Android သုံးစွဲသူတွေဟာ တစ်ဆထက်တစ်ဆ iOS ကို ပြောင်းကိုင်လာကြတဲ့အတွက် အခြေအနေ မကောင်းပါဘူး။ Apple ဟာ Android  သုံးစွဲသူတွေကို ပိုမို စွဲဆောင်နိုင်နေပါတယ်။

Best Long Battery Life Phones In Singapore - iPhone 13 Pro Max

Apple ဟာ ဇွန်လ ကွာတားမှာ ဝင်ငွေ ဒေါ်လာ ၈၃ ဘီလီယမ်ရခဲ့ပြီး အရင်ကွာတားထက် ၂ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ CEO Tim Cook က ပြီးခဲ့တဲ့ လတွေအတွင်းမှာ Android သုံးစွဲသူများစွာဟာ iPhone ပြောင်းကိုင်လာကြတယ်လို့ ပြောပါတယ်။ သူက ဇွန်လကွာတားမှာ ဝင်ငွေရော၊ iPhone ကို ပြောင်းကိုင်သူ ပမာဏပါ စံချိန်တင် တိုးတက်လာတယ်လို့ ပြောပါတယ်။

iPhone 14 Pro Max

Tim Cook က ဒီနှစ်အစမှာ StockApp ရဲ့ ဒေတာ စစ်တမ်းတွေအရ Android ဟာ သုံးစွဲသူတွေ ပိုမို ဆုံးရှုံးသထက် ဆုံးရှုံးလာတယ်လို့ ဖော်ပြထားကြောင်း ပြောပါတယ်။ Google ရဲ့ Operating  System ဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်း သုံးစွဲသူ ကျဆင်းခဲ့ပြီး ၄ နှစ်အတွင်း ဈေးကွက်ဝေစု ၇၇.၃၂ ရာခိုင်နှုန်းကနေ ၆၉.၇၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။

ဒီနှစ်မှာ စမတ်ဖုန်း ရောင်းအားတွေ သိသိသာသာ ကျဆင်းနေပေမယ့် Samsung နဲ့ Apple တို့က ဈေးကွက်ကို အုပ်စိုးထားပါတယ်။ Apple ဟာ ဒီနှစ် ပထမ ၃ လ ကွာတားမှာ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဈေးကွက်ဝေစုက ၁၅ ရာခိုင်နှုန်းကနေ ၁၈ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ အဲဒီအတွက် Android သုံးစွဲသူများစွာဟာ Apple iPhone ကို ပြောင်းကိုင်လာကြတာ ဖြစ်ပုံရပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း iPhone သုံးစွဲသူတွေဟာ Android သုံးစွဲသူတွေထက် သစ္စာပိုရှိပြီး iPhone ကို စွန့်လွှတ်ဖို့ မလိုလားဘူးဆိုတာ လေ့လာတွေ့ရှိခဲ့ပါတယ်။ Apple ရဲ့ စီးပွားရေး အရာရှိ Luca Maestri က “ ရောင်းအား တိုးတက်အောင် ပြုလုပ်နိုင်တာရယ်၊ သုံးစွဲသူတွေရဲ့ ပြိုင်ဖက်ကင်း သစ္စာရှိမှုတွေရယ်ကြောင့် iOS သုံးစွဲသူ အရေအတွက်ဟာ ကမ္ဘာအဝန်းမှာ အမြင့်မားဆုံး ဖြစ်နေပါတယ်။ အမေရိကန်က သုတေသန စစ်တမ်း အသစ်အရ iPhone သုံးစွဲသူတွေရဲ့ စိတ်ကျေနပ်မှုက ၉၈ ရာခိုင်နှုန်း ရှိပါတယ်။ ဇွန်လ ကွာတားမှာ Android သုံးစွဲသူများစွာကို ရရှိလိုက်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : gsmarena