Speed) နဲ႔ Download လုပ္မယ္ဆိုရင္ ၁၁မိနစ္ခန္႔ ၾကာမွာျဖစ္ၿပီး 3G Network နဲ႔ ဆိုရင္ေတာ့ ၁နာရီေက်ာ္ေက်ာ္ ၾကာမွာ ျဖစ္ပါတယ္။

5G Network ကို တခ်ိဴ႕ႏိုင္ငံေတြမွာ စမ္းသပ္ေနၿပီ ျဖစ္သလို Smartphone Manufacture ေတြ ဘက္ကလည္း လာမယ့္ ၂၀၁၉ခုႏွစ္မွာ 5G Network ေထာက္ပံ့ေပးတဲ့ဖုန္းေတြကို ထုတ္လုပ္ႏိုင္ဖို႔အတြက္ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာလည္း ဆက္သြယ္ေရးဝန္ႀကီးဌာနနဲ႔ Huawei တို႔ပူးေပါင္းၿပီး Myanmar 5G Forum 2018 ကို ေနျပည္ေတာ္မွာ က်င္းပသြားၿပီျဖစ္တဲ့အတြက္ 5G Network ကို ေနာက္ ၂ႏွစ္အတြင္းမွာ အသုံးျပဳႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

အဆိုပါ Forum ကို ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၁၉ရက္ေန႔တုန္းက ေနျပည္ေတာ္ရွိ Hilton ဟိုတယ္မွာ က်င္းပခဲ့တာျဖစ္ၿပီး အစိုးရအဖြဲ႕ဝင္မ်ား၊ သတင္းအခ်က္အလက္ႏွင့္ ဆက္သြယ္ေရးနယ္ပယ္က ကြၽမ္းက်င္ပညာရွင္မ်ားနဲ႔ တာဝန္ရွိပုဂၢိဳလ္မ်ားစြာ တက္ေရာက္ခဲ့ၾကပါတယ္။

ဆက္သြယ္ေရးၫႊန္႔ၾကားမႈဦးစီးဌာနရဲ႕ ဒုတိယၫႊန္႔ၾကားေရးမႈးျဖစ္သူ ဦးမ်ိဴးေဆြက Myanmar 5G Forum 2018 ကို တက္ေရာက္လာတဲ့သူေတြရဲ႕ အႀကံေပးခ်က္၊ ထင္ျမင္ခ်က္ေတြကို ထည့္သြင္းစဥ္းစားသြားမွာ ျဖစ္ၿပီး 5G နဲ႔ပတ္သတ္တဲ့ လုပ္ငန္းစဥ္ေတြကို ၂၀၁၉ခုႏွစ္ ပထမသုံးလပတ္မွာ တရားဝင္ထုတ္ျပန္ေၾကညာသြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။ Huawei Global Carrier စီးပြားေရးလုပ္ငန္းစုရဲ႕ ဒုတိယဥကၠဌျဖစ္သူ Mr. Zhou Jianjun ကလည္း Myanmar 5G Forum 2018 ပြဲျဖစ္ေျမာက္ေရးအတြက္ ပို႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီးဌာနနဲ႔အတူ ပူးေပါင္းေဆာင္႐ြက္ခြင့္ရတာကို ဝမ္းေျမာက္ဂုဏ္ယူေၾကာင္း၊ 5G နည္းပညာဟာ ဒီဂ်စ္တယ္ ျမန္မာႏိုင္ငံျဖစ္လာေစေရးအတြက္ အေျခခံအုတ္ျမစ္ ျဖစ္ေၾကာင္း စတဲ့ အေၾကာင္းအရာမ်ားကို ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံအစိုးရအေနနဲ႔ 5G လုပ္ငန္းစဥ္မ်ားအတြက္ Huawei နဲ႔ပူးေပါင္းေဆာင္႐ြက္ သြားႏိုင္ဖြယ္ရွိၿပီး ကြၽန္ေတာ္တို႔လို ျပည္သူေတြအေနနဲ႔ 5G Network ရဲ႕ အႏွစ္သာရကို ေနာက္ ၂ႏွစ္ အတြင္းမွာ ခံစားႏိုင္ဖြယ္ရွိပါတယ္။

Unicode

ဒစ်ဂျစ်တယ် မြန်မာနိုင်ငံတော် ဖြစ်လာစေရေးအတွက် အခြေခံအုတ်မြစ် ဖြစ်တဲ့ 5G Network

5G ဆိုတာက Cellular Mobile Communications ရဲ့ ပဥ္စမမြောက်မျိူးဆက်ဖြစ်သလို 4G (LTE) ရဲ့ မျိူးဆက်သစ်လို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။ 5G Network က 4G ထက် အဆပေါင်းများစွာ မြန်ဆန်လာမယ့် နည်းပညာဖြစ်ပြီး၊ Theory တွေအရဆိုရင် 5G ရဲ့ Speed က 1 Gigabits per Second ကနေ 10 Gigabits per Second အထိ ရှိတယ်လို့ သိရပါတယ်။ လောလောဆယ် ကျွန်တော်တို့ အသုံးပြုနေတဲ့ 4G Network ရဲ့ Download Speeds က 100 Megabits per Second သာ ရှိပြီး Megabyte နဲ့ ပြန်တွက်မယ်ဆိုရင် 12.5 MB/s သာရှိပါတယ်။

ဒါပေမယ့်လည်း တကယ့် လက်တွေ့ဘဝမှာတော့ 5G Network ဟာ 4G Network ထက် အနည်းဆုံး ၁၀ဆ ကနေ အဆ၂၀ အထိပိုမြန်လာမယ်လို့ မျှော်လင့်ရပါတယ်။ Huawei ကတော့ 5G Network ဟာ 8GB ပမာဏရှိတဲ့ HD Movie တွေကို ၆စက္ကန့်နဲ့ Download လုပ်နိုင်မှာ ဖြစ်ကြောင်း ခန့်မှန်း တွက်ချက်ထားပါတယ်။ 8GB ပမာဏရှိတဲ့ HD ဗီဒီယိုတွေကို 4G Network (12.5MB/s Speed) နဲ့ Download လုပ်မယ်ဆိုရင် ၁၁မိနစ်ခန့် ကြာမှာဖြစ်ပြီး 3G Network နဲ့ ဆိုရင်တော့ ၁နာရီကျော်ကျော် ကြာမှာ ဖြစ်ပါတယ်။

5G Network ကို တချိူ့နိုင်ငံတွေမှာ စမ်းသပ်နေပြီ ဖြစ်သလို Smartphone Manufacture တွေ ဘက်ကလည်း လာမယ့် ၂၀၁၉ခုနှစ်မှာ 5G Network ထောက်ပံ့ပေးတဲ့ဖုန်းတွေကို ထုတ်လုပ်နိုင်ဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ Huawei တို့ပူးပေါင်းပြီး Myanmar 5G Forum 2018 ကို နေပြည်တော်မှာ ကျင်းပသွားပြီဖြစ်တဲ့အတွက် 5G Network ကို နောက် ၂နှစ်အတွင်းမှာ အသုံးပြုနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

အဆိုပါ Forum ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ရက်နေ့တုန်းက နေပြည်တော်ရှိ Hilton ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပြီး အစိုးရအဖွဲ့ဝင်များ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနယ်ပယ်က ကျွမ်းကျင်ပညာရှင်များနဲ့ တာဝန်ရှိပုဂ္ဂိုလ်များစွာ တက်ရောက်ခဲ့ကြပါတယ်။

ဆက်သွယ်ရေးညွှန့်ကြားမှုဦးစီးဌာနရဲ့ ဒုတိယညွှန့်ကြားရေးမှုးဖြစ်သူ ဦးမျိူးဆွေက Myanmar 5G Forum 2018 ကို တက်ရောက်လာတဲ့သူတွေရဲ့ အကြံပေးချက်၊ ထင်မြင်ချက်တွေကို ထည့်သွင်းစဥ်းစားသွားမှာ ဖြစ်ပြီး 5G နဲ့ပတ်သတ်တဲ့ လုပ်ငန်းစဥ်တွေကို ၂၀၁၉ခုနှစ် ပထမသုံးလပတ်မှာ တရားဝင်ထုတ်ပြန်ကြေညာသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ Huawei Global Carrier စီးပွားရေးလုပ်ငန်းစုရဲ့ ဒုတိယဥက္ကဌဖြစ်သူ Mr. Zhou Jianjun ကလည်း Myanmar 5G Forum 2018 ပွဲဖြစ်မြောက်ရေးအတွက် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့အတူ ပူးပေါင်းဆောင်ရွက်ခွင့်ရတာကို ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ 5G နည်းပညာဟာ ဒီဂျစ်တယ် မြန်မာနိုင်ငံဖြစ်လာစေရေးအတွက် အခြေခံအုတ်မြစ် ဖြစ်ကြောင်း စတဲ့ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံအစိုးရအနေနဲ့ 5G လုပ်ငန်းစဥ်များအတွက် Huawei နဲ့ပူးပေါင်းဆောင်ရွက် သွားနိုင်ဖွယ်ရှိပြီး ကျွန်တော်တို့လို ပြည်သူတွေအနေနဲ့ 5G Network ရဲ့ အနှစ်သာရကို နောက် ၂နှစ် အတွင်းမှာ ခံစားနိုင်ဖွယ်ရှိပါတယ်။