[Unicode]

LG က ဖုန်း အဟောင်းတွေအတွက် Firmware Update တွေကို သိပ်ထုတ်ပေးလေ့ မရှိပါဘူး။ အခုတော့ LG က Fans တွေ စိတ်ကျေနပ်အောင် အပြောင်းအလဲတွေ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ LG က G8 ThinQ နဲ့ ကိုရီးယားမော်ဒယ် V50 ThinQ 5G တို့အတွက် နောက်ဆုံးထုတ် Android 10 ကို ထည့်သွင်းပေးထားပြီးပါပြီ။ အခုတော့ LG က ၂၀၂၀ ခုနှစ်မှာ Android 10 အခြေပြု UX 9.0 ကို ဖုန်း ၉ လုံးအတွက် ဖြန့်ချိပေးမယ်လို့ ကြေညာလိုက်ပါတယ်။

အဲဒီ စမတ်ဖုန်းတွေထဲမှာ LG V40 ThinQ , G8X ThinQ, G8S ThinQ, G7 ThinQ, K50S, K40S, K50 , Q60 နဲ့ V50 ThinQ ရဲ့ နိုင်ငံတကာ မော်ဒယ်တွေ ပါဝင်ပါတယ်။ နိုင်ငံတကာ V50 မော်ဒယ်တွေအတွက် အစောဆုံး ဖြန့်ချိပေးမှာ ဖြစ်ပြီး ဖေဖော်ဝါရီလထဲမှာ ရကြမှပါ။ အဲဒီနောက်မှာ G8X ကို ကွာတား ၂ ဖြစ်တဲ့ ဧပြီလနဲ့ ဇွန်လကြားမှာ ဖြန့်ချိပေးမှာပါ။ ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လနဲ့ စက်တင်ဘာလကြားမှာ G7 , G8S နဲ့ V40 တွေ ရကြမှာပါ။ နောက်ဆုံးမှာ ရမယ့် ဖုန်းတွေက K50S, K40S, K50 နဲ့ Q60 တို့ ဖြစ်ကြပြီး ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလနဲ့ ဒီဇင်ဘာလကြားမှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

LG ဖုန်းတွေအတွက် Android 10 ဖြန့်ချိပေးမယ့် အချိန်စာရင်းကို အောက်မှာ လေ့လာပါ။

• February, 2020
• LG V50 ThinQ

• Q2 2020
• LG G8X

• Q3 2020
• LG G7, G8S and V40

• Q4 2020
• LG K50S, K40S, K50 and Q60

Ref : gsmarena

[Zawgyi]

LG ဖုန္း ၉ လုံးအတြက္ ဒီႏွစ္ထဲမွာ Android 10 ျဖန႔္ခ်ိေပးမည္

LG က ဖုန္း အေဟာင္းေတြအတြက္ Firmware Update ေတြကို သိပ္ထုတ္ေပးေလ့ မရွိပါဘူး။ အခုေတာ့ LG က Fans ေတြ စိတ္ေက်နပ္ေအာင္ အေျပာင္းအလဲေတြ ျပဳလုပ္ေတာ့မွာ ျဖစ္ပါတယ္။ LG က G8 ThinQ နဲ႔ ကိုရီးယားေမာ္ဒယ္ V50 ThinQ 5G တို႔အတြက္ ေနာက္ဆုံးထုတ္ Android 10 ကို ထည့္သြင္းေပးထားၿပီးပါၿပီ။ အခုေတာ့ LG က ၂၀၂၀ ခုႏွစ္မွာ Android 10 အေျချပဳ UX 9.0 ကို ဖုန္း ၉ လုံးအတြက္ ျဖန႔္ခ်ိေပးမယ္လို႔ ေၾကညာလိုက္ပါတယ္။

အဲဒီ စမတ္ဖုန္းေတြထဲမွာ LG V40 ThinQ , G8X ThinQ, G8S ThinQ, G7 ThinQ, K50S, K40S, K50 , Q60 နဲ႔ V50 ThinQ ရဲ႕ ႏိုင္ငံတကာ ေမာ္ဒယ္ေတြ ပါဝင္ပါတယ္။ ႏိုင္ငံတကာ V50 ေမာ္ဒယ္ေတြအတြက္ အေစာဆုံး ျဖန႔္ခ်ိေပးမွာ ျဖစ္ၿပီး ေဖေဖာ္ဝါရီလထဲမွာ ရၾကမွပါ။ အဲဒီေနာက္မွာ G8X ကို ကြာတား ၂ ျဖစ္တဲ့ ဧၿပီလနဲ႔ ဇြန္လၾကားမွာ ျဖန႔္ခ်ိေပးမွာပါ။ ကြာတား ၃ ျဖစ္တဲ့ ဇူလိုင္လနဲ႔ စက္တင္ဘာလၾကားမွာ G7 , G8S နဲ႔ V40 ေတြ ရၾကမွာပါ။ ေနာက္ဆုံးမွာ ရမယ့္ ဖုန္းေတြက K50S, K40S, K50 နဲ႔ Q60 တို႔ ျဖစ္ၾကၿပီး ကြာတား ၄ ျဖစ္တဲ့ ေအာက္တိုဘာလနဲ႔ ဒီဇင္ဘာလၾကားမွာ ထည့္သြင္းေပးမွာ ျဖစ္ပါတယ္။

LG ဖုန္းေတြအတြက္ Android 10 ျဖန႔္ခ်ိေပးမယ့္ အခ်ိန္စာရင္းကို ေအာက္မွာ ေလ့လာပါ။

• February, 2020
• LG V50 ThinQ

• Q2 2020
• LG G8X

• Q3 2020
• LG G7, G8S and V40

• Q4 2020
• LG K50S, K40S, K50 and Q60

Ref : gsmarena