Sony ရဲ့ မိုလ်ဘိုင်း ဌာနဟာ ဩဂုတ်လက Xperia 1 III ကို ကြေညာပြီးနောက်မှာ ငြိမ်ချက်သားကောင်းနေပါတယ်။ ကုမ္ပဏီက Xperia 5 III ကို စတိုးတွေမှာ စတင် ရောင်းချပေးနေပြီ ဖြစ်သလို Xperia 10 III ကိုလည်း ဂျပန်မှာ တိတ်တဆိတ် ကြေညာခဲ့ပါတယ်။ အခုတော့ Sony က နောက်ထပ် စမတ်ဖုန်း အသစ် ၁ လုံးကို ချပြတော့မှာ ဖြစ်ပါတယ်။

အဲဒါက Xperia ထုတ်ကုန် အသစ် ဖြစ်ပြီး အောက်တိုဘာလ ၂၆ ရက်နေ့မှာ ကြေညာဖို့ သတ်မှတ်လိုက်ပါတယ်။ နောက် ၂ ပတ် အင်္ဂါနေ့မှာ ကျရောက်မှာ ဖြစ်ပြီး Sony က ဘာကို ကြေညာမလဲဆိုတာ မပြောသေးပါဘူး။ သေချာသလောက်ရှိတာက Xperia စမတ်ဖုန်း အသစ်ပါ။

Sony branded event and expected to announce new Xperia in late October

Qualcomm က Snapdragon Chipset အသစ်ကို မကြေညာရသေးတဲ့အတွက် Mark IV ဖုန်း မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် Mark III Series ကို မကြာခင်ကမှ ကြေညာထားတဲ့အတွက် အဲဒါလည်းမဖြစ်နိုင်ပါဘူး။ ဒါဆိုရင် စွမ်းရည်သင့် ဖုန်း အမျိုးအစားဖြစ်လာမလားလို့ ထင်ရပေမယ့် သေချာတဲ့ အထောက်အထားတွေ မတွေ့ရသေးပါဘူး။

Sony ဒီလ ၂၆ ရက်နေ့ ကြေညာမယ့် ဖုန်းရဲ့ သတင်းအချက်အလက်တွေ လုံးဝ ထွက်ပေါ်ခဲ့ခြင်း မရှိသေးပါဘူး။ ကုမ္ပဏီရဲ့ PlayStation , Headphones , Mirrorless Camera တွေအကြောင်းတွေပဲ သတင်းထွက်ပေါ်နေပါတယ်။ မိတ်ဆက်ပွဲမတိုင်ခင်မှာ အဲဒီ ဖုန်း အသစ်ရဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားထွက်လာမယ်လို့ ထင်ရပါတယ်။

Ref : gsmarena