Huawei ဟာ မကြာခင်က စွမ်းရည်မြင့် MatePad Pro နဲ့ 5G မော်ဒယ်ကို ကြေညာခဲ့ပါတယ်။ အခုတော့ MatePad T လို့ နာမည်ပေးထားတဲ့ အရွယ်သေး တန်ဖိုးနည်း တက်ဘလက် အသစ် ၁ လုံးကို ဖန်တီးနေတဲ့သတင်းတွေ ထွက်လာပါတယ်။

နာမည်ကျော် Leakster ၁ ယောက် ဖြစ်တဲ့ Evan Blass (@evleaks) က အဲဒီ တက်ဘလက်ရဲ့ ဓါတ်ပုံကို မျှဝေလိုက်ပါတယ်။ တက်ဘလက်ရဲ့ Specifications တွေကို မသိရသေးပေမယ့် ဓါတ်ပုံအရ ၈ လက်မ မျက်နှာပြင် ပါလာမယ်ဆိုတာ သုံးသပ်လို့ ရပါတယ်။ မျက်နှာပြင်ဘေးဘောင်တွေ ထူနေတာက ဒီဇိုင်း သိပ်မမိုက်ဘူးလို့ ပြောရမှာပါ။ အနောက်ဘက်မှာ ကင်မရာ ၁ လုံးပဲပါလာပြီး တက်ဘလက်ရဲ့ ညာဘက်ခြမ်းမှာ ပါဝါနဲ့ အသံ ခလုတ်တွေ တပ်ဆင်ထားပါတယ်။

Huawei MatePad T ဟာ WiFi Alliance က Certification ကိုလည်း ရထားပြီးပါပြီ။ မတူညီတဲ့ မော်ဒယ် ၆ မျိုး ထုတ်လုပ်ထားပြီး ဧပြီလ ၈ ရက်နေ့မှာ နောက်ဆုံး ၁ လုံးကို တွေ့လာရတာ ဖြစ်ပါတယ်။ WiFi Alliance ရဲ့ ဒေတာတွေအရ အဲဒီ တက်ဘလက်မှာ Dual-band WiFi ဆက်သွယ်မှုနဲ့ EMUI 10 တွေ ပါလာမှာ ဖြစ်ပါတယ်။

Ref : gsmarena