Social Media အကောင့်များစွာကို စီမံခန့်ခွဲနေသူတွေအတွက် Post တွေ Schedule လုပ်ရတာ အလုပ်တော်တော် ရှုပ်ပါတယ်။ Social Media Content Calendar Tool တွေ သုံးရင်တော့ သင့်အတွက် အချိန်ကုန်၊ အလုပ်ရှုပ် သက်သာစေပါတယ်။  ဒီလို ပြုလုပ်ပေးနိုင်တဲ့ အကောင်းဆုံး Tool တွေကို ဖော်ပြချင်ပါတယ်။

၁။ MeetEdgar

MeetEdgar က Post တွေကို Schedule ပြုလုပ်ပေးနိုင်ရုံသာမက AI Algorithm ကို သုံးပြီး Engagement အများဆုံး ဖြစ်စေမယ့် Content တွေကို အကြံပြုပေးနိုင်ပါတယ်။ အသုံးပြုရတာ လွယ်ကူပြီး Platform များစွာကို ထောက်ပံ့ပါတယ်။ Pinterest , Instagram , Twitter , Facebook နဲ့ LinkedIn တို့ကို စီမံခန့်ခွဲနိုင်ပါတယ်။

MeetEdgar က Post တွေကို Category များစွာနဲ့ Schedule လုပ်ပေးနိုင်ပြီး Infographics, Blogs, Promotional Posts, Webinars နဲ့ တခြား Category တွေကို ရွေးချယ်နိုင်ပါတယ်။ Category တွေကို အရောင်တွေနဲ့ ခွဲခြားပေးထားတဲ့အတွက် Track လုပ်ရတာ လွယ်ကူပါတယ်။

Download

Android

iOS

(Price starts from $19/month)

၂။ Buffer

Buffer ဟာ အစောဆုံးပေါ်လာတဲ့ Social Media Management Tool ၁ ခုဖြစ်ပြီး Scheduling လုပ်ဆောင်ချက်တွေ စုံလင်ပါတယ်။ Social Media အကောင့် ၁ ခုထက်ပို သုံးသူတွေအတွက် အသုံးဝင်ပါတယ်။

မတူညီတဲ့ Social Media အကောင့်တွေမှာ Post တွေကို သီးခြား Schedule လုပ်နိုင်ပြီး Facebook, Instagram, Twitter, LinkedIn နဲ့ Pinterest စတဲ့ Platform တွေကို ထောက်ပံ့ထားပါတယ်။ Post တွေကို Draft ထဲ သိမ်းထားနိုင်ပြီး Platform အလိုက် သင့် စိတ်ကြိုက် စီမံခန့်ခွဲနိုင်ပါတယ်။

Buffer ရဲ့ Schedule လုပ်ဆောင်ချက်က Post တွေကို Schedule လုပ်ဖို့ အရမ်း အသုံးဝင်ပါတယ်။

Download

Android

iOS

(Free, in-app purchases available)

၃။ Agorapulse

Agorapulse မှာ Content Calendar ပါတဲ့အတွက် Social Media အကောင့်တွေမှာ Post တွေ Schedule လုပ်ရတာ အဆင်ပြေစေပါတယ်။ Post တွေကို Reschedule လုပ်နိုင်တာကလည်း အသုံးဝင်ပါတယ်။ ၁ လအတွင်း နေ့ရက်အလိုက် Post တွေကို Schedule လုပ်နိုင်တဲ့ လုပ်ဆောင်ချက် ထည့်သွင်းထားပါတယ်။

Facebook, Twitter, Instagram, LinkedIn နဲ့ YouTube တို့ကို ထောက်ပံ့ပြီး Social Media Inbox ပါတဲ့အတွက် Audience နဲ့ Engagement ပိုကောင်းစေပါတယ်။

Download

Android

iOS

(Free, in-app purchases available)

၄။ Hootsuite

Social Media Management Tool တွေထဲမှာ Hootsuite က နာမည်အရမ်းကြီးပါတယ်။ သင့် Social Media Calendar ရဲ့ Overview ကို ရှင်းရှင်းလင်းလင်း ပြသပေးနိုင်တဲ့ Media-rich Planner ပါလာပါတယ်။ Image Caption နဲ့ Post Timing အပါအဝင် နောက်တင်မယ့် Post တွေရဲ့ Visual Preview ကို ပြသပေးနိုင်ပြီး Edit လုပ်နိုင်ပါတယ်။

ထောက်ပံ့တဲ့ Platform တွေက Twitter, Facebook, Instagram, LinkedIn နဲ့ YouTube တို့ ဖြစ်ပြီး Content တွေ ဖန်တီးပြီးနောက်မှာ Social Network ၁ ခုချင်းစီရဲ့ Format နဲ့ Preview ပြသပေးနိုင်ပါတယ်။

Download

Android

iOS

(Price starts from $49/month)

Ref : makeuseof