[Zawgyi]

၂၀၁၉ ခုႏွစ္ ႏုိဝင္ဘာလကုန္ကေန ဒီဇင္ဘာလ ဒုတိယပတ္အထိ က်င္းပမယ့္ အႀကိမ္သုံးဆယ္ေျမာက္ ကၽြန္းဆြယ္အားကစားၿပိဳင္ပြဲ သုိ႔မဟုတ္ အာဆီယံႏုိင္ငံေတြရဲ႕ ဆီးဂိမ္းအားကစားၿပိဳင္ပြဲႀကီးကို ဖိလစ္ပုိင္ႏုိင္ငံမွာ က်င္းပသြားမွာပါ။
အႀကိမ္ ၃၀ ေျမာက္ ဆီးဂိမ္းၿပိဳင္ပြဲမွာ နည္းပညာနဲ႔ပတ္သက္ရင္ ေရွ႕ေရာက္ေနတဲ့ ဖိလစ္ပုိင္ ဆီးဂိမ္းက်င္းပေရးေကာင္စီရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ ထူးထူးျခားျခားပါဝင္လာတာကေတာ့ ဗီဒီယုိဂိမ္း လို႔လူသိမ်ားတဲ့ Esports (အီလက္ထေရာနစ္အားကစားနည္း) ေတြကို ေရႊတံဆိပ္ေျခာက္ခုထိ သတ္မွတ္ခ်ီးျမွင့္သြားမယ္ဆုိတာပါပဲ။

ဒါဟာ Esports သမုိင္းတေလွ်ာက္ ႏုိင္ငံတကာအဆင့္ အုိလံပစ္ၿပိဳင္ပြဲေတြမွာ ပထမဆုံးအႀကိမ္ ေရႊတံဆိပ္ဆု ထည့္သြင္းသတ္မွတ္လာတာလည္း ျဖစ္ပါတယ္။ ဒီ့အတြက္ ႏုိင္ငံတကာအုိလံပစ္ေကာ္မတီရဲ႕ ဆုံးျဖတ္ခ်က္ျဖစ္တဲ့ “အၾကမ္းဖက္မႈနဲ႔ေလာင္းကစားျခင္းကို အားေပးမႈအား ေရွာင္ရွားရမယ္” ဆုိတာနဲ႔အညီ ဖိလစ္ပိုင္ဆီးဂိမ္းၿပိဳင္ပြဲက်င္းပေရးေကာ္မတီမွ ကစားနည္းေျခာက္မ်ဳိးကို ကြန္ျပဴတာဂိမ္းႏွစ္ခု၊ ကြန္ဆုိးဂိမ္းႏွစ္ခုနဲ႔ မုိဘုိင္းဂိမ္းႏွစ္ခုဆုိၿပီး သတ္မွတ္ခဲ့တယ္။

အခုေဖာ္ျပေပးခ်င္တာကေတာ့ ဒီဆီးဂိမ္းမွာ ပါဝင္မယ့္ ဂိမ္းေတြနဲ႔ အဆုိပါဂိမ္းေတြနဲ႔ အကၽြမ္းတဝင္ မရွိေသးသူေတြအတြက္ ဗဟုသုတအျဖစ္ ဂိမ္းေတြအေၾကာင္း အက်ဥ္းခ်ဳံးအခ်က္အလက္ေတြပါပဲ။

၁. Dota 2 (ကြန္ျပဴတာ)

Warcraft 3 ဂိမ္းထဲမွာ ျပင္ပ Developer ေတြစိတ္ႀကိဳက္ျပဳျပင္ထုတ္လုပ္ထားတဲ့ Custom Map တစ္ခု အျဖစ္မွ စတင္ၿပီး ကမာၻေပၚမွာ လူႀကိဳက္အမ်ားဆုံး Competitive ဂိမ္းေတြထဲက တစ္ခုျဖစ္တဲ့ Dota ဟာ Valve ကုမၸဏီရဲ႕ ေကာင္းမႈနဲ႔ Dota 2 ဆုိတဲ့ Standalone ဂိမ္းတစ္ခုဘဝကို ၂၀၁၁ မွာ ရုပ္လုံးစေပၚလာခဲ့ပါတယ္။

ဒီဂိမ္းရဲ႕အမ်ဳိးအစားက Multiplayer Online Battle Arena (MOBA) အမ်ဳိးအစားလို႔ အလြယ္ေခၚေနၿပီး RPG-RTS (Role Playing Game – Real Time Strategy) အမ်ဳိးအစားအျဖစ္ သတ္မွတ္ႏုိင္တယ္။ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လမွာ က်င္းပခဲ့တဲ့ ႏွစ္စဥ္ Dota 2 ႏုိင္ငံတကာခ်န္ပီယံရွစ္ပြဲမွာ Prize pool ပမာဏ ေဒၚလာ ၂၅ သန္းထိ ေရာက္ရွိခဲ့ၿပီး Esports ၿပိဳင္ပြဲေတြမွာ အမ်ားဆုံး ဆုေၾကးေငြစုစုေပါင္းပမာဏ ျဖစ္ပါတယ္။ တစ္သင္းကို ငါးေယာက္စီ ယွဥ္ၿပိဳင္ရမွာပါ။

၂. Starcraft II (ကြန္ျပဴတာ)

၁၉၉၈ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Starcraft ဂိမ္းဟာ ေခတ္လြန္သိပၸံအာကာသေခတ္ကို အေျခခံထားၿပီး ေကာင္းမြန္တဲ့ Strategy ဂိမ္းတစ္ခုျဖစ္တာေၾကာင့္ ၂၀၁၀ မွာ ေနာက္ဆက္တြဲ Starcraft II ထြက္ေပၚလာခဲ့ပါတယ္။

Starcraft ဂိမ္းစီးရီးဟာ မ်ားေသာအားျဖင့္ ကစားသူတစ္ေယာက္ခ်င္းစီ ယွဥ္ၿပိဳင္ရတာျဖစ္ၿပီး တရုတ္၊ ကုိရီးယား အစရွိတဲ့ အာရွႏုိင္ငံေတြမွာ Competitive ဗီဒီယုိဂိမ္း သုိ႔မဟုတ္ Esports အျဖစ္ ယွဥ္ၿပိဳင္ေနခဲ့တာ ၾကာလွပါၿပီ။

၃. Mobile Legends (မုိဘုိင္း)

အားလုံးသိတဲ့အတုိင္း Mobile Legends Bang Bang ဆုိတဲ့ဂိမ္းဟာ Moonton ကုမၸဏီမွ ထုတ္လုပ္ၿပီး မုိဘုိင္း MOBA ဂိမ္းေတြကို ႏုိင္ငံတကာေရစီးမွာ တစ္ေခတ္ဆန္းေစခဲ့တဲ့ ဂိမ္းပါ။ သူ႕ရဲ႕ေအာင္ျမင္မႈကို ေလ်ာ့တြက္လို႔ မရပါဘူး။

၂၀၁၆ ခုႏွစ္ကေန စတင္ခဲ့တဲ့ Mobile Legends ဂိမ္းဟာ တစ္ဖက္ကို ငါးေယာက္စီ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး အခု ဆီးဂိမ္းမွာပါဝင္ဖို႔ ပထမဆုံးေၾကျငာခံခဲ့ရတဲ့ ဂိမ္းလည္း ျဖစ္ပါတယ္။

၄. Arena of Valor (မိုဘုိင္း)

Arena of Valor ဂိမ္းဟာ Kings of Glory, Honor of Kings စတဲ့အမည္ေတြနဲ႔ တရုတ္ျပည္တြင္းမွာ အေအာင္ျမင္ဆုံး မုိဘုိင္း MOBA ဂိမ္းတစ္ခုပါ။ သူလည္း ၂၀၁၆ ခုႏွစ္မွာ စတင္ျဖန္႔ခ်ိလာခဲ့တာျဖစ္ၿပီး က်န္တဲ့ ေစ်းကြက္ေတြထက္ အာရွမွာ ပိုလူႀကိဳက္မ်ားပါတယ္။

ကစားနည္းကေတာ့ Mobile Legends နဲ႔ဆင္တူတာေၾကာင့္ မုိဘုိင္းဂိမ္းထဲက အျခားအမ်ဳိးအစားကို မထည့္ဘဲ အမ်ဳိးအစားတူ ႏွစ္မ်ဳိးကိုသာ ယွဥ္ၿပိဳင္ရသလို ျဖစ္ေနေပမယ့္ အုိလံပစ္ေကာ္မတီရဲ႕ ဆုံးျဖတ္ခ်က္အရ အျခားနာမည္ႀကီးဂိမ္းေတြျဖစ္တဲ့ PUBG Mobile လုိဂိမ္းမ်ဳိးကို ထည့္သြင္းခြင့္မရွိတာေၾကာင့္ ပါလာတာလည္း ျဖစ္ႏုိင္ပါတယ္။

၅. Tekken 7 (ကြန္ဆုိး)

Tekken ဂိမ္းစီးရီးဟာ ဆုိနီပေလးစေတရွင္ အစရွိတဲ့ ကြန္ဆုိးဂိမ္မာေတြအတြက္ေတာ့ အထင္ရွားဆုံး ဖိုက္တင္ဂိမ္းေတြထဲက တစ္ခုျဖစ္ၿပီး တစ္ေယာက္တစ္ေယာက္ခ်င္း တုိက္ခုိက္ရတဲ့ Versus Fighting အမ်ဳိးအစား ျဖစ္ပါတယ္။

သူ႕ရဲ႕ တုိက္ခုိက္မႈပုံစံထဲမွာ ေသြးထြက္သံယုိေတြမပါဘဲ လွပတဲ့တုိက္ကြက္ေတြနဲ႔ အေရာင္စုံ အထူးျပဳလုပ္ခ်က္ေတြသာ ပါဝင္လို႔ စည္းကမ္းေတြနဲ႔ ညွိစြန္းျခင္း မရွိပါဘူး။ ဒါေၾကာင့္လည္း အျခားအမ်ဳိးအစားတူ Fighting ဂိမ္းေတြထဲကေန ေရြးခ်ယ္ခံရတာ ျဖစ္ပါလိမ့္မယ္။

၆. NBA 2K (ကြန္ဆုိး)

ဒီတစ္ခုကေတာ့ ဆီးဂိမ္းမွာ ပါဝင္ဖို႔ သတင္းထြက္ေနေပမယ့္ တရားဝင္အတည္မျပဳရေသးတဲ့ ဂိမ္းပါ။ NBA 2K စီးရီးဟာ ေဘာလုံးအားကစားဂိမ္းေတြ (PES, FIFA စသျဖင့္) လိုပဲ ႏွစ္စဥ္ထြက္ရွိေနတဲ့ ဘက္စကက္ေဘာ အားကစား ဗီဒီယုိဂိမ္းျဖစ္ပါတယ္။

အေရွ႕ေတာင္အာရွမွာ လူႀကိဳက္မ်ားတဲ့ ေဘာလုံးဂိမ္းအစား ဘက္စကက္ေဘာကို ေရြးခ်ယ္လာျခင္းက ထူးေတာ့ထူးဆန္းပါတယ္။ ဒါေပမယ့္ ၿပိဳင္ပြဲက်င္းပေရးေကာင္စီက အတည္မျပဳရေသးပါဘူး။

[Unicode]

၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်ကနေ ဒီဇင်ဘာလ ဒုတိယပတ်အထိ ကျင်းပမယ့် အကြိမ်သုံးဆယ်မြောက် ကျွန်းဆွယ်အားကစားပြိုင်ပွဲ သို့မဟုတ် အာဆီယံနိုင်ငံတွေရဲ့ ဆီးဂိမ်းအားကစားပြိုင်ပွဲကြီးကို ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပသွားမှာပါ။
အကြိမ် ၃၀ မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ နည်းပညာနဲ့ပတ်သက်ရင် ရှေ့ရောက်နေတဲ့ ဖိလစ်ပိုင် ဆီးဂိမ်းကျင်းပရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ ထူးထူးခြားခြားပါဝင်လာတာကတော့ ဗီဒီယိုဂိမ်း လို့လူသိများတဲ့ Esports (အီလက်ထရောနစ်အားကစားနည်း) တွေကို ရွှေတံဆိပ်ခြောက်ခုထိ သတ်မှတ်ချီးမြှင့်သွားမယ်ဆိုတာပါပဲ။

ဒါဟာ Esports သမိုင်းတလျှောက် နိုင်ငံတကာအဆင့် အိုလံပစ်ပြိုင်ပွဲတွေမှာ ပထမဆုံးအကြိမ် ရွှေတံဆိပ်ဆု ထည့်သွင်းသတ်မှတ်လာတာလည်း ဖြစ်ပါတယ်။ ဒီ့အတွက် နိုင်ငံတကာအိုလံပစ်ကော်မတီရဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ “အကြမ်းဖက်မှုနဲ့လောင်းကစားခြင်းကို အားပေးမှုအား ရှောင်ရှားရမယ်” ဆိုတာနဲ့အညီ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲကျင်းပရေးကော်မတီမှ ကစားနည်းခြောက်မျိုးကို ကွန်ပြူတာဂိမ်းနှစ်ခု၊ ကွန်ဆိုးဂိမ်းနှစ်ခုနဲ့ မိုဘိုင်းဂိမ်းနှစ်ခုဆိုပြီး သတ်မှတ်ခဲ့တယ်။

အခုဖော်ပြပေးချင်တာကတော့ ဒီဆီးဂိမ်းမှာ ပါဝင်မယ့် ဂိမ်းတွေနဲ့ အဆိုပါဂိမ်းတွေနဲ့ အကျွမ်းတဝင် မရှိသေးသူတွေအတွက် ဗဟုသုတအဖြစ် ဂိမ်းတွေအကြောင်း အကျဉ်းချုံးအချက်အလက်တွေပါပဲ။

၁. Dota 2 (ကွန်ပြူတာ)

Warcraft 3 ဂိမ်းထဲမှာ ပြင်ပ Developer တွေစိတ်ကြိုက်ပြုပြင်ထုတ်လုပ်ထားတဲ့ Custom Map တစ်ခု အဖြစ်မှ စတင်ပြီး ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး Competitive ဂိမ်းတွေထဲက တစ်ခုဖြစ်တဲ့ Dota ဟာ Valve ကုမ္ပဏီရဲ့ ကောင်းမှုနဲ့ Dota 2 ဆိုတဲ့ Standalone ဂိမ်းတစ်ခုဘဝကို ၂၀၁၁ မှာ ရုပ်လုံးစပေါ်လာခဲ့ပါတယ်။

ဒီဂိမ်းရဲ့အမျိုးအစားက Multiplayer Online Battle Arena (MOBA) အမျိုးအစားလို့ အလွယ်ခေါ်နေပြီး RPG-RTS (Role Playing Game – Real Time Strategy) အမျိုးအစားအဖြစ် သတ်မှတ်နိုင်တယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် သြဂုတ်လမှာ ကျင်းပခဲ့တဲ့ နှစ်စဉ် Dota 2 နိုင်ငံတကာချန်ပီယံရှစ်ပွဲမှာ Prize pool ပမာဏ ဒေါ်လာ ၂၅ သန်းထိ ရောက်ရှိခဲ့ပြီး Esports ပြိုင်ပွဲတွေမှာ အများဆုံး ဆုကြေးငွေစုစုပေါင်းပမာဏ ဖြစ်ပါတယ်။ တစ်သင်းကို ငါးယောက်စီ ယှဉ်ပြိုင်ရမှာပါ။

၂. Starcraft II (ကွန်ပြူတာ)

၁၉၉၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Starcraft ဂိမ်းဟာ ခေတ်လွန်သိပ္ပံအာကာသခေတ်ကို အခြေခံထားပြီး ကောင်းမွန်တဲ့ Strategy ဂိမ်းတစ်ခုဖြစ်တာကြောင့် ၂၀၁၀ မှာ နောက်ဆက်တွဲ Starcraft II ထွက်ပေါ်လာခဲ့ပါတယ်။

Starcraft ဂိမ်းစီးရီးဟာ များသောအားဖြင့် ကစားသူတစ်ယောက်ချင်းစီ ယှဉ်ပြိုင်ရတာဖြစ်ပြီး တရုတ်၊ ကိုရီးယား အစရှိတဲ့ အာရှနိုင်ငံတွေမှာ Competitive ဗီဒီယိုဂိမ်း သို့မဟုတ် Esports အဖြစ် ယှဉ်ပြိုင်နေခဲ့တာ ကြာလှပါပြီ။

၃. Mobile Legends (မိုဘိုင်း)

အားလုံးသိတဲ့အတိုင်း Mobile Legends Bang Bang ဆိုတဲ့ဂိမ်းဟာ Moonton ကုမ္ပဏီမှ ထုတ်လုပ်ပြီး မိုဘိုင်း MOBA ဂိမ်းတွေကို နိုင်ငံတကာရေစီးမှာ တစ်ခေတ်ဆန်းစေခဲ့တဲ့ ဂိမ်းပါ။ သူ့ရဲ့အောင်မြင်မှုကို လျော့တွက်လို့ မရပါဘူး။

၂၀၁၆ ခုနှစ်ကနေ စတင်ခဲ့တဲ့ Mobile Legends ဂိမ်းဟာ တစ်ဖက်ကို ငါးယောက်စီ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အခု ဆီးဂိမ်းမှာပါဝင်ဖို့ ပထမဆုံးကြေငြာခံခဲ့ရတဲ့ ဂိမ်းလည်း ဖြစ်ပါတယ်။

၄. Arena of Valor (မိုဘိုင်း)

Arena of Valor ဂိမ်းဟာ Kings of Glory, Honor of Kings စတဲ့အမည်တွေနဲ့ တရုတ်ပြည်တွင်းမှာ အအောင်မြင်ဆုံး မိုဘိုင်း MOBA ဂိမ်းတစ်ခုပါ။ သူလည်း ၂၀၁၆ ခုနှစ်မှာ စတင်ဖြန့်ချိလာခဲ့တာဖြစ်ပြီး ကျန်တဲ့ ဈေးကွက်တွေထက် အာရှမှာ ပိုလူကြိုက်များပါတယ်။

ကစားနည်းကတော့ Mobile Legends နဲ့ဆင်တူတာကြောင့် မိုဘိုင်းဂိမ်းထဲက အခြားအမျိုးအစားကို မထည့်ဘဲ အမျိုးအစားတူ နှစ်မျိုးကိုသာ ယှဉ်ပြိုင်ရသလို ဖြစ်နေပေမယ့် အိုလံပစ်ကော်မတီရဲ့ ဆုံးဖြတ်ချက်အရ အခြားနာမည်ကြီးဂိမ်းတွေဖြစ်တဲ့ PUBG Mobile လိုဂိမ်းမျိုးကို ထည့်သွင်းခွင့်မရှိတာကြောင့် ပါလာတာလည်း ဖြစ်နိုင်ပါတယ်။

၅. Tekken 7 (ကွန်ဆိုး)

Tekken ဂိမ်းစီးရီးဟာ ဆိုနီပလေးစတေရှင် အစရှိတဲ့ ကွန်ဆိုးဂိမ်မာတွေအတွက်တော့ အထင်ရှားဆုံး ဖိုက်တင်ဂိမ်းတွေထဲက တစ်ခုဖြစ်ပြီး တစ်ယောက်တစ်ယောက်ချင်း တိုက်ခိုက်ရတဲ့ Versus Fighting အမျိုးအစား ဖြစ်ပါတယ်။

သူ့ရဲ့ တိုက်ခိုက်မှုပုံစံထဲမှာ သွေးထွက်သံယိုတွေမပါဘဲ လှပတဲ့တိုက်ကွက်တွေနဲ့ အရောင်စုံ အထူးပြုလုပ်ချက်တွေသာ ပါဝင်လို့ စည်းကမ်းတွေနဲ့ ညှိစွန်းခြင်း မရှိပါဘူး။ ဒါကြောင့်လည်း အခြားအမျိုးအစားတူ Fighting ဂိမ်းတွေထဲကနေ ရွေးချယ်ခံရတာ ဖြစ်ပါလိမ့်မယ်။

၆. NBA 2K (ကွန်ဆိုး)

ဒီတစ်ခုကတော့ ဆီးဂိမ်းမှာ ပါဝင်ဖို့ သတင်းထွက်နေပေမယ့် တရားဝင်အတည်မပြုရသေးတဲ့ ဂိမ်းပါ။ NBA 2K စီးရီးဟာ ဘောလုံးအားကစားဂိမ်းတွေ (PES, FIFA စသဖြင့်) လိုပဲ နှစ်စဉ်ထွက်ရှိနေတဲ့ ဘက်စကက်ဘော အားကစား ဗီဒီယိုဂိမ်းဖြစ်ပါတယ်။

အရှေ့တောင်အာရှမှာ လူကြိုက်များတဲ့ ဘောလုံးဂိမ်းအစား ဘက်စကက်ဘောကို ရွေးချယ်လာခြင်းက ထူးတော့ထူးဆန်းပါတယ်။ ဒါပေမယ့် ပြိုင်ပွဲကျင်းပရေးကောင်စီက အတည်မပြုရသေးပါဘူး။