Samsung ဟာ ယခုနှစ်အစောပိုင်းမှာ Galaxy S20 Series Flagship ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Galaxy S20 Series ဖုန်းဟာ Region ပေါ်မှုတည်ပြီးတော့ Exynos 990 Chipset နဲ့ Qualcomm Snapdragon 865 Chipset ၂ မျိုးကွဲပြားပြီးရောင်းချခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး Exynos 990 Chipset ပါဝင်တဲ့ Galaxy S20 Series စမတ်ဖုန်းတွေဟာ Snapdragon 865 Chipset အသုံးပြုထားတဲ့ S20 Series ဖုန်းတွေထက် သိသိသာသာကိုနှေးကွေးနေတဲ့အတွက် အသုံးပြုသူတွေရဲ့ ဝေဖန်မှုကို Samsung အနေနဲ့ အပြင်းအထန်ခံခဲ့ရပါသေးတယ်။ ဒါတင်မဟုတ်သေးဘဲ Exynos Chipset တွေကို ဆက်လက်အသုံးမပြုဖို့အထိကို လက်မှတ်ထိုးတောင်းဆိုမှုတွေပြုလုပ်ခဲ့ပါသေးတယ်။

အဲ့ဒီအတွက် Samsung ဟာ လာမယ့် သြဂုတ်လဝန်းကျင်မှာ မိတ်ဆက်သွားဖို့ရှိတဲ့ Galaxy Note 20 Series ဖုန်းတွေအတွက် Exynos Chipset ကို အဆင့်မြှင့်တင်လာမယ့်ပုံစံပါပဲ။ အဆိုပါ Exynos Chipset အသစ်ကို Exynos 992 လို့ခေါ်ဆိုသွားမှာဖြစ်ပြီးတော့ ထူးခြားချက်အနေနဲ့ကတော့ 6nm Architecture ကို အသုံးပြုထားတဲ့ ပထမဆုံး Flagship Chipset ဖြစ်လာမှာပါ။

အခုလိုမျိုး Exynos 992 Chipset ဟာ 6nm ကို အသုံးပြုထားတဲ့အတွက် Qualcomm Snapdragon 865 ထက်တောင် စွမ်းဆောင်ရည်ပိုင်းရော၊ Power စားသုံးမှုနှုန်းမှာပါ ပိုပြီးကောင်းမွန်လာဖွယ်ရှိနေပါတယ်။ Qualcomm အနေနဲ့ Snapdragon 865+ ကို ယခုနှစ်မှာ မိတ်ဆက်သွားဖို့မရှိတဲ့အတွက် Galaxy Note 20 Series ဟာ Snapdragon 865 သုံးထားတဲ့ Flagship ဖုန်းတွေထက်တောင် စွမ်းဆောင်ရည်ပိုကောင်းလာဖို့များနေပါတယ်။

မနှစ်တုန်းကလည်း Galaxy Note 10 Series မှာ Galaxy S10 Series ရဲ့ 8nm Exynos 9820 Chipset ကို Upgrade လုပ်ထားတဲ့ 7nm Exynos 9825 Chipset ကို အသုံးပြုလာခဲ့သလို ဒီနှစ်မှာလည်း Galaxy Note 20 Series တွေက Performance ပိုင်းတိုးတက်လာတော့မှာပါ။

Ref – GSM Arena