၂၀၂၀ ခုနှစ်မှာ Samsung ဟာ ပထမဆုံး Fan Edition စမတ်ဖုန်း ဖြစ်တဲ့ Galaxy S20 FE ကို မိတ်ဆက်ခဲ့ပါတယ်။ Samsung ရဲ့ Exynos 990 SoC ပါတဲ့ 4G မော်ဒယ်နဲ့ Qualcomm Snapdragon 865 ပါတဲ့ 5G မော်ဒယ်ဆိုပြီး ၂ မျိုး ထုတ်လုပ်ပေးခဲ့ပါတယ်။ ဒီနှစ် ဇန်နဝါရီလတုန်းက Galaxy S21 FE ကို ကြေညာခဲ့ပေမယ့် Snapdragon 888 ပါတဲ့ 5G မော်ဒယ် ၁ မျိုးပဲ ပါလာခဲ့ပါတယ်။

Buy Samsung S21 FE 5G | Price & Offer | Samsung Malaysia

5G ကွန်ရက်တွေဟာ ကမ္ဘာအဝန်းမှာ များပြားလာပြီး စွမ်းရည်သင့် ဖုန်းတွေမှာတောင် 5G ပါလာကြတဲ့အတွက် S21 FE ရဲ့ 4G မော်ဒယ် မထွက်လာတော့ဘူးလို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် Samsung က ကျွန်တော်တို့ကို အံ့အားသင့်အောင် ပြုလုပ်ချင်ပုံရပြီး Galaxy S21 FE ရဲ့ 4G မော်ဒယ်ကို ဖန်တီးနေပါတယ်။

Buy Galaxy S21 FE 5G with Bonus Promo | Samsung MM

4G မော်ဒယ်ကို Bluetooth SIG မှာ မှတ်ပုံတင်ထားပြီး Bluetooth 5.2 ထည့်သွင်းထားပါတယ်။ S21 FE 5G မော်ဒယ်မှာတော့ Bluetooth 5.0 ပဲ ပါလာတာပါ။ 4G မှာ Qualcomm Snapdragon 720G Chipset မောင်းနှင်ထားမှာ ဖြစ်တယ်လို့ အွန်လိုင်းစတိုးများစွာမှာ ဖော်ပြထားပါတယ်။

အဲဒီ SoC ကို အရင်နှစ်ထုတ် Galaxy A52 နဲ့ Redmi ရဲ့ ဖုန်းများစွာမှာ ထည့်သွင်းထားပါတယ်။ S21 FE 5G ရဲ့ Snapdragon 888 ထက် စွမ်းဆောင်ရည် နိမ့်ကျတဲ့အတွက် 4G ဟာ ဈေးပိုသက်သာမှာ ဖြစ်ပါတယ်။ အဲဒီ ဖုန်း ၂ လုံးကြားမှာ တခြား ဟာ့ဒ်ဝဲ ပြောင်းလဲမှုတွေ ရှိလာမလားဆိုတာ မသိရသေးပါဘူး။

Ref : gsmarena