Xiaomi က စွမ်းရည်မြင့် Mi 11 ကို မကြာခင်ကမှ ရောင်းချပေးလိုက်တာ ဖြစ်ပြီး အခုတော့ ကွဲကြေပျက်ဆီးနေတဲ့ Mi 11 ဓါတ်ပုံ ၁ ပုံ ထွက်ပေါ်လာပါတယ်။ အဲဒီဖုန်းရဲ့ ပိုင်ရှင်ကို မသိရပေမယ့် တရုတ် လူမှုကွန်ရက် ဝီဘိုမှာ အဲဒီပုံကို  တင်ထားပါတယ်။

Xiaomi Mi 11

ဓါတ်ပုံကို ကြည့်ရတာ Mi 11 ရဲ့ ကိုယ်ထည်ဟာ ကင်မရာတွေရဲ့ အောက်နားကစကာ အနောက်ဘက်ကို ၉၀ ဒီဂရီလောက်တောင် ကွေးနေပါတယ်။ အနောက်ဘက်ကို ဖုံးအုပ်ထားတဲ့ ဖန်ဟာ ကွဲကြေပျက်ဆီးနေတာ မြင်ရပြီး ဘာ့ကြောင့် ဒီလို ပျက်ဆီးသွားတာလဲဆိုတာ မသိပါဘူး။ တချို့က ဖုန်း ပိုင်ရှင်ဟာ Mi 11 ကို Foldable ဖုန်း ပုံစံပြောင်းချင်လို့ ဒီလိုလုပ်လိုက်တာလို့ နောက်ပြောင်နေကြပါတယ်။

Buy Xiaomi Mi 11 5G Phone - Giztop

Mi 11 ဟာ Snapdragon 888 SoC ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်ပြီး 2K 120Hz မျက်နှာပြင်ကွေး၊ 4,600mAh ဘက်ထရီ ၊ 55W Wired ၊ 50W Wireless နဲ့ 10W Reverse Wireless Charging တွေ ထောက်ပံ့ထားပါတယ်။ ပင်မ ကင်မရာက 108MP Samsung HMX ဖြစ်ပြီး Harman Kardon စတီရီယို Dual စပီကာတွေ ထည့်သွင်းထားပါတယ်။

Mi 11 ရဲ့ အရှေ့နဲ့ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပြီး အလယ်မှာ အလူမီနီယမ် ဖရိမ် ထည့်သွင်းထားပါတယ်။ နောက်ဆုံးထုတ် Gorilla Glass Victus ပါလာပြီး လက်ရှိမှာ အမာကျောဆုံး ဖြစ်ပါတယ်။ ဒီလို မာကျောတဲ့ ဖန်နဲ့ ကာကွယ်ထားပေမယ့်လည်း ပေါက်ကြားလာတဲ့ ဓါတ်ပုံကလို အလွန်အမင်း ကွဲကြေပျက်ဆီးအောင် ဘယ်လိုတောင် လုပ်လိုက်သလဲတော့ မသိပါဘူး။

Ref : gizmochina