Zawgyi

Realme ကုမၸဏီဟာ သူတုိ႔ရဲ႕ 64MP Quad-camera စမတ္ဖုန္းသစ္ကို မၾကာခင္မွာ ထုတ္ျပလာေတာ့မွာပါ။ သူတုိ႔ဟာ အိႏၵိယႏုိင္ငံမွာ အရင္ဆုံးျပသသြားမွာျဖစ္ၿပီး ၾသဂုတ္လ ၈ ရက္ေန႔လို႔ သတ္မွတ္ထားပါတယ္။

ေတာ္ေတာ္မ်ားမ်ားကေတာ့ ဒီဖုန္းကို Realme 4 လို႔ အမည္ေပးလာဖို႔ ေမွ်ာ္လင့္ထားေပမယ့္ တရုတ္ျပည္ အေျခစုိက္ကုမၸဏီေတြအေနနဲ႔ ကံဆုိးတဲ့နံပါတ္အျဖစ္ ယူဆထားတဲ့ ေလးဂဏန္းကို ေက်ာ္ခြသြားေလ့ရွိတာ သိပ္ေတာ့ မထူးဆန္းလွပါဘူး။

Realme India ရဲ႕အမႈေဆာင္အရာရွိခ်ဳပ္ Madhav Sheth က ယေန႔မွာ Realme ကုမၸဏီဟာ သူတုိ႔ရဲ႕ စမတ္ဖုန္းအသစ္အတြက္ နံပါတ္ေလးကို ေက်ာ္ၿပီး အမည္ေပးလာမွာျဖစ္ေၾကာင္း သူ႕ရဲ႕တြစ္တာကေနတဆင့္ သြယ္ဝုိက္ၿပီး ေၾကညာေပးလိုက္ပါတယ္။

Sheth ဟာ သူ႕ရဲ႕ တြစ္တာအေကာင့္နာမည္ကို Madhav ‘5’ Quad လို႔အမည္ေပးလိုက္တာျဖစ္ၿပီး Quad ဆုိတဲ့စကားလုံးဟာ ဖုန္းအသစ္ရဲ႕ Quad-camera အားရည္ညႊန္းတာေၾကာင့္ ‘5’ ဆုိတာကေတာ့ ဖုန္းရဲ႕ အမည္ပဲ ျဖစ္မယ္လို႔ ေကာက္ခ်က္ခ်ရမွာပါ။

Sheth အေနနဲ႔ Realme ဖုန္းေတြရဲ႕ အမည္သစ္ကို တြစ္တာမွာ နာမည္အျဖစ္ေျပာင္းၿပီး ေၾကညာတာ ဒါပထမဆုံးအႀကိမ္ေတာင္ မဟုတ္ပါဘူး။ အိႏၵိယအေျခစိုက္ဌာနရဲ႕ စီအီးအုိဟာ Realme X ကို အိႏၵိယေစ်းကြက္ ထဲသုိ႔ ပို႔ေဆာင္လာတုန္းကလည္း “Madhav X” လို႔ ေျပာင္းလဲခဲ့ဖူးပါတယ္။

64MP ကင္မရာဖုန္းဘက္ကို ျပန္လွည့္ရမယ္ ဆုိရင္ေတာ့ ဒီဖုန္းရဲ႕ အခ်က္အလက္ေတြကို ၈ ရက္ေန႔ပြဲ မတိုင္ခင္ သိရဖို႔ နည္းပါးေနၿပီး အျခားေစ်းကြက္ေတြကို မျဖန္႔ခ်ိခင္ အိႏၵိယကို အဓိကျဖန္႔ခ်ိလာဖို႔က ေသခ်ာသေလာက္ရွိပါတယ္။

Ref – GSM Arena

Unicode

Realme ကုမ္ပဏီဟာ သူတို့ရဲ့ 64MP Quad-camera စမတ်ဖုန်းသစ်ကို မကြာခင်မှာ မိတ်ဆက်လာတော့မှာပါ။ သူတို့ဟာ အိန္ဒိယနိုင်ငံမှာ အရင်ဆုံးပြသသွားမှာဖြစ်ပြီး သြဂုတ်လ ၈ ရက်နေ့လို့ သတ်မှတ်ထားပါတယ်။

တော်တော်များများကတော့ ဒီဖုန်းကို Realme 4 လို့ အမည်ပေးလာဖို့ မျှော်လင့်ထားပေမယ့် တရုတ်ပြည် အခြေစိုက်ကုမ္ပဏီတွေအနေနဲ့ ကံဆိုးတဲ့နံပါတ်အဖြစ် ယူဆထားတဲ့ လေးဂဏန်းကို ကျော်ခွသွားလေ့ရှိတာ သိပ်တော့ မထူးဆန်းလှပါဘူး။

Realme India ရဲ့အမှုဆောင်အရာရှိချုပ် Madhav Sheth က ယနေ့မှာ Realme ကုမ္ပဏီဟာ သူတို့ရဲ့ စမတ်ဖုန်းအသစ်အတွက် နံပါတ်လေးကို ကျော်ပြီး အမည်ပေးလာမှာဖြစ်ကြောင်း သူ့ရဲ့တွစ်တာကနေတဆင့် သွယ်ဝိုက်ပြီး ကြေငြာပေးလိုက်ပါတယ်။

Sheth ဟာ သူ့ရဲ့ တွစ်တာအကောင့်နာမည်ကို Madhav ‘5’ Quad လို့အမည်ပေးလိုက်တာဖြစ်ပြီး Quad ဆိုတဲ့စကားလုံးဟာ ဖုန်းအသစ်ရဲ့ Quad-camera အားရည်ညွှန်းတာကြောင့် ‘5’ ဆိုတာကတော့ ဖုန်းရဲ့ အမည်ပဲ ဖြစ်မယ်လို့ ကောက်ချက်ချရမှာပါ။

Sheth အနေနဲ့ Realme ဖုန်းတွေရဲ့ အမည်သစ်ကို တွစ်တာမှာ နာမည်အဖြစ်ပြောင်းပြီး ကြေငြာတာ ဒါပထမဆုံးအကြိမ်တောင် မဟုတ်ပါဘူး။ အိန္ဒိယအခြေစိုက်ဌာနရဲ့ စီအီးအိုဟာ Realme X ကို အိန္ဒိယဈေးကွက် ထဲသို့ ပို့ဆောင်လာတုန်းကလည်း “Madhav X” လို့ ပြောင်းလဲခဲ့ဖူးပါတယ်။

64MP ကင်မရာဖုန်းဘက်ကို ပြန်လှည့်ရမယ် ဆိုရင်တော့ ဒီဖုန်းရဲ့ အချက်အလက်တွေကို ၈ ရက်နေ့ပွဲ မတိုင်ခင် သိရဖို့ နည်းပါးနေပြီး အခြားဈေးကွက်တွေကို မဖြန့်ချိခင် အိန္ဒိယကို အဓိကဖြန့်ချိလာဖို့က သေချာသလောက်ရှိပါတယ်။

Ref – GSM Arena