၂၀၁၈ နောက်ပိုင်းမှာ စမတ်ဖုန်းထုတ်လုပ်မှုနယ်ပယ်ရဲ့ တန်ဖိုးသင့်အမျိုးအစားဈေးကွက် ပြိုင်ဆိုင်မှုက ပိုပြီးပြင်းထန်လာတာကိုတွေ့ရပါလိမ့်မယ်။ Huawei ဟာ တန်ဖိုးသင့်စမတ်ဖုန်းဈေးကွက်မှာ အောင်မြင်ပြီးသား ဆိုပေမယ့် တန်ဖိုးသင့် တက်ဘလက်ဈေးကွက်ကိုလည်း အာရုံစိုက်နေတာကို တွေ့မြင်ရပါတယ်။

MatePad Pro 5G က Flagship တက်ဘလက်အနေနဲ့ ရှိနေပေမယ့် တရုတ်အခြေစိုက်ကုမ္ပဏီဟာ MatePad T ဘက်ဂျက်အနေနဲ့ ထုတ်လုပ်လာဦးမယ်ဆိုတာ Evan Blass ရဲ့ ထုတ်ဖော်ပြသမှုမှာလည်း တွေ့ခဲ့ရပါတယ်။ 8-inch မျက်နှာပြင်နဲ့ ဒီတက်ဘလက်ရဲ့ Render ကိုလည်း @evleaks က မျှဝေခဲ့ပါသေးတယ်။

MatePad T ဟာ 8-inch အရွယ် မျက်နှာပြင်ရှိတယ်ဆိုတာကလွဲရင် အခြားအသေးစိတ်အချက်အလက်တွေကို မသိရသေးပါဘူး။ ဘေးနှစ်ဘက် Bezel တွေကတော့ ခပ်ထူထူတွေဖြစ်သလို အပေါ်နဲ့အောက်ဘက် Bezel တွေကလည်း ထူထူထဲထဲပဲဖြစ်တာကို တွေ့ရပါတယ်။ ကျောဘက်မှာတော့ ကင်မရာတစ်လုံး တပ်ဆင်ပေးထားတာကို တွေ့မြင်နိုင်ပါတယ်။

တက်ဘလက်ရဲ့ ညာဘက်အခြမ်းမှာ အဖွင့်အပိတ်ခလုတ်နဲ့ အသံအတိုးအချဲ့ခလုတ်တွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့ရက်စွဲနဲ့ Wi-Fi Alliance ကနေ အသိအမှတ်ပြုပေးထားတာကို တွေ့ရပါတယ်။ ဒီကနေတစ်ဆင့် သိရတာကတော့ MatePad T ဟာ Dual-band Wi-Fi ထောက်ပံ့ပေးထားပြီး EMUI 10 နဲ့အတူထွက်လာမယ်လို့ သိရပါတယ်။

Ref: GSM Arena