အခုလို ခေတ်အခြေအနေမှာ သင့် လူမှုကွန်ရက် အပါအဝင် တခြား အကောင့်တွေ Hack ခံနိုင်ရတဲ့ အခြေအနေများစွာ ရှိပါတယ်။ ဒါ့အပြင် Mobile Banking App တွေ အသုံးပြုနေကြသူတွေအတွက်လည်း ပိုတောင် စိတ်ပူရပါသေးတယ်။ Hacker သို့မဟုတ် မသမာသူတွေက Link တွေ ပေးပို့ပြီး သင့် အကောင့်တွေကို ခိုးယူတတ်ကြပါတယ်။ အဲဒီအတွက် သင့်ဆီရောက်လာတဲ့ Link တိုင်းကို မနှိပ်ကြည့်သင့်ဘဲ အရင်စစ်ဆေးသင့်ပါတယ်။ ဒီလို စစ်ဆေးပေးနိုင်တဲ့ အမိုက်ဆုံး ဝက်ဘ်ဆိုက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Kaspersky VirusDesk

Kaspersky က ကမ္ဘာကျော်တဲ့ Anti-virus ကို ထုတ်လုပ်ထားတဲ့ ကုမ္ပဏီ ဖြစ်ပြီး VirusDesk ဆိုတဲ့ ဝက်ဘ်ဆိုက်ကိုလည်း တည်ထောင်ပေးထားပါတယ်။ VirusDesk မှာ Link တွေဟာ စိတ်ချရသလား ဆိုတာ စစ်ဆေးပေးတဲ့ အပြင် ဖိုင်တွေကို Upload လုပ်ပြီးလည်း စစ်ဆေးနိုင်ပါတယ်။ Link ကို အဲဒီမှာ စစ်ဆေးပြီးမှ နှိပ်ရင် အရမ်းကို စိတ်ချရမှာပါ။

၂။ ScanURL

Link တွေကို စစ်ဆေးပေးနိုင်တဲ့ နောက်ထပ် ဝက်ဘ်ဆိုက် ၁ ခုက ScanURL ဖြစ်ပါတယ်။ ScanURL က Google Safe Browsing , PhishTank နဲ့ Web of Trust က သတင်းအချက်အလက်တွေကို ရယူပြီး Link တွေ စိတ်ချရသလားဆိုတာ စစ်ဆေးပေးတာပါ။

၃။ PhishTank

PhishTank က Malware တွေကို စစ်ဆေးပေးတာ မဟုတ်ဘဲ Phishing Site တွေကို စစ်ဆေးပေးတာပါ။ သဘောတရားက Link တွေကို စစ်ဆေးပေးတာနဲ့ အတူတူပါပဲ။ Link ၁ ခုကို ရိုက်ထည့်လိုက်တာနဲ့ PhishTank က စိတ်ချရသလားဆိုတာ စစ်ဆေးပေးပါတယ်။

၄။ Google Transparency Report

Google က အင်တာနက် အပိုင်းမှာ ဆရာကြီးပါ။ အဲဒီ ဝက်ဘ်ဆိုက်မှာ Link ၁ ခုကို ရိုက်ထည့်လိုက်တာနဲ့ သူက စက္ကန့်ပိုင်းအတွင်း စိတ်ချရသလား ဆိုတာ စစ်ဆေးပေးပါတယ်။ Google Transparency Report က Link တွေကိုသာမကဘဲ Malware တွေကိုပါ စစ်ဆေးပေးနိုင်ပါတယ်။

၅။ VirusTotal Safe Link Checker

Link တွေကို စစ်ဆေးပေးနိုင်တဲ့ နောက်ထပ် Tool ၁ ခုက VirusTotal Safe Link Checker ဖြစ်ပါတယ်။ အဲဒီမှာလည်း လုပ်ဆောင်ချက်တွေ စုံပြီး Link တွေကိုသာမကဘဲ Malware တွေကိုပါ စစ်ဆေးပေးနိုင်ပါတယ်။ ဒါ့အပြင် ဖိုင်တွေကိုပါ စိတ်ချရသလားဆိုတာ Check လုပ်ပေးနိုင်ပါတယ်။

Ref : laptrinhx