[Zawgyi]

Samsung ဟာ ေမလဆန္းတုန္းကပဲ 64MP Sensor ကို ပိုင္ဆိုင္ထားေၾကာင္း ထုတ္ႂကြားခဲ့ၿပီး ျဖစ္ပါတယ္။ ဒီလို ေၾကညာလိုက္ၿပီးတဲ့ေနာက္မွာေတာ့ Samsung ရဲ႕ 64MP Sensor ကင္မရာနဲ႔ စမတ္ဖုန္းက ဘာျဖစ္မလဲဆိုတဲ့ ေမးခြန္းက ပိုၿပီးႀကီးမားလာခဲ့ပါေတာ့တယ္။

တကယ္ဆိုရင္ Galaxy A70 ဟာ လြန္ခဲ့တဲ့ဧၿပီလ တုန္းကမွ ေဈးကြက္ထဲကို ျဖန႔္ခ်ိခဲ့တာပါ။ အခုအခ်ိန္ထိလည္း ေမာ္ဒယ္အသစ္တစ္ခုအျဖစ္ ေရပန္းစားလူႀကိဳက္မ်ားၿပီး ေရာင္းအားလည္း ရွိေနေသးတာပါ။ ဒါေပမယ့္ ထြက္ေပၚလာတဲ့သတင္းမွာေတာ့ Galaxy A70S ဟာ Hardware ပိုင္းကို ပိုအဆင့္ျမႇင့္တင္ၿပီး ထြက္လာဦးမယ္ဆိုတာပါပဲ။

အျခားစမတ္ဖုန္း ထုတ္လုပ္တဲ့ ကုမၸဏီေတြကလည္း 64MP ကင္မရာနဲ႔ထုတ္လုပ္ဖို႔ ႀကိဳးစားေနၾကေပမယ့္ Samsung Galaxy A70S ကပဲ 64MP sensor အသုံးျပဳထားတဲ့ ပထမဆုံး စမတ္ဖုန္းျဖစ္လာဖြယ္ရွိေနပါတယ္။ ထုတ္လုပ္မႈနယ္ပယ္ထဲက ထြက္ေပၚလာတဲ့သတင္းအရ ဒီ Galaxy A70S ဟာ ၂၀၁၉ ခုႏွစ္ရဲ႕ ဒုတိယႏွစ္ဝက္ထဲမွာပဲ ေဈးကြက္ထဲကို ေရာက္ရွိလာမယ္လို႔ သိရပါတယ္။

ဒါဟာ Tetracell နည္းပညာနဲ႔ ISOCELL Bright GW1 Sensor ျဖစ္ပါတယ္။ Tetracell နည္းပညာဟာ Pixel ၄ ခုကေန ၁ ခုျဖစ္ေအာင္ ေပါင္းစပ္ေပးႏိုင္တဲ့ Pixel-binning ကိုအေျခခံထားတဲ့ နည္းပညာပဲ ျဖစ္ပါတယ္။ ISOCELL Bright GW1 sensor ေတြဟာ ပုံရိပ္ေတြကိုဖမ္းယူရာမွာ ပိုၿပီးအေသးစိတ္က်တဲ့အျပင္ အလင္းေရာင္နည္းေနတဲ့ပတ္ဝန္းက်င္အေျခအေနမွာလည္း က်စ္လ်စ္သိပ္သည္းတဲ့ ဓါတ္ပုံေတြကို ႐ိုက္ကူးႏိုင္ေအာင္လို႔ စြမ္းေဆာင္ေပးႏိုင္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ 480fps ဗြီဒီယို႐ိုက္ကူးျခင္းကိုေတာင္ ေထာက္ပံ့ေပးႏိုင္တယ္လို႔လည္း သိရပါတယ္။

Ref: GSMArena

[Unicode]

64MP ကင်မရာကို Galaxy A70S မှာသုံးမယ်လို့ အရိပ်အမြွက်ပြောလိုက်တဲ့ Samsung

Samsung ဟာ မေလဆန်းတုန်းကပဲ 64MP Sensor ကို ပိုင်ဆိုင်ထားကြောင်း ထုတ်ကြွားခဲ့ပြီး ဖြစ်ပါတယ်။ ဒီလို ကြေညာလိုက်ပြီးတဲ့နောက်မှာတော့ Samsung ရဲ့ 64MP Sensor ကင်မရာနဲ့ စမတ်ဖုန်းက ဘာဖြစ်မလဲဆိုတဲ့ မေးခွန်းက ပိုပြီးကြီးမားလာခဲ့ပါတော့တယ်။

တကယ်ဆိုရင် Galaxy A70 ဟာ လွန်ခဲ့တဲ့ဧပြီလ တုန်းကမှ ဈေးကွက်ထဲကို ဖြန့်ချိခဲ့တာပါ။ အခုအချိန်ထိလည်း မော်ဒယ်အသစ်တစ်ခုအဖြစ် ရေပန်းစားလူကြိုက်များပြီး ရောင်းအားလည်း ရှိနေသေးတာပါ။ ဒါပေမယ့် ထွက်ပေါ်လာတဲ့သတင်းမှာတော့ Galaxy A70S ဟာ Hardware ပိုင်းကို ပိုအဆင့်မြှင့်တင်ပြီး ထွက်လာဦးမယ်ဆိုတာပါပဲ။

အခြားစမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကလည်း 64MP ကင်မရာနဲ့ထုတ်လုပ်ဖို့ ကြိုးစားနေကြပေမယ့် Samsung Galaxy A70S ကပဲ 64MP sensor အသုံးပြုထားတဲ့ ပထမဆုံး စမတ်ဖုန်းဖြစ်လာဖွယ်ရှိနေပါတယ်။ ထုတ်လုပ်မှုနယ်ပယ်ထဲက ထွက်ပေါ်လာတဲ့သတင်းအရ ဒီ Galaxy A70S ဟာ ၂၀၁၉ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်ထဲမှာပဲ ဈေးကွက်ထဲကို ရောက်ရှိလာမယ်လို့ သိရပါတယ်။

ဒါဟာ Tetracell နည်းပညာနဲ့ ISOCELL Bright GW1 Sensor ဖြစ်ပါတယ်။ Tetracell နည်းပညာဟာ Pixel ၄ ခုကနေ ၁ ခုဖြစ်အောင် ပေါင်းစပ်ပေးနိုင်တဲ့ Pixel-binning ကိုအခြေခံထားတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ ISOCELL Bright GW1 sensor တွေဟာ ပုံရိပ်တွေကိုဖမ်းယူရာမှာ ပိုပြီးအသေးစိတ်ကျတဲ့အပြင် အလင်းရောင်နည်းနေတဲ့ပတ်ဝန်းကျင်အခြေအနေမှာလည်း ကျစ်လျစ်သိပ်သည်းတဲ့ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်အောင်လို့ စွမ်းဆောင်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် 480fps ဗွီဒီယိုရိုက်ကူးခြင်းကိုတောင် ထောက်ပံ့ပေးနိုင်တယ်လို့လည်း သိရပါတယ်။

Ref: GSMArena