[Zawgyi]

အေမရိကန္ ျပည္ေထာင္စု Pennsylvania ျပည္နယ္မွ ၿမိဳ႕ငယ္ေလး ၁ ခုရဲ႕ အာဏာပိုင္ေတြက ေဒသခံ အမ်ိဳးသား ၁ ေယာက္ဟာ Drone မွာ  ေပါက္ကြဲေစတဲ့ ပစၥည္းေတြ တပ္ဆင္ၿပီး ရည္းစားေဟာင္းအိမ္ကို တိုက္ခိုက္ဖို႔ ႀကိဳးစားခဲ့တယ္လို႔ စြဲခ်က္တင္ထားပါတယ္။ တိုက္ခိုက္မႈမွာ ေပါက္ကြဲမႈ ျဖစ္ပြားတာေတာ့ မရွိခဲ့ပါဘူး။

Pennsylvania အေရွ႕ပိုင္းေဒသရဲ႕ အေမရိကန္ တရားရံုးက Jason Muzzicato ကို ဇြန္လအေစာပိုင္းက ဖမ္းဆီးခဲ့ရာမွာ သူဟာ တရားမ၀င္ဘဲ ေပါက္ကြဲေစတဲ့ ပစၥည္းေတြ၊ AR-15s အပါအ၀င္ ေသနတ္ ၁၀ လက္နဲ႔ Model Phantom 3 Drone ၁ စီးကို ပိုင္ဆိုင္ထားတယ္ဆိုတာေတြ႕ခဲ့ရတယ္လို႔ ေျပာပါတယ္။ အာဏာပိုင္ေတြက သူဟာ လက္လုပ္ဗံုးေတြကို Drone မွာ တပ္ဆင္ၿပီး တိုက္ခုိက္ဖို႔ ႀကိဳးစားခဲ့တယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ တိုက္ခိုက္မႈဟာ မေအာင္ျမင္ခဲ့ပါဘူး။

Muzzicato ရဲ႕ အိမ္နီးခ်င္း တစ္ေယာက္ ျဖစ္သူ Charles Carcione က သူဟာ Drone ကို သံုးၿပီး ေလေပၚကေန သံေခ်ာင္းေတြ ပစ္ခ်ခဲ့ဖူးတယ္လို႔ ေျပာပါတယ္။ Carcione က “ ၁ ရက္က ကြ်န္ေတာ္ ကားလမ္းမမွာ ၁ ခုခု လုပ္ေနခဲ့ပါတယ္။ အဲဒီ အခ်ိန္မွာ အသံေတြၾကားလို႔ ၾကည့္လုိက္ေတာ့ ေလေပၚကေန သံေခ်ာင္းေတြ ျပဳတ္က်လာတာေတြ႕လိုက္ရပါတယ္။ “ လို႔ ေျပာပါတယ္။

အာဏာပိုင္ေတြက ဇြန္လမွာ Muzzicato ကို ဖမ္းဆီးခ်ိန္မွာ သူဟာ မက္သာဖက္တမင္း မူးယစ္ေဆး၀ါး သံုးထားတာကို ေတြ႕ခဲ့ရတယ္လို႔ ေျပာပါတယ္။ Muzzicato ကလည္း ေဆးစြဲေနတာ ၃ ႏွစ္ရွိၿပီလို႔ ၀န္ခံခဲ့ပါတယ္။ သူ႔ကို တရားမ၀င္ လက္နက္နဲ႔ Drone ပိုင္ဆိုင္မႈ၊ လူေတြကို ေႏွာင့္ယွက္မႈေတြနဲ႔ တရားစြဲဆိုထားၿပီး အျပစ္ရွိတယ္လို႔ စစ္ေဆးေတြ႕ရွိရင္ ေထာင္ ၃၃ ႏွစ္က်ႏုိင္ပါတယ္။

Ref : insider.com

[Unicode]

Drone မှာ ဗုံး တပ်ဆင်ပြီး ရည်းစားဟောင်းအိမ်ကို တိုက်ခိုက်တဲ့ အမျိုးသား

အမေရိကန် ပြည်ထောင်စု Pennsylvania ပြည်နယ်မှ မြို့ငယ်လေး ၁ ခုရဲ့ အာဏာပိုင်တွေက ဒေသခံ အမျိုးသား ၁ ယောက်ဟာ Drone မှာ ပေါက်ကွဲစေတဲ့ ပစ္စည်းတွေ တပ်ဆင်ပြီး ရည်းစားဟောင်းအိမ်ကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်လို့ စွဲချက်တင်ထားပါတယ်။ တိုက်ခိုက်မှုမှာ ပေါက်ကွဲမှု ဖြစ်ပွားတာတော့ မရှိခဲ့ပါဘူး။

Pennsylvania အရှေ့ပိုင်းဒေသရဲ့ အမေရိကန် တရားရုံးက Jason Muzzicato ကို ဇွန်လအစောပိုင်းက ဖမ်းဆီးခဲ့ရာမှာ သူဟာ တရားမဝင်ဘဲ ပေါက်ကွဲစေတဲ့ ပစ္စည်းတွေ၊ AR-15s အပါအဝင် သေနတ် ၁၀ လက်နဲ့ Model Phantom 3 Drone ၁ စီးကို ပိုင်ဆိုင်ထားတယ်ဆိုတာတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။ အာဏာပိုင်တွေက သူဟာ လက်လုပ်ဗုံးတွေကို Drone မှာ တပ်ဆင်ပြီး တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူ့ရဲ့ တိုက်ခိုက်မှုဟာ မအောင်မြင်ခဲ့ပါဘူး။

Muzzicato ရဲ့ အိမ်နီးချင်း တစ်ယောက် ဖြစ်သူ Charles Carcione က သူဟာ Drone ကို သုံးပြီး လေပေါ်ကနေ သံချောင်းတွေ ပစ်ချခဲ့ဖူးတယ်လို့ ပြောပါတယ်။ Carcione က “ ၁ ရက်က ကျွန်တော် ကားလမ်းမမှာ ၁ ခုခု လုပ်နေခဲ့ပါတယ်။ အဲဒီ အချိန်မှာ အသံတွေကြားလို့ ကြည့်လိုက်တော့ လေပေါ်ကနေ သံချောင်းတွေ ပြုတ်ကျလာတာတွေ့လိုက်ရပါတယ်။ “ လို့ ပြောပါတယ်။

အာဏာပိုင်တွေက ဇွန်လမှာ Muzzicato ကို ဖမ်းဆီးချိန်မှာ သူဟာ မက်သာဖက်တမင်း မူးယစ်ဆေးဝါး သုံးထားတာကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။ Muzzicato ကလည်း ဆေးစွဲနေတာ ၃ နှစ်ရှိပြီလို့ ဝန်ခံခဲ့ပါတယ်။ သူ့ကို တရားမဝင် လက်နက်နဲ့ Drone ပိုင်ဆိုင်မှု၊ လူတွေကို နှောင့်ယှက်မှုတွေနဲ့ တရားစွဲဆိုထားပြီး အပြစ်ရှိတယ်လို့ စစ်ဆေးတွေ့ရှိရင် ထောင် ၃၃ နှစ်ကျနိုင်ပါတယ်။

Ref : insider.com