Mobile Internet တွေဟာ ယခင် 2G ၊ 3G စနစ်တွေကနေ တဖြည်းဖြည်းမြန်ဆန်လာပြီး အခုဆိုရင် 4G နဲ့ 4G Plus အဆင့်တွေအထိရောက်ရှိလာနေပြီပဲဖြစ်ပါတယ်။ အခုလိုမျိုး မြန်ဆန်တဲ့အင်တာနက်ကို လူတိုင်းလိုအပ်နေတာနဲ့အတူ နောက်နှစ် ၂၀၁၉ ခုနှစ်ဟာလည်း 5G ကွန်ရက်ကို စတင်တဲ့ နှစ်တစ်နှစ်ဖြစ်လာတော့မှာပါ။

အခုလိုမျိုး 5G နည်းပညာကို နောက်နှစ်ထဲမှာ စတင်နိုင်ဖို့အတွက် စမတ်ဖုန်းထုတ်လုပ်သူတွေရော၊ Mobile Operator တွေပါ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပြီးတော့ အခုနောက်ဆုံးအနေနဲ့ US က Mobile Operator တစ်ဦးဖြစ်တဲ့ Sprint ကနေ ပထမဆုံး 5G Network ကို စမတ်ဖုန်းတစ်မျိုးနဲ့ အတူမိတ်ဆက်လာတော့မယ့်အကြောင်း ကြေညာလိုက်ပြီဖြစ်ပါတယ်။

အခု US မှာ ပထမဆုံးဖြစ်လာမယ့် 5G စမတ်ဖုန်းကိုတော့ LG ကနေ ထုတ်လုပ်မှာဖြစ်ပြီးတော့ ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ အခု LG ဖုန်းမှာ LG G8 ဖြစ်လာနိုင်ဖို့ များနေပြီး Qualcomm ရဲ့ X50 5G Modem ကို အသုံးပြုထားတဲ့ Mobile Chipset အသစ်တစ်ခုပါဝင်လာမှာဖြစ်ပါတယ်။

5G ဟာ နောက်နှစ်မှာ စတင်လာတော့မှာဖြစ်ပေမယ့် နေရာတိုင်းမှာတော့ အသုံးပြုနိုင်မှာမဟုတ်သေးပါဘူး။ US Carrier ဖြစ်တဲ့ Sprint ကတော့ အရင်ဆုံး US မှာရှိတဲ့ မြို့ကြီး ၆ မျို့မှာပဲ 5G Network ကို အရင်ဆုံးအသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ 5G စမတ်ဖုန်းကို နောက်နှစ်ကြရင် US မှာ ပထမဆုံးမိတ်ဆက်မယ့် LG