သင့် အလုပ်စားပွဲမှာ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်နေရင် ကိုယ်အလေးချိန်တက်လာတာ၊ အရိုးအဆစ်တွေနဲ့ ပုခုံး နာကျင်တာတွေအပြင်  သွေးချို၊ ဆီးချို နဲ့ နှလုံးရောဂါတောင်ရနိုင်ပါတယ်။ ဒါတင်မကသေးဘဲ စိတ်ကျရောဂါလည်း ရနိုင်တယ်လို့ သိရပါတယ်။  အဲဒါတွေ မဖြစ်အောင် အလုပ်စားပွဲခုံမှာတင် လေ့ကျင့်ခန်းလုပ်နိုင်အောင် သင်ပြပေးမယ့် Exercise App တွေကို ဖော်ပြလိုက်ပါတယ်။

၁။ Office Workout—Exercises at Your Office Desk

Office Workout က သင့် ကိုယ်အလေးချိန်နဲ့ ကျန်းမာရေး ပိုကောင်းလာအောင်ကူညီပေးနိုင်ပြီး အလုပ်စားပွဲမှာတင် လေ့ကျင့်ခန်းတွေ ပြုလုပ်နိုင်အောင် သင်ပြပေးပါတယ်။ ၈ နာရီအတွင်း ၁ နာရီစီတိုင်းမှာ ပြုလုပ်ရမယ့် အကြောဖြေ လေ့ကျင့်ခန်းတွေကို ပြသပေးပြီး လေ့ကျင့်ခန်းသုံး အထောက်အကူပြု ပစ္စည်းတွေ မလိုအပ်ပါဘူး။ ထိုင်ခုံ ၁ လုံးနဲ့ စားပွဲ ၁ ခု ရှိရင် အိုကေပါပြီ။

ဒါ့အပြင် အဲဒီ App မှာ အလုပ်လုပ်နေချိန်အတွင်း သင့် မျက်လုံး၊ နောက်ကျော၊ ကိုယ်နေဟန်ထား၊ ဗိုက်အဆီနဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လို ဂရုစိုက်ရမလဲဆိုတဲ့ နည်းလမ်းတွေကို သင်ကြားပေးပါတယ်။ Pomodoro Timer က ၂၅ မိနစ်ကြာ အလုပ်လုပ်ပြီးတိုင်း ၅ မိနစ် အနားယူစေဖို့ သတိပေးနိုင်သလို ရေသောက်ဖို့တောင် အသိပေးနိုင်ပါတယ်။

Download

Android

၂။ 100 Office Workouts

100 Office Workouts မှာ လေ့ကျင့်ခန်းပေါင်း ၁၀၀ ကျော်ထည့်သွင်းထားပြီး ရုပ်ပုံတွေနဲ့ သင်ကြားပေးတဲ့အတွက် ပြုလုပ်ရတာ လွယ်ကူပါတယ်။ လေ့ကျင့်ခန်း လုပ်ချင်တဲ့ အချိန်ကို သတ်မှတ်နိုင်ပါတယ်။

လေ့ကျင့်ခန်းတွေထဲမှာ ထိုင်ခုံနဲ့လုပ်ရတာ၊ စိတ်ဖိစီးမှု လျှော့ချတာတွေ ပါဝင်သလို Cardio ၊ ကိုယ်အပေါ်ပိုင်း၊ အကြောလျှော့တာနဲ့ Yoga လေ့ကျင့်ခန်းတွေလည်း ထည့်သွင်းထားပါတယ်။ အားနည်းချက်တစ်ခုက Pomodoro Timer မပါတဲ့အတွက် လေ့ကျင့်ခန်း လုပ်ချိန်ကို သင် ကိုယ်တိုင် သတ်မှတ်ရတာပါ။

Download

Android

၃။ 5 Quick Office Exercises

နာမည်အတိုင်းပဲ 5 Quick Office Exercises မှာ Office Exercises ၅ ခု ထည့်သွင်းထားပြီး လည်ပင်း၊ ပုခုံးနဲ့ မျက်လုံး အကြောလျှော့တာ၊ ကိုယ်ခန္တာ ဘေးဘက်နဲ့ အရှေ့ဘက် ကွေးညွှတ်တာတွေ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းတွေကို Animation နဲ့ ပြသပေးတဲ့အတွက် ပြုလုပ်ရတာ လွယ်ကူပြီး လေ့ကျင့်ခန်း လုပ်ချိန်ကို Reminder နဲ့ သတိပေးနိုင်ပါတယ်။

Easy , Normal နဲ့ Hard ဆိုပြီး Difficulty Level ၃ ခု ပါလာပြီး သင့် ကြံ့ခိုင်မှုအပေါ်မူတည်ကာ ရွေးချယ်နိုင်ပါတယ်။ သင် ပြုလုပ်တဲ့ လေ့ကျင့်ခန်းတွေကို မှတ်သားပေးထားနိုင်ပါတယ်။

Download

Android

၄။ Office Yoga

ရုံးမှာ Yoga လေ့ကျင့်ခန်း ပြုလုပ်ချင်သူတွေအတွက် Office Yoga ကို အသုံးပြုလိုက်ပါ။ အလုပ်စားပွဲမှာတင် ပြုလုပ်နိုင်တဲ့ Yoga လေ့ကျင့်ခန်းတွေ ထည့်သွင်းပေးထားပြီး ရုပ်ပုံတွေနဲ့ ပြသပေးထားတဲ့အတွက် ပြုလုပ်ရတာ လွယ်ကူပါတယ်။ Easy , Medium နဲ့ Difficult ဆိုတဲ့ Fitness Level ၃ ခု ပါလာပြီး သင် နှစ်သက်သလို ရွေးချယ်နိုင်ပါတယ်။

BMI Calculator ထည့်သွင်းထားပြီး သင့် ကိုယ်အလေးချိန်ကို စဉ်ဆက်မပြတ် စောင့်ကြည့်နိုင်ကာ လိုအပ်ရင် လေ့ကျင့်ခန်း ပိုလုပ်နိုင်ပါတယ်။ Fitness Log ပါလာပြီး သင်ပြုလုပ်တဲ့ လေ့ကျင့်ခန်းတွေကို မှတ်သားထားနိုင်ပါတယ်။

Download

Android

iOS

ref : makeuseof