မနေ့ကပဲ Nokia စမတ်ဖုန်း အသစ် ၂ လုံးကို FCC မှာ တွေ့ခဲ့ရပြီး အခုလည်း နောက်ထပ် အမည်မသိ Nokia  စမတ်ဖုန်း ၁ လုံးကို TENAA မှာ မြင်လာရပါပြီ။ မော်ဒယ်နံပါတ်က TA-1335 ဖြစ်ပြီး FCC က မော်ဒယ်နံပါတ် TA-1333 နဲ့ တော်တော်နီးစပ်ပါတယ်။ ဒါပေမယ့် အစောပိုင်းသတင်းအရ အဲဒီ ဖုန်း ၂ လုံးဟာ တူညီမှု နည်းနည်း ရှိပါတယ်။

A new Nokia phone surfaces on TENAA's website

TA-1333 ဟာ Nokia 3.4 နဲ့ Specs တချို့ တူညီပြီး TENAA က TA-1335 ဟာ Nokia C3 နဲ့ တူနေတာတွေ့ရပါတယ်။ အဲဒီ ဖုန်းဟာ တန်ဖိုးနည်း ဖုန်း ဖြစ်ပြီး ယွမ် ၁၀၀၀ နဲ့ ၂၀၀၀ အတွင်း ရောင်းချနိုင်ပါတယ်။ မြန်မာငွေ ၂ သိန်းနဲ့ ၄ သိန်းအတွင်းလောက်ကျသင့်နိုင်ပါတယ်။

HMD Global launches 'India-first' Nokia C3 smartphone; price starts Rs 7499 | Business Standard News

TENAA က စာရင်းအရ အဲဒီ စမတ်ဖုန်းမှာ Quad-core CPU , 2GB RAM , 64GB Storage နဲ့ 2,500mAh ဘက်ထရီပါမယ်လို့ သိရပါတယ်။ microSD Card စိုက်နိုင်မှာ ဖြစ်ပြီး 8MP ဆဲလ်ဖိး ကင်မရာနဲ့ 8MP Main ကင်မရာတွေပါလာမှာပါ။ အရှေ့နဲ့ အနောက်မှာ LED Flash ၁ လုံးစီ ထည့်သွင်းထားမှာ ဖြစ်ပြီး ၁၂၂ ဂရမ်ပဲ အလေးချိန်ရှိတဲ့အတွက် ပေါ့ပါး သေးငယ်ပါတယ်။

နားကြပ်ပေါက်နဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားမယ်လို့ ဖော်ပြထားပေမယ့် လက်ဗွေရာ အာရုံခံ ကိရိယာကို ဓါတ်ပုံမှာ မမြင်ရပါဘူး။

Ref : gsmarena