Redmi က Note 9 Series စမတ်ဖုန်းတွေကို ထုတ်လို့ မဝသေးပါဘူး။ ဒီလထဲ တရုတ်မှာ Redmi Note 9 စမတ်ဖုန်း အသစ်တွေကိုကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ စုစုပေါင်း စမတ်ဖုန်းအသစ် ၃ လုံးပါလာမှာပါ။ အခုလည်း အဲဒီဖုန်းတွေရဲ့ သတင်းအချက်အလက် တချို့ ထွက်လာပြန်ပြီဖြစ်ပြီး ၁ လုံးမှာ Samsung ရဲ့ 108MP ကင်မရာ အသစ် ပါလာမယ်လို့ သိရပါတယ်။

Redmi Note 9 and global Note 9 Pro announced - GSMArena.com news

အဲဒီဖုန်း ၁ လုံးရဲ့ မျက်နှာပြင် သတင်းအချက်အလက်တွေလည်း ထွက်ပေါ်လာပါတယ်။ ၆.၆၇ လက်မ IPS LCD 1080x2400p မျက်နှာပြင်နဲ့ 120Hz Adaptive Refresh Rate တွေ ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။  Adaptive Refresh Rate ကို Xiaomi Mi 10T Pro မှာလို 30, 48, 50, 60, 90 နဲ့ 120Hz စသဖြင့် အသုံးပြုနေတဲ့ အလုပ်အပေါ် မူတည်ကာ ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ပြောင်းလဲနိုင်တဲ့အတွက် ဘက်ထရီစားတာ သက်သာစေပါတယ်။

Redmi Note 9 Pro The Performance Beast

ဘက်ထရီ ပမာဏလည်း ပေါက်ကြားထွက်ပေါ်လာပြီး 4,800mAh ဖြစ်ပါတယ်။ 108MP ကင်မရာ ပါတဲ့အတွက် Redmi Note 9 စမတ်ဖုန်း အသစ် ၃ လုံးထဲမှာ စွမ်းရည် အမြင့်ဆုံး ဖြစ်နိုင်ပါတယ်။

အရင်ထွက်ခဲ့တဲ့ သတင်းအရ အဲဒီ စမတ်ဖုန်း အသစ် ၃ လုံးကို နိုဝင်ဘာလမှာ ကြေညာမယ်လို့ သိရပါတယ်။ တရုတ်က 3C မှာ အဲဒီထဲက ၂ လုံးကို မကြာခင်က တွေ့ခဲ့ကြရပြီး 22.5W Fast Charging နဲ့ 33W Fast Charging တွေ ထည့်ထားပါတယ်။ 5G ဆက်သွယ်မှုကို ၂ လုံးစလုံးမှာ ထောက်ပံ့ထားတာ မြင်ရပါတယ်။ မကြာခင်မှာ အဲဒီ ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေကို ပိုမို သိလာရနိုင်ပါတယ်။

Ref : gsmarena