Apple ဟာ iPhone 12 Series စမတ်ဖုန်းအသစ်တွေကို ယခု ၂၀၂၀ နှစ်ကုန်ပိုင်းမှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဆိုပါ iPhone 12 Series စမတ်ဖုန်းတွေဟာ 5nm Architecture ကို အခြေခံထားတဲ့ A14 Bionic Chip ကိုပြောင်းလဲသုံးစွဲလာမှာလည်းဖြစ်ပါတယ်။

အခုအချိန်မှာတော့ အဆိုပါ 5nm Architecture ကို အခြေခံထားတဲ့ A14 Bionic Chip ကို TSMC ကနေ ယခုဇွန်လကုန်မှာစတင်ပြီးထုတ်လုပ်သွားတော့မယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာပြီဖြစ်ပါတယ်။ ယခုသတင်းကိုတော့ DigiTimes ကနေဖော်ပြသွားခဲ့တာဖြစ်ပြီးတော့ ဇွန်လကုန် ဒါမှမဟုတ် ဇူလိုင်လအစပိုင်းမှာ ထုတ်လုပ်မှုတွေကို စတင်သွားမှာဖြစ်ပါတယ်။

Apple ရဲ့ A14 Bionic Chip အသစ်ဟာ ပြီးခဲ့တဲ့ A13 Bionic Chip မှာပါဝင်တဲ့ 8.5 Billion Transistor ကနေ 15 Billion Transistor တွေအထိ တိုးမြှင့်ထားမှာဖြစ်ပြီး Qualcomm ရဲ့ လက်ရှိအကောင်းဆုံးဖြစ်တဲ့ Snapdragon X60 5G Modem ကိုလည်း iPhone 12 Series ဖုန်းတွေအကုန်လုံးမှာ အသုံးပြုလာဦးမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိ iPhone 11 Series ဖုန်းတွေထက်တောင် စွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာကိုပိုကောင်းလာဖို့ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် COVID-19 ဗိုင်းရပ်စ်သာမရှိခဲ့ဘူးဆိုရင် Apple ဟာ ပြီးခဲ့တဲ့ ဧပြီလထဲက A14 Bionic Chip တွေကို ထုတ်လုပ်သွားမှာဖြစ်ပြီး အခုလိုမျိုး Chip ထုတ်လုပ်မှုနောက်ကျသွားတဲ့အတွက် Apple iPhone 12 Series ဖုန်းတွေကိုလည်း လာမယ့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလဝန်းကျင်မှပဲ မိတ်ဆက်လာမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။

Ref – Giz China’