Zawgyi Font Version




Ref: XDA News

Unicode Version

လူအများစောင့်မျှော်နေကြတဲ့ LG V40 ThinQ ကိုတရားဝင်မိတ်ဆက်လိုက်ပါပြီ။ ဒီဇိုင်းပိုင်းက V30 နဲ့မတူပဲ G7 ThinQ နဲ့ ပိုတူပါတယ်။ LG ရဲ့နာမည်ကြီး V Series ဟာ ဖျော်ဖြေရေးဦးစားပေး ဖုန်းတွေဖြစ်ပြီးတော့ အခု မိတ်ဆက်လာတဲ့ LG V40 ThinQ ဟာ V Series တွေထဲမှာ ပထမဆုံး Notch Display နဲ့ဖုန်းဖြစ်လာပါတယ်။ V40 ဟာ G7 ThinQ နဲ့ ဒီဇိုင်းပိုင်းသာမက အတွင်းပိုင်း Spec တွေပါတူညီနေပါတယ်။ ဒါပေမယ့်လည်း V40 ThinQ ဟာ သူ့ကိုယ်ပိုင် ထူးခြားချက်လေးတွေရှိပါသေးတယ်။

V40 ThinQ မှာ နာမည်အကြီးဆုံး Feature တစ်ခုက ကင်မရာ သုံးလုံးတွဲ Feature ပါ။ HUAWEI P20 Pro နဲ့ SAMSUNG Galaxy A7 (2018) လိုမျိုး ကင်မရာသုံးလုံးတွဲကို အသုံးပြုထားတယ်။ 12MP RGB Lens ကို 16MP Wide Angle Lens နဲ့ 12MP Telephoto Lens တိုနဲ့ အတူအားဖြည့်ထားလို့ အကောင်းဆုံး ကင်မရာ အရည်အသွေး ကိုရရှိမှာပါ။ရှေ့ဘက်မျက်နှာပြင်မှာတော့ 8MP+5MP Camera တွေကို တပ်ဆင်ထားပါတယ်။ AI ထောက်ပံ့စန်စ်လည်းပါဝင်ပြီး အပြင်လောက အရောင်တွေနဲ့ အတိကျဆုံး အရောင်ထွက်တွေကို ရိုက်ကူးရယူနိုင်မှာပါ။ အဓိက ကင်မရာ Sensor ဟာ V30 ရဲ့ Sensor ထက် 40% ပိုမိုကြီးလာပြီး Shutter Speed ကတော့ 50% ထိပိုမိုမြန်ဆန်လာပါတယ်။

တစ်ခြား Spec တွေကတော့ 6.4-inch P-OLED Display ပါဝင်မယ်။ 3120 x 1440P ရှိတဲ့အတွက် ရုပ်ရှင်တွေကြည့်တဲ့အခါ အကောင်းဆုံးရုပ်ထွက်ရရှိမယ်။ HDR 10 နဲ့ Dolby Vision ပါဝင်တဲ့ ရုပ်ရှင်တွေကြည့်ရှုနိုင်မယ်။ အောက်ခြေဘောင်ကတော့ iPhone X လောက် မသေးပဲ သာမာန် Notch နံ့ Android ဖုန်းတွေထုံးစံအတိုင်း သိသိသာသာ ထွက်နေပါသေးတယ်။ ဒါပေမယ့်လည်း 5.7mm ထိ သေးသွားပါတယ်တဲ့။ အသံပိုင်းဆိုင်ရာမမှာတော့ 32-bit Hi-Fi Quad DAC ပါဝင်ပြီး 3.5mm Headphone Jack လည်းပါဝင်ပါသေးတယ်။ G7 မှာလို Boombox Speaker လည်းပါဝင်ပြီး အဆိုပါ Feature ဟာ ဖုန်းကိုယ်ထည်တစ်ခုလုံးကို Speaker တစ်ခုအသွင် တုန်ခါစေပြီး အသံပိုကျယ်စေပါတယ်။ 6GB RAM နဲ့ 64GB Internal Storage ပါဝင်ပြီး Micro SD Card နဲ့တိုးချဲ့နိုင်ပါသေးတယ်။

Ref: XDA News