Apple ရဲ့ထုတ်ကုန်တွေနဲ့ပတ်သက်လို့ အဆင်မပြေမှုတွေရှိတတ်သလို အသက်ဘေးကနေလွတ်မြောက်သွားတာမျိုးတွေလည်း ရှိပါတယ်။ ထုတ်ကုန် ပစ္စည်းတိုင်းက လူတိုင်းအတွက်အဆင်မပြေတာကြောင့် အချို့ကိစ္စတွေကတော့ ဆိုးဆိုးဝါးဝါး အဆင်မပြေ ဖြစ်သွားတာမျိုးတွေအထိ ရှိပါတယ်။

အဲ့ဒီလို အဖြစ်အပျက်ပေါင်းစုံထဲကတစ်ခုကတော့ Apple Watch ကြောင့် ဆေးရုံအမှီသွားနိုင်ခဲ့တဲ့ အဖိုးကြီးတစ်ယောက်တော့ Apple ကိုကျေးဇူးတင်လို့မဆုံးပါဘူး။ Apple Watch တွေက အားကစားသမားတွေအတွက်ရည်ရွယ်ပြီးထုတ်ထားတာဆိုပေမယ့် ကျန်းမာရေးအထောက်အကူပြု နာရီတွေအဖြစ်လည်း အသုံးဝင်ပါတယ်။ အဲ့ဒီအချက်ကြောင့် Gaston D’Aquino ဆိုတဲ့ အဖိုးကြီးတစ်ယောက်တော့ အသက်ဘေးကနေ လွတ်သွားခဲ့ပါတယ်။

အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ Gaston D’Aquino ဆိုသူက Apple Watch သာမပတ်ထားရင် အခုလို နှလုံးခုန်မြန်နေတာကို သတိထားမိမှာမဟုတ်ပဲ အသက်အန္တရာယ်ရှိသွားနိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ Gaston D’Aquino က Church ရောက်နေတုန်းမှာ Apple Watch က နှလုံးခုံတာ ပုံမှန်မဟုတ်ဘူးဆိုတာကို သတိပေးချက်ပေါ်လာတာကို သတိထားမိခဲ့ပါတယ်။ Gaston D’Aquino ကိုယ်တိုင်ကတော့ သတိမထားမိသလို နေလို့ထိုင်လို့လည်းသက်တောင့်သက်သာရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် Gaston D’Aquino ဟာ မသင်္ကာတာနဲ့ ဆေးရုံကိုသွားရောက်ပြီး စစ်ဆေးမှုခံယူခဲ့ပါတယ်။ အဲ့ဒီလိုစစ်ဆေးပြီးမှ နှလုံးသွေးကြောပိတ်လုဆဲဆဲဖြစ်နေတာကို သိရှိခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ လိုအပ်တဲ့ခွဲစိတ်မှုတွေကို အချိနမှီ ပြုလုပ်နိုင်ခဲ့ပါတယ်။ တစ်ပတ်ကြာဆေးရုံတက်ပြီးတဲ့ အချိန်မှာတော့ Gaston D’Aquino တစ်ယောက် ကျန်းကျန်းမာမာနဲ့ လူကောင်းပြန်ဖြစ်နေပါပြီ။

အဲ့ဒီအဖြစ်အပျက်တွေအားလုံးအပြီးမှာတော့ Gaston D’Aquino ဟာ Apple CED Tim Cook ဆီကို Email တစ်စောင်ရေးသားပြီးကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။ Apple Watch ကြောင့်သာ နှလုံးခုန်နှုန်းမူမမှန်ဖြစ်တာကိုသိရတဲ့အပြင် ကုသတဲ့အကြောင်းအားလုံးကို ရှင်းလင်းရေးသားပြီး ပေးပို့ခဲ့တာပါ။ သူကတော့ အသက်ဆက်ရှင်ခွင့်ရလိုက်တဲ့လူတစ်ယောက်အနေနဲ့ အရမ်းပျော်ရွင်နေပါတယ်။