တစ္ႏွစ္တစ္ခါ ထြက္ေပၚလာေနၾက Apple ရဲ႕ အုိင္ဖုန္းအသစ္နဲ႔ စမတ္ထုတ္ကုန္ေတြကို မႏွစ္ကလိုပဲ စက္တင္ဘာလ ၁၂ ရက္ေန႔မွာ မိတ္ဆက္ခဲ့ပါျပီ။ ၂၀၁၈ ခုႏွစ္မွာေတာ့ Apple ဟာ နည္းပညာေရွ႕အေရာက္ဆုံး စမတ္ဖုန္းသုံးမ်ဳိးနဲ႔အတူ Apple Watch Series 4 ကိုပါ ထူးျခားတဲ့ ေျပာင္းလဲဆန္းသစ္မႈေတြနဲ႔ မိတ္ဆက္လာခဲ့ပါတယ္။

အခုႏွစ္ထြက္လာမယ့္ အုိင္ဖုန္းေတြရဲ႕နာမည္ကိုေတာ့ မေန႔ညက Apple ရဲ႕ဝက္ဆုိက္က ေစာေစာစီးစီး Update လုပ္ခဲ့တဲ့အတုိင္း iPhone XS, iPhone XS Max နဲ႔ iPhone XR ဆုိျပီး ေခၚဆုိသြားမွာပါ။ iPhone XR က က်န္တဲ့ အုိင္ဖုန္းအသစ္ႏွစ္လုံးထက္ အနည္းငယ္ ေစ်းပိုခ်ဳိသာပါတယ္။

iPhone XS ႏွင့္ XS Max

မ်ဳိးဆက္သစ္ေတြျဖစ္တဲ့ iPhone XS နဲ႔ iPhone XS Max တုိ႔ဟာ အရြယ္အစားကြဲျပီး တည္ေဆာက္ပုံ တူညီတဲ့ အဓိကထုတ္ကုန္ေတြပါ။ iPhone XS မွာမ်က္ႏွာျပင္အရြယ္အစားက 5.8” လက္မ ျဖစ္ျပီး XS Max ကေတာ့ 6.5” ျဖစ္ကာ ႏွစ္ခုစလုံးမွာ Super Retina Display စနစ္ပါဝင္တဲ့ OLED HDR မ်က္ႏွာျပင္ေတြ ပါပါတယ္။

iPhone XS နဲ႔ XS Max တုိ႔ဟာ ေစ်းကြက္ထဲကိုေရာက္လာမယ့္ ပထမဆုံး 7nm Chipset အသုံးျပဳ စမတ္ဖုန္းေတြ ျဖစ္လာဖို႔ရွိျပီး Apple A12 Bionic Chipset ေတြကို အသုံးျပဳထားတယ္။ Storage ပမာဏမွာ အေျခခံေမာ္ဒယ္က 64GB မွာပဲ ဆက္ရပ္တည္ေနေပမယ့္ သူ႕ထက္ပုိျမင့္တဲ့ ေရြးခ်ယ္မႈေတြကေတာ့ 256GB နဲ႔ 512GB ေမာ္ဒယ္ေတြ ျဖစ္ပါတယ္။ ေရြးခ်ယ္ဝယ္ယူႏုိင္မယ့္ အေရာင္ေတြက Space Gray, Silver နဲ႔ Gold တုိ႔ပါ။

ကင္မရာက Dual 12MP ျဖစ္ေပမယ့္ အရည္အေသြးကို အၾကီးစားျမွင့္တင္ထားျပီး Pixel အား ပိုျမင့္မားတဲ့ ဆင္ဆာအသစ္နဲ႔ ျဖစ္ကာ ရုိက္ယူလုိက္တဲ့ ဓါတ္ပုံရဲ႕ Depth ကုိ ခ်ိန္ညွိႏုိင္စြမ္း ပါဝင္လာတယ္။ ေရွ႕ဘက္ ဆယ္လ္ဖီကင္မရာက 7MP RGB ကင္မရာျဖစ္ျပီး ပိုျမန္ဆန္တဲ့ Sensor စနစ္ ထည့္သြင္းထားတယ္။

XS ဖုန္းေတြဟာ အရင္ကထက္ ျခစ္ရာဒဏ္ခံႏုိင္ရည္၊ ေရစိုဒဏ္နဲ႔ ဖုန္ဒဏ္ခံႏုိင္ရည္ေတြ တုိးျမွင့္ထားျပီး ဘီယာနဲ႔ လက္ဖက္ရည္ အရည္ေတြ ဖိတ္က်တာကိုလည္း ခံႏုိင္ရည္ရွိပါတယ္။ Apple က သူတုိ႔ရဲ႕ ဖုန္းအသစ္ေတြမွာ Dual-SIM ထည့္သြင္းႏုိင္မႈကိုလည္း ထည့္သြင္းျပသသြားျပီး အေနာက္ႏုိင္ငံေတြအတြက္ Nano-SIM Slot နဲ႔ e-SIM (Embedded SIM) အသုံးခ်ႏုိင္မႈတုိ႔ ပါဝင္မွာျဖစ္ေပမယ့္ တရုတ္ေစ်းကြက္မွာေတာ့ Physical SIM Slot ႏွစ္ခုပါတဲ့ ဗားရွင္းကို ျဖန္႔ခ်ိသြားမွာ ျဖစ္ပါတယ္။

XS ရဲ႕ တန္ဖိုးေတြက 64GB ကို 999 ေဒၚလာ၊ 256GB အတြက္ 1149 ေဒၚလာနဲ႔ 512GB အတြက္ 1349 ေဒၚလာေတာ့ က်သင့္မွာျဖစ္ပါတယ္။ Apple သမုိင္းမွာ အၾကီးဆုံး Screen ကုိ ပိုင္ဆုိင္ထားတဲ့ XS Max ကေတာ့ 64GB / 256GB / 512GB တို႔အတြက္ ေဒၚလာ 1099 / 1249 / 1449 အသီးသီးက်သင့္မွာ ျဖစ္ပါတယ္။ iPhone XS နဲ႔ XS Max ႏွစ္မ်ဳိးလုံးအတြက္ Pre-order ေတြကို စက္တင္ဘာ ၁၄ မွာလက္ခံသြားမွာျဖစ္ျပီး ေစ်းကြက္ထဲသုိ႔ စက္တင္ဘာ ၂၁ ရက္မွာ ေရာက္လာမွာပါ။

iPhone XR

XS ဖုန္းႏွစ္လုံးထက္ အနည္းငယ္ေစ်းပိုခ်ဳိသာတဲ့ iPhone XR မွာ 6.1” အရြယ္ LCD Screen အသုံးျပဳထားပါတယ္။ သူ႕ရဲ႕ သြယ္လ်တဲ့ မ်က္ႏွာျပင္မွာ iPhone XS Max နဲ႔တူညီတဲ့ 19.5:9 အခ်ဳိးကို သုံးစြဲထားတာေၾကာင့္ သူ႕ရဲ႕ Notch ပါေနတာေတာင္ iPhone 8 Plus ထက္ အနည္းငယ္ပိုက်ယ္ျပန္႔တဲ့ Screen ကုိ ရရွိမွာပါ။

iPhone XR ရဲ႕ Display စနစ္ကို Apple ကနာမည္အသစ္ေပးထားျပီး Liquid Retina လို႔ ေခၚပါတယ္။ XR မွာလည္း A12 Bionic Chipset ကုိပဲ သုံးစြဲထားတာေၾကာင့္ စြမ္းေဆာင္ရည္ကြာဟမႈေတာ့ သိပ္ရွိမွာ မဟုတ္ပါဘူး။ RAM မန္မုိရီကေတာ့ XS ေတြထက္ နည္းတဲ့ 3GB ပမာဏျဖစ္ပါတယ္။ Storage ပုိင္းမွာလည္း အေျခခံေမာ္ဒယ္ 64GB ကေတာ့ XS ဖုန္းေတြနဲ႔ တူညီေပမယ့္ ပိုျမင့္တဲ့ေရြးခ်ယ္မႈက 128GB နဲ႔ 256GB တုိ႔ပါ။ XS ဖုန္းေတြမွာေတာ့ 128GB Storage ေမာ္ဒယ္ မပါပါဘူး။

အဓိက ကင္မရာကလည္း Single 12MP ပဲျဖစ္ေပမယ့္ A12 Bionic Chipset ေၾကာင့္ XS ဖုန္းေတြမွာလို Smart HDR အစရွိတဲ့ Feature အျမင့္ေတြ ပါဝင္ပါတယ္။ ေရွ႕ဘက္ဆယ္လ္ဖီကင္မရာကလည္း 7MP ရုိးရုိးပါပဲ။

Apple ဟာ ဒီႏွစ္မွာေတာ့ Touch ID Fingerprint စနစ္ကို ျဖဳတ္ခ်ခဲ့ျပီး ဖုန္းအသစ္သုံးမ်ဳိးလုံးမွာ သုံးစြဲသူရဲ႕ ခႏၶာကိုယ္သိမွတ္စနစ္ အေနနဲ႔ Face ID သာပါဝင္လာမွာပါ။ ဒါေပမယ့္ အုိင္ဖုန္းအသစ္ေတြမွာ Face ID အတြက္ True Depth ကင္မရာအသစ္ေတြ ထည့္သြင္းထားပါတယ္။

iPhone XR ကေတာ့ အေရာင္ပုိစံုလင္ျပီး Blue, Yellow, Coral, Black နဲ႔ Product Red အေရာင္ေတြကို ေရြးခ်ယ္ႏုိင္မွာပါ။ XR ရဲ႕ေစ်းႏႈန္းေတြက 64 / 128 / 256 GB ေမာ္ဒယ္ေတြအတြက္ အေမရိကန္ေဒၚလာ 749 / 799 / 899 အသီးသီးက်သင့္သြားမွာပါ။ iPhone XR အတြက္ Pre-order ေတြကိုေတာ့ ေအာက္တုိဘာ ၁၉ မွာ စတင္လက္ခံသြားမွာ ျဖစ္ပါတယ္။

အသစ္ထြက္လာတဲ့ အုိင္ဖုန္းေတြရဲ႕ ပုံရိပ္ေတြနဲ႔ ေစ်းႏႈန္းေတြကိုလည္း သိရျပီဆုိေတာ့ စာဖတ္ပရိသတ္ရဲ႕ အျမင္ေလးကိုလည္း ေျပာျပသြားပါဦး။

Unicode

တစ်နှစ်တစ်ခါ ထွက်ပေါ်လာနေကြ Apple ရဲ့ အိုင်ဖုန်းအသစ်နဲ့ စမတ်ထုတ်ကုန်တွေကို မနှစ်ကလိုပဲ စက်တင်ဘာလ ၁၂ ရက်နေ့မှာ မိတ်ဆက်ခဲ့ပါပြီ။ ၂၀၁၈ ခုနှစ်မှာတော့ Apple ဟာ နည်းပညာရှေ့အရောက်ဆုံး စမတ်ဖုန်းသုံးမျိုးနဲ့အတူ Apple Watch Series 4 ကိုပါ ထူးခြားတဲ့ ပြောင်းလဲဆန်းသစ်မှုတွေနဲ့ မိတ်ဆက်လာခဲ့ပါတယ်။

အခုနှစ်ထွက်လာမယ့် အိုင်ဖုန်းတွေရဲ့နာမည်ကိုတော့ မနေ့ညက Apple ရဲ့ဝက်ဆိုက်က စောစောစီးစီး Update လုပ်ခဲ့တဲ့အတိုင်း iPhone XS, iPhone XS Max နဲ့ iPhone XR ဆိုပြီး ခေါ်ဆိုသွားမှာပါ။ iPhone XR က ကျန်တဲ့ အိုင်ဖုန်းအသစ်နှစ်လုံးထက် အနည်းငယ် ဈေးပိုချိုသာပါတယ်။

iPhone XS နှင့် XS Max

မျိုးဆက်သစ်တွေဖြစ်တဲ့ iPhone XS နဲ့ iPhone XS MAX တို့ဟာ အရွယ်အစားကွဲပြီး တည်ဆောက်ပုံ တူညီတဲ့ အဓိကထုတ်ကုန်တွေပါ။ iPhone XS မှာမျက်နှာပြင်အရွယ်အစားက 5.8” လက်မ ဖြစ်ပြီး XS MAX ကတော့ 6.5” ဖြစ်ကာ နှစ်ခုစလုံးမှာ Super Retina Display စနစ်ပါဝင်တဲ့ OLED HDR မျက်နှာပြင်တွေ ပါပါတယ်။

iPhone XS နဲ့ XS MAX တို့ဟာ ဈေးကွက်ထဲကိုရောက်လာမယ့် ပထမဆုံး 7nm Chipset အသုံးပြု စမတ်ဖုန်းတွေ ဖြစ်လာဖို့ရှိပြီး Apple A12 Bionic Chipset တွေကို အသုံးပြုထားတယ်။ Storage ပမာဏမှာ အခြေခံမော်ဒယ်က 64GB မှာပဲ ဆက်ရပ်တည်နေပေမယ့် သူ့ထက်ပိုမြင့်တဲ့ ရွေးချယ်မှုတွေကတော့ 256GB နဲ့ 512GB မော်ဒယ်တွေ ဖြစ်ပါတယ်။ ရွေးချယ်ဝယ်ယူနိုင်မယ့် အရောင်တွေက Space Gray, Silver နဲ့ Gold တို့ပါ။

ကင်မရာက Dual 12MP ဖြစ်ပေမယ့် အရည်အသွေးကို အကြီးစားမြှင့်တင်ထားပြီး Pixel အား ပိုမြင့်မားတဲ့ ဆင်ဆာအသစ်နဲ့ ဖြစ်ကာ ရိုက်ယူလိုက်တဲ့ ဓါတ်ပုံရဲ့ Depth ကို ချိန်ညှိနိုင်စွမ်း ပါဝင်လာတယ်။ ရှေ့ဘက် ဆယ်လ်ဖီကင်မရာက 7MP RGB ကင်မရာဖြစ်ပြီး ပိုမြန်ဆန်တဲ့ Sensor စနစ် ထည့်သွင်းထားတယ်။

XS ဖုန်းတွေဟာ အရင်ကထက် ခြစ်ရာဒဏ်ခံနိုင်ရည်၊ ရေစိုဒဏ်နဲ့ ဖုန်ဒဏ်ခံနိုင်ရည်တွေ တိုးမြှင့်ထားပြီး ဘီယာနဲ့ လက်ဖက်ရည် အရည်တွေ ဖိတ်ကျတာကိုလည်း ခံနိုင်ရည်ရှိပါတယ်။ Apple က သူတို့ရဲ့ ဖုန်းအသစ်တွေမှာ Dual-SIM ထည့်သွင်းနိုင်မှုကိုလည်း ထည့်သွင်းပြသသွားပြီး အနောက်နိုင်ငံတွေအတွက် Nano-SIM Slot နဲ့ e-SIM (Embedded SIM) အသုံးချနိုင်မှုတို့ ပါဝင်မှာဖြစ်ပေမယ့် တရုတ်ဈေးကွက်မှာတော့ Physical SIM Slot နှစ်ခုပါတဲ့ ဗားရှင်းကို ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။

XS ရဲ့ တန်ဖိုးတွေက 64GB ကို 999 ဒေါ်လာ၊ 256GB အတွက် 1149 ဒေါ်လာနဲ့ 512GB အတွက် 1349 ဒေါ်လာတော့ ကျသင့်မှာဖြစ်ပါတယ်။ Apple သမိုင်းမှာ အကြီးဆုံး Screen ကို ပိုင်ဆိုင်ထားတဲ့ XS Max ကတော့ 64GB / 256GB / 512GB တို့အတွက် ဒေါ်လာ 1099 / 1249 / 1449 အသီးသီးကျသင့်မှာ ဖြစ်ပါတယ်။ iPhone XS နဲ့ XS Max နှစ်မျိုးလုံးအတွက် Pre-order တွေကို စက်တင်ဘာ ၁၄ မှာလက်ခံသွားမှာဖြစ်ပြီး ဈေးကွက်ထဲသို့ စက်တင်ဘာ ၂၁ ရက်မှာ ရောက်လာမှာပါ။

iPhone XR

XS ဖုန်းနှစ်လုံးထက် အနည်းငယ်ဈေးပိုချိုသာတဲ့ iPhone XR မှာ 6.1” အရွယ် LCD Screen အသုံးပြုထားပါတယ်။ သူ့ရဲ့ သွယ်လျတဲ့ မျက်နှာပြင်မှာ iPhone XS Max နဲ့တူညီတဲ့ 19.5:9 အချိုးကို သုံးစွဲထားတာကြောင့် သူ့ရဲ့ Notch ပါနေတာတောင် iPhone 8 Plus ထက် အနည်းငယ်ပိုကျယ်ပြန့်တဲ့ Screen ကို ရရှိမှာပါ။

iPhone XR ရဲ့ Display စနစ်ကို Apple ကနာမည်အသစ်ပေးထားပြီး Liquid Retina လို့ ခေါ်ပါတယ်။ XR မှာလည်း A12 Bionic Chipset ကိုပဲ သုံးစွဲထားတာကြောင့် စွမ်းဆောင်ရည်ကွာဟမှုတော့ သိပ်ရှိမှာ မဟုတ်ပါဘူး။ RAM မန်မိုရီကတော့ XS တွေထက် နည်းတဲ့ 3GB ပမာဏဖြစ်ပါတယ်။ Storage ပိုင်းမှာလည်း အခြေခံမော်ဒယ် 64GB ကတော့ XS ဖုန်းတွေနဲ့ တူညီပေမယ့် ပိုမြင့်တဲ့ရွေးချယ်မှုက 128GB နဲ့ 256GB တို့ပါ။ XS ဖုန်းတွေမှာတော့ 128GB Storage မော်ဒယ် မပါပါဘူး။

အဓိက ကင်မရာကလည်း Single 12MP ပဲဖြစ်ပေမယ့် A12 Bionic Chipset ကြောင့် XS ဖုန်းတွေမှာလို Smart HDR အစရှိတဲ့ Feature အမြင့်တွေ ပါဝင်ပါတယ်။ ရှေ့ဘက်ဆယ်လ်ဖီကင်မရာကလည်း 7MP ရိုးရိုးပါပဲ။

Apple ဟာ ဒီနှစ်မှာတော့ Touch ID Fingerprint စနစ်ကို ဖြုတ်ချခဲ့ပြီး ဖုန်းအသစ်သုံးမျိုးလုံးမှာ သုံးစွဲသူရဲ့ ခန္ဓာကိုယ်သိမှတ်စနစ် အနေနဲ့ Face ID သာပါဝင်လာမှာပါ။ ဒါပေမယ့် အိုင်ဖုန်းအသစ်တွေမှာ Face ID အတွက် True Depth ကင်မရာအသစ်တွေ ထည့်သွင်းထားပါတယ်။

iPhone XR ကတော့ အရောင်ပိုစုံလင်ပြီး Blue, Yellow, Coral, Black နဲ့ Product Red အရောင်တွေကို ရွေးချယ်နိုင်မှာပါ။ XR ရဲ့ဈေးနှုန်းတွေက 64 / 128 / 256 GB မော်ဒယ်တွေအတွက် အမေရိကန်ဒေါ်လာ 749 / 799 / 899 အသီးသီးကျသင့်သွားမှာပါ။ iPhone XR အတွက် Pre-order တွေကိုတော့ အောက်တိုဘာ ၁၉ မှာ စတင်လက်ခံသွားမှာ ဖြစ်ပါတယ်။

အသစ်ထွက်လာတဲ့ အိုင်ဖုန်းတွေရဲ့ ပုံရိပ်တွေနဲ့ ဈေးနှုန်းတွေကိုလည်း သိရပြီဆိုတော့ စာဖတ်ပရိသတ်ရဲ့ အမြင်လေးကိုလည်း ပြောပြသွားပါဦး။