[Zawgyi]

Qualcomm ကုမၸဏီရဲ႕ ထုတ္ကုန္ခန္႔ခြဲမႈပုိင္းမွာ စီနီယာဒါရုိက္တာျဖစ္တဲ့ Judd Heape ဟာ အင္တာဗ်ဴးတစ္ခုမွာ ၂၀၁၉ ခုႏွစ္မကုန္ခင္ 64 MP ကင္မရာပါတဲ့ ဖုန္းေတြ ျမင္လာရႏုိင္သလို၊ 100 MP စမတ္ဖုန္း ကင္မရာကိုေတာင္ ျမင္ေကာင္းျမင္ရႏုိင္တယ္လို႔ ဆုိခဲ့ပါတယ္။

ဒါေပမယ့္ Judd Heape ဟာ ဖုန္းေတြမွာ Megapixel အလြန္ျမင့္မားတဲ့ ဆင္ဆာေတြ အျပိဳင္အဆုိင္ တပ္ဆင္ၾကတာကိုေတာ့ အားေပးသူတစ္ေယာက္ မဟုတ္ပါဘူး။ လက္ရွိ Snapdragon ခ်စ္ပ္ဆက္ေတြျဖစ္တဲ့ 660, 670, 675, 710, 845, 855 တုိ႔ဟာ စမတ္ဖုန္းကင္မရာေတြကို 192 MP ထိ ေထာက္ပံ့ေပးႏုိင္ေပမယ့္ ျမင့္မားတဲ့ Resolution နဲ႔ရုိက္ကူးခ်င္ရင္ေတာ့ Multi-frame Noise ေလ်ာ့ခ်မႈနဲ႔ Zero Shutter Lag တို႔လို Feature အေကာင္းစားေတြကို Disable လုပ္မွရမွာ ျဖစ္ပါတယ္။

ဒါဆုိရင္ စမတ္ဖုန္းကင္မရာေတြဟာ တစ္ခဏအတြင္းမွာ ဓါတ္ပုံေျမာက္မ်ားစြာ ရုိက္ကူးၿပီး အားလုံးကို တစ္ပုံတည္းအျဖစ္ ျပန္လည္ေပါင္းစပ္တဲ့ စနစ္နဲ႔ Resolution ျမင့္မားတဲ့ စနစ္ကို သုံးစြဲလုိ႔ မရေတာ့တာ ျဖစ္ပါတယ္။ လက္ရွိ 48 MP ကင္မရာေတြဟာ 4 Pixels ကို တစ္ခုတည္းအျဖစ္ ေပါင္းၿပီး 12 MP ရုိက္ခ်က္ ျဖစ္ေအာင္ ဖန္တီးေပးတာပါ။ ဒီပုံစံအတုိင္းသာဆုိရင္ 64 MP ကိုလည္း 16 MP ပုံရိပ္ေလးခု ေပါင္းစည္းျခင္းျဖင့္ ရရွိႏုိင္ပါတယ္။

ဒီစနစ္ဟာ Samsung ရဲ႕ Galaxy S10 ၊ Google ရဲ႕ Pixel 3 နဲ႔ Apple ရဲ႕ iPhone XS ဟန္းဆက္ေတြ သြားေနတဲ့ပုံစံနဲ႔ ဆန္႔က်င္ေနပါတယ္။ ဒီ Flagship ဖုန္းေတြမွာေတာ့ Resolution အဆမတန္ျမင့္မားေနတဲ့ ကင္မရာေတြကို အသုံးမျပဳဘဲ Multi-frame နည္းစနစ္နဲ႔ပဲ Noise နည္းပါးၿပီး ၾကည္လင္ျပတ္သားတဲ့ ဓါတ္ပုံတစ္ပုံတည္းျဖစ္ေအာင္ ေပါင္းစည္းတဲ့ စနစ္ကိုသာ က်င့္သုံးေနၾကတာပါ။

ဘာပဲျဖစ္ျဖစ္ ၂၀၁၉ ႏွစ္စမွာ Xiaomi Mi 9 နဲ႔ Redmi Note 7 Pro တုိ႔က 48 MP အဓိက ကင္မရာကို သုံးစြဲေၾကျငာလာျခင္းနဲ႔အတူ ကင္မရာေတြရဲ႕ Megapixel ကလည္း ေစ်းကြက္မွာ အာရုံစုိက္မႈကို ရရွိလာခဲ့ပါတယ္။ Vivo V15 Pro မွာဆုိရင္ 48 MP အဓိက ကင္မရာသာမက 32 MP ဆယ္ဖီကင္မရာကိုပါ အသုံးျပဳလာပါတယ္။ ဒါေပမယ့္လည္း စမတ္ဖုန္းေစ်းကြက္ဟာ ဒီေရစီးကို သြားမလားဆုိတာကိုေတာ့ ေလာေလာဆယ္ မေသခ်ာေသးဘူးလို႔ ဆုိႏုိင္ပါတယ္။ ဘာေၾကာင့္ဆုိ Megapixel အလြန္ျမင့္မားတဲ့ ကင္မရာေတြဟာ လတ္တေလာမွာ Mid-range တန္း ဟန္းဆက္ေတြမွာသာ ျမင္ရေသးလို႔ပါပဲ။

Judd Heape ကေတာ့ Qualcomm ရဲ႕ေနာက္အသစ္ထြက္လာမယ့္ Flagship ခ်စ္ပ္ဆက္ျဖစ္တဲ့ Snapdragon 865 ဟာ HDR10 ဗီဒီယိုရုိက္ကူးမႈကို ေထာက္ပံ့ေပးႏုိင္မယ္ ဆုိတာပါ အသိေပးခဲ့ပါတယ္။

Ref – GSM Arena

[Unicode]

Qualcomm ကုမ္ပဏီရဲ့ ထုတ်ကုန်ခန့်ခွဲမှုပိုင်းမှာ စီနီယာဒါရိုက်တာဖြစ်တဲ့ Judd Heape ဟာ အင်တာဗျူးတစ်ခုမှာ ၂၀၁၉ ခုနှစ်မကုန်ခင် 64 MP ကင်မရာပါတဲ့ ဖုန်းတွေ မြင်လာရနိုင်သလို၊ 100 MP စမတ်ဖုန်း ကင်မရာကိုတောင် မြင်ကောင်းမြင်ရနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့် Judd Heape ဟာ ဖုန်းတွေမှာ Megapixel အလွန်မြင့်မားတဲ့ ဆင်ဆာတွေ အပြိုင်အဆိုင် တပ်ဆင်ကြတာကိုတော့ အားပေးသူတစ်ယောက် မဟုတ်ပါဘူး။ လက်ရှိ Snapdragon ချစ်ပ်ဆက်တွေဖြစ်တဲ့ 660, 670, 675, 710, 845, 855 တို့ဟာ စမတ်ဖုန်းကင်မရာတွေကို 192 MP ထိ ထောက်ပံ့ပေးနိုင်ပေမယ့် မြင့်မားတဲ့ Resolution နဲ့ရိုက်ကူးချင်ရင်တော့ Multi-frame Noise လျော့ချမှုနဲ့ Zero Shutter Lag တို့လို Feature အကောင်းစားတွေကို Disable လုပ်မှရမှာ ဖြစ်ပါတယ်။

ဒါဆိုရင် စမတ်ဖုန်းကင်မရာတွေဟာ တစ်ခဏအတွင်းမှာ ဓါတ်ပုံမြောက်များစွာ ရိုက်ကူးပြီး အားလုံးကို တစ်ပုံတည်းအဖြစ် ပြန်လည်ပေါင်းစပ်တဲ့ စနစ်နဲ့ Resolution မြင့်မားတဲ့ စနစ်ကို သုံးစွဲလို့ မရတော့တာ ဖြစ်ပါတယ်။ လက်ရှိ 48 MP ကင်မရာတွေဟာ 4 Pixels ကို တစ်ခုတည်းအဖြစ် ပေါင်းပြီး 12 MP ရိုက်ချက် ဖြစ်အောင် ဖန်တီးပေးတာပါ။ ဒီပုံစံအတိုင်းသာဆိုရင် 64 MP ကိုလည်း 16 MP ပုံရိပ်လေးခု ပေါင်းစည်းခြင်းဖြင့် ရရှိနိုင်ပါတယ်။

ဒီစနစ်ဟာ Samsung ရဲ့ Galaxy S10 ၊ Google ရဲ့ Pixel 3 နဲ့ Apple ရဲ့ iPhone XS ဟန်းဆက်တွေ သွားနေတဲ့ပုံစံနဲ့ ဆန့်ကျင်နေပါတယ်။ ဒီ Flagship ဖုန်းတွေမှာတော့ Resolution အဆမတန်မြင့်မားနေတဲ့ ကင်မရာတွေကို အသုံးမပြုဘဲ Multi-frame နည်းစနစ်နဲ့ပဲ Noise နည်းပါးပြီး ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံတစ်ပုံတည်းဖြစ်အောင် ပေါင်းစည်းတဲ့ စနစ်ကိုသာ ကျင့်သုံးနေကြတာပါ။

ဘာပဲဖြစ်ဖြစ် ၂၀၁၉ နှစ်စမှာ Xiaomi Mi 9 နဲ့ Redmi Note 7 Pro တို့က 48 MP အဓိက ကင်မရာကို သုံးစွဲကြေငြာလာခြင်းနဲ့အတူ ကင်မရာတွေရဲ့ Megapixel ကလည်း ဈေးကွက်မှာ အာရုံစိုက်မှုကို ရရှိလာခဲ့ပါတယ်။ Vivo V15 Pro မှာဆိုရင် 48 MP အဓိက ကင်မရာသာမက 32 MP ဆယ်ဖီကင်မရာကိုပါ အသုံးပြုလာပါတယ်။ ဒါပေမယ့်လည်း စမတ်ဖုန်းဈေးကွက်ဟာ ဒီရေစီးကို သွားမလားဆိုတာကိုတော့ လောလောဆယ် မသေချာသေးဘူးလို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်ဆို Megapixel အလွန်မြင့်မားတဲ့ ကင်မရာတွေဟာ လတ်တလောမှာ Mid-range တန်း ဟန်းဆက်တွေမှာသာ မြင်ရသေးလို့ပါပဲ။

Judd Heape ကတော့ Qualcomm ရဲ့နောက်အသစ်ထွက်လာမယ့် Flagship ချစ်ပ်ဆက်ဖြစ်တဲ့ Snapdragon 865 ဟာ HDR10 ဗီဒီယိုရိုက်ကူးမှုကို ထောက်ပံ့ပေးနိုင်မယ် ဆိုတာပါ အသိပေးခဲ့ပါတယ်။

Ref – GSM Arena