Poco ရဲ့ ထုတ်ကုန်ဈေးကွက်ရှာဖွေရေးမန်နေဂျာဖြစ်သူက Poco X3 အကြောင်း အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုလိုက်ပြီ ဖြစ်ပါတယ်။ ဒီဟန်းဆက်ဟာ 64MP ကင်မရာ တပ်ဆင်ထားမှာဖြစ်ပြီး ဒီကင်မရာနဲ့ ရိုက်ကူးထားတဲ့ နမူနာဓါတ်ပုံတွေကိုလည်း မျှဝေခဲ့ပါတယ်။

ကင်မရာ UI အရ F2 Pro နဲ့ ဆင်တူတယ်လို့ ဆိုနိုင်ရုံပဲဖြစ်ပြီး လုံးလုံးလျားလျားတော့ တူညီတာမျိုး မဟုတ်ပါဘူး။ Poco X3 နဲ့ပတ်သက်တဲ့ နောက်ထပ်စိတ်ဝင်စားစရာ အချက်ကတော့ ၆၅ မိနစ်အတွင်း ရာနှုန်းပြည့် အားသွင်းနိုင်တယ်ဆိုတာပါပဲ။ အားသွင်းမြန်နှုန်းကို Samsung Galaxy A71 နဲ့ ယှဉ်ပြီး ပြသထားပါတယ်။

Samsung Galaxy A71 က သူ့ရဲ့ 4,500mAh ဘက်ထရီကို 25W Charger နဲ့ အားအပြည့်သွင်းဖို့အတွက် အချိန် မိနစ် ၈၀ လိုအပ်ပါတယ်။ ဒါပေမယ့် Poco X3 ကတော့ ၆၅ မိနစ်နဲ့ အားအပြည့်သွင်းနိုင်ကြောင်း ပြသထားတာပါ။ ဒါကြောင့် Poco X3 ဟာ ကောလာဟလထွက်ထားတဲ့ 33W Charger နဲ့ထွက်လာမယ်ဆိုတာဟာ မဖြစ်နိုင်တော့ဘူးလို့ သုံးသပ်ရပါတယ်။ ဒီပမာဏက လုံလောက်တဲ့ မြန်နှုန်းကို ထောက်ပံ့ပေးနိုင်မှာမဟုတ်ပါဘူး။

Poco M2 Pro နဲ့နှိုင်းယှဉ်မယ်ဆိုရင် 5,000mAh ဘက်ထရီကို 33W charger နဲ့အားသွင်းတဲ့အခါ မိနစ် ၃၀ မှာ ၅၀% အားဝင်ပါတယ်။ Poco X3 ကတော့ ၅၀ % ကို မိနစ် ၂၀ နဲ့ ရောက်ရှိပါတယ်။ တစ်ဘက်ကပြန်ကြည့်ရင် Poco X3 မှာ အနည်းငယ်ပိုသေးတဲ့ 4,500mAh ဘက်ထရီနဲ့ ဖြစ်နိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ပိုပြီး ကောင်းမွန်တဲ့ အားသွင်းစနစ်ကို ထောက်ပံ့ထားလို့ပဲ ဖြစ်ပါလိမ့်မယ်။

Ref: GSM Arena