၂၀၁၈ ခုနှစ်မှာ ပထမဆုံး အကြိမ် ပြသခဲ့တဲ့ LG ရဲ့ စက္ကူလို ခေါက်လိပ်နိုင်တဲ့ OLED TV ကို ၂၀၁၉ ခုနှစ်မှာ ရောင်းဖို့ စီစဉ်ခဲ့ပေမယ့် မဖြစ်လာခဲ့ပါဘူး။ နည်းပညာ မြင့်သလို ဈေးကလည်း မသေးပါဘူး။ ဒေါ်လာ ၈၇,၀၀၀ လောက်ရှိပြီး မြန်မာငွေ သိန်း ၁ ထောင်ကျော်ပါတယ်။ အခုတော့ သိန်းထောင်ကျော်တန် TV ကို တောင်ကိုရီးယားက နာမည်ကြီး စတိုးတွေမှာ ရောင်းပေးလိုက်ပါပြီ။

LG Signature OLED R, the 65

LG Signature OLED R ရဲ့ ထူးခြားချက်က ၆၅ လက်မ OLED မျက်နှာပြင်ကို ခေါက်လိပ်ပြီး အောက်ခြေက အလူမီနီယမ် အထိုင်ထဲ ထည့်သွင်းထားနိုင်တာပါ။ Zero View ဆိုရင် အဲဒီလို လုံးဝ မမြင်ရအောင် ဖျောက်ထားနိုင်ပါတယ်။ Full View ဆိုရင် ၆၅ လက်မ အပြည့် ပြသမှာ ဖြစ်ပြီး Line View ဆိုရင် မျက်နှာပြင်ရဲ့ အထက်ပိုင်းကိုပဲ မြင်ရမှာပါ။

LG Signature OLED R, the 65'' rollable TV, is now available for $87,000

အသံစွမ်းရည်ကလည်း အရမ်းမိုက်ပြီး 100W Output Power ထုတ်လုပ်ပေးနိုင်တဲ့ 4.2 Channel Speakers တွေ ထည့်သွင်းထားပါတယ်။ LG Signature OLED R TV ကို Gyeongbuk ရှိ  LG ရဲ့ Gumi TV စက်ရုံကနေ ထုတ်လုပ်ထားတာ ဖြစ်ပြီး TV ရဲ့ အစိတ်အပိုင်း တချို့ကို လက်နဲ့ တည်ဆောက်ထားတာပါ။ ဒိန်းမတ် ချည်ထည် ကုမ္ပဏီ Kvadrat က Speakers ကို ဖုံးအုပ်ထားတဲ့ ချည်သားတွေကို ပံ့ပိုးပေးထားပြီး Signature Black, Moon Gray, Topaz Blue နဲ့ Toffee Brown အရောင်တွေ ရွေးချယ်နိုင်ပါတယ်။ အောက်ခြေ အထိုင်ကို အလူမီနီယမ်နဲ့ ပြုလုပ်ထားပြီး သင့် နာမည် ရေးထွင်းခိုင်းလို့လည်း ရပါတယ်။

TV ဝယ်ယူသူတွေအတွက် ၃ နှစ်ကြာ ဝန်ဆောင်မှု ပေးမှာ ဖြစ်ပြီး အဲဒီထဲမှာ TV ရဲ့ Maintenance အတွက် ၁ နှစ်ကို Technician တွေ ၂ ကြိမ် စေလွှတ်ပေးတာ ပါပါတယ်။ LG က နေအိမ်မှာ TV တပ်ဆင်နေရာချဖို့အတွက်ပါ လုပ်ဆောင်ပေးမှာပါ။

Ref : gsmarena