[Unicode]

၂၀၁၉ ခုနှစ်ဟာ နည်းပညာအရ အပြောင်းအလဲသစ်အဖြစ် 5G ကို ဖော်ဆောင်နိုင်ခဲ့သလို၊ စမတ်ဖုန်းဈေးကွက်မှာလည်း Mid-range ဈေးကွက်အပိုင်းအခြားကို ပိုပြီးကြီးမားလာစေတဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ စမတ်ဖုန်း ထုတ်လုပ်မှုကုမ္ပဏီအများစုဟာ Mid-range အမျိုးအစားတွေကို ပိုပြီးအာရုံစိုက်လာကြသလို၊ 5G စမတ်ဖုန်းတွေကိုလည်း စောနိုင်သမျှစောစော ထုတ်ဖို့ကြိုးစားလာကြပါတယ်။

ဒီအပြောင်းအလဲတွေကြားက ၂၀၁၉ ခုနှစ် တတိယသုံးလပတ်မှာတော့ ကမ္ဘာ့ ပရီမီယံဖုန်းတင်ပို့ရောင်းချမှုဟာ ၇ ရာခိုင်နှုန်းကျဆင်းသွားခဲ့ပါတယ်။ ဒီကျဆင်းမှုကို 5G စမတ်ဖုန်းတွေက အနည်းငယ်ဝင်ထိန်းပေးခဲ့သေးတယ်လို့ အစီရင်ခံစာတွေက ဖော်ပြကြပါတယ်။ အချက်အလက်အရတော့ တတိယသုံးလပတ်ရဲ့ ပရီမီယံစမတ်ဖုန်းဈေးကွက်မှာ 5G စမတ်ဖုန်းတွေက ၅ ရာခိုင်နှုန်းအထိ ရှိနေတာပဲ ဖြစ်ပါတယ်။

5G အမျိုးအစား စမတ်ဖုန်းတင်ပို့ရောင်းချမှုမှာ Samsung က ၇၄ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေခဲ့တာပါ။ ပြည်တွင်းပြိုင်ဘက်ဖြစ်တဲ့ LG ကတော့ ၁၁ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာရှိနေပြီး Vivo က ၅ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ သိရပါတယ်။ လေ့လာဆန်းစစ်မှုတွေအရ၊ တရုတ်၊ တောင်ကိုရီးယားနဲ့ မြောက်အမေရိကဒေသတွေရဲ့ 5G ကူးပြောင်းမှုမှာ အတော်လေး အထောက်အကူဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

ပရီမီယံဈေးကွက်တစ်ခုလုံးနဲ့ယှဉ်ပြီးကြည့်မယ်ဆိုရင်တော့ Apple က စုစုပေါင်းပရီမီယံဈေးကွက်ရဲ့ တစ်ဝက်ကျော်ကျော်လောက်နဲ့ ဦးဆောင်နေပြီး Samsung ကတော့ ၂၅ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ Huawei က ၁၂ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာ ရှိနေတာပါ။ အံ့အားသင့်စရာကောင်းတာက OnePlus နဲ့ LG တို့က ၂ ရာခိုင်နှုန်းစီနဲ့ ထိပ်ဆုံး ၅နေရာထဲ ဝင်ရောက်နိုင်ခြင်းပါ။ ကျန်အမှတ်တံဆိပ်တွေ အားလုံးပေါင်းကတော့ ၈ ရာခိုင်နှုန်းပါ။

Apple ထိပ်ဆုံးရောက်သွားတဲ့အကြောင်းရင်းက iPhone 11 ကြောင့်ဖြစ်သလို၊ iPhone XR ကလည်း အနည်းငယ် အားဖြည့်ပါဝင်နေပါတယ်။ Huawei ကတော့ တရုတ်ပြည်တွင်းဈေးကွက်ကြောင့် ထိပ်ဆုံးငါးနေရာထဲမှာ ဆက်ပြီးရှိနေနိုင်တာ ဖြစ်ပါတယ်။ Huawei ရဲ့ ပြည်ပဈေးကွက်ကတော့ အနည်းငယ်ရုန်းကန်နေရတာပါ။

Ref: GSM Arena

[Zawgyi]

၂၀၁၉ ခုႏွစ္ တတိယသုံးလပတ္ရဲ႕ ပရီမီယံစမတ္ဖုန္းေဈးကြက္မွာ 5G ဖုန္းေတြက ၅ ရာခိုင္ႏႈန္းအထိ ပါဝင္ေန

၂၀၁၉ ခုႏွစ္ဟာ နည္းပညာအရ အေျပာင္းအလဲသစ္အျဖစ္ 5G ကို ေဖာ္ေဆာင္ႏိုင္ခဲ့သလို၊ စမတ္ဖုန္းေဈးကြက္မွာလည္း Mid-range ေဈးကြက္အပိုင္းအျခားကို ပိုၿပီးႀကီးမားလာေစတဲ့ ႏွစ္တစ္ႏွစ္ ျဖစ္ပါတယ္။ စမတ္ဖုန္း ထုတ္လုပ္မႈကုမၸဏီအမ်ားစုဟာ Mid-range အမ်ိဳးအစားေတြကို ပိုၿပီးအာ႐ုံစိုက္လာၾကသလို၊ 5G စမတ္ဖုန္းေတြကိုလည္း ေစာႏိုင္သမွ်ေစာေစာ ထုတ္ဖို႔ႀကိဳးစားလာၾကပါတယ္။

ဒီအေျပာင္းအလဲေတြၾကားက ၂၀၁၉ ခုႏွစ္ တတိယသုံးလပတ္မွာေတာ့ ကမာၻ႔ ပရီမီယံဖုန္းတင္ပို႔ေရာင္းခ်မႈဟာ ၇ ရာခိုင္ႏႈန္းက်ဆင္းသြားခဲ့ပါတယ္။ ဒီက်ဆင္းမႈကို 5G စမတ္ဖုန္းေတြက အနည္းငယ္ဝင္ထိန္းေပးခဲ့ေသးတယ္လို႔ အစီရင္ခံစာေတြက ေဖာ္ျပၾကပါတယ္။ အခ်က္အလက္အရေတာ့ တတိယသုံးလပတ္ရဲ႕ ပရီမီယံစမတ္ဖုန္းေဈးကြက္မွာ 5G စမတ္ဖုန္းေတြက ၅ ရာခိုင္ႏႈန္းအထိ ရွိေနတာပဲ ျဖစ္ပါတယ္။

5G အမ်ိဳးအစား စမတ္ဖုန္းတင္ပို႔ေရာင္းခ်မႈမွာ Samsung က ၇၄ ရာခိုင္ႏႈန္းနဲ႔ ဦးေဆာင္ေနခဲ့တာပါ။ ျပည္တြင္းၿပိဳင္ဘက္ျဖစ္တဲ့ LG ကေတာ့ ၁၁ ရာခိုင္ႏႈန္းနဲ႔ ဒုတိယေနရာမွာရွိေနၿပီး Vivo က ၅ ရာခိုင္ႏႈန္း ရွိခဲ့တယ္လို႔ သိရပါတယ္။ ေလ့လာဆန္းစစ္မႈေတြအရ၊ တ႐ုတ္၊ ေတာင္ကိုရီးယားနဲ႔ ေျမာက္အေမရိကေဒသေတြရဲ႕ 5G ကူးေျပာင္းမႈမွာ အေတာ္ေလး အေထာက္အကူျဖစ္ခဲ့တယ္လို႔လည္း သိရပါတယ္။

ပရီမီယံေဈးကြက္တစ္ခုလုံးနဲ႔ယွဥ္ၿပီးၾကည့္မယ္ဆိုရင္ေတာ့ Apple က စုစုေပါင္းပရီမီယံေဈးကြက္ရဲ႕ တစ္ဝက္ေက်ာ္ေက်ာ္ေလာက္နဲ႔ ဦးေဆာင္ေနၿပီး Samsung ကေတာ့ ၂၅ ရာခိုင္ႏႈန္းနဲ႔ ဒုတိယေနရာမွာ ရွိေနပါတယ္။ Huawei က ၁၂ ရာခိုင္ႏႈန္းနဲ႔ တတိယေနရာမွာ ရွိေနတာပါ။ အံ့အားသင့္စရာေကာင္းတာက OnePlus နဲ႔ LG တို႔က ၂ ရာခိုင္ႏႈန္းစီနဲ႔ ထိပ္ဆုံး ၅ေနရာထဲ ဝင္ေရာက္ႏိုင္ျခင္းပါ။ က်န္အမွတ္တံဆိပ္ေတြ အားလုံးေပါင္းကေတာ့ ၈ ရာခိုင္ႏႈန္းပါ။

Apple ထိပ္ဆုံးေရာက္သြားတဲ့အေၾကာင္းရင္းက iPhone 11 ေၾကာင့္ျဖစ္သလို၊ iPhone XR ကလည္း အနည္းငယ္ အားျဖည့္ပါဝင္ေနပါတယ္။ Huawei ကေတာ့ တ႐ုတ္ျပည္တြင္းေဈးကြက္ေၾကာင့္ ထိပ္ဆုံးငါးေနရာထဲမွာ ဆက္ၿပီးရွိေနႏိုင္တာ ျဖစ္ပါတယ္။ Huawei ရဲ႕ ျပည္ပေဈးကြက္ကေတာ့ အနည္းငယ္႐ုန္းကန္ေနရတာပါ။

Ref: GSM Arena